💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
မထားသည် ပြောစကားနားထောင်သော သမီးအား ဆု
ချတဲ့အနေဖြင့် မခွာရသေးသည့် ဘဲဥကို နွယ့်နဖူးအငှား
သုံးကာ နှစ်ချက်သုံးချက်ဆင့်ရိုက်လိုက်လေသည်။ဘဲဥလဲ
ကွဲ နွယ့် နဖူးလဲ အတော်နာသွား၍ ကျူံ းအော်လိုက်ခြင်း
ပင်။
" မှတ်ထား မိနွယ်ရဲ့……ယောကျာ်းဆိုတဲ့အမျိူ းက အလ
ကားရနေလို့ကတော့ အကုန်ယူတာပဲ……ညည်း အချိန်
ကျပ်ကျပ်ဆွဲ ကြာရင် ဟိုကအီပြီး ထားသွားလိမ့်မယ် "
" အာ……အမေကလဲ ကိုကိုက အာ့လိုအစားထဲကမှ
မဟုတ်ပါဘူး "
" ဘယ်လိုအစားလဲပြောစမ်းပါအုံး……သူ့ဟာသူ ဆရာဝန်
မကလို့ အထူးကုပဲဖြစ်ဖြစ် ဘယ်လောက်ပဲချမ်းသာချမ်း
သာ ယောကျာ်းပဲ……ယောကျာ်းဆိုတာ နှစ်မျိူ းနှစ်စားပဲ
ရှိတယ်……ကိုယ့်တာဝန် ကိုယ်ယူရဲတဲ့ယောကျာ်းနဲ့
ကိုယ့်တာဝန် ကိုယ်မယူပဲ ရှောင်ပြေးတတ်တဲ့ယောကျာ်း
အဲ့နှစ်မျိူ းထဲမှာမှ ……တာဝန်ယူတတ်တဲ့အစားထဲဖြစ်ပါ
စေပဲ ဆုတောင်းပါတယ်……အချိန်မဆွဲနဲ့တော့ မိနွယ်
ငါပြောတာ ညည်းအတွက်……ငါ့အတွက်မပါဘူး "
" သမီးဘက်ကတော့ ယူဖို့ကိစ္စကို သူ မဟမချင်း ပြောမှာ
မဟုတ်ဘူး "
" တယ်………ငါလုပ်လိုက်ရ "
ငါလုပ်လိုက်ရဆိုတော့ နွယ် အနောက်ကို သိသိသာသာ
ဆုပ်လိုက်တယ်လေ။ဘယ်ရမလဲ……အခေါက်ခံရပေါင်း
များပြီ မဟုတ်လား။
🎶🎶🎶စွဲစွဲမြဲမြဲခေါ်မယ်နော် ကိုကြီး ကိုကြီး🎶🎶🎶
ဘယ်ကဖုန်းသံလဲလို့ နွယ် စပ်စုနေခိုက် အမေက သူ့ခါး
ကြားထဲထိုးထားသည့်ဖုန်းကို ကောက်ကိုင်ပြီး အနောက်
ဘက်ဝင်သွားသောအခါ နွယ် ပါးစပ်အဟောင်းသားဖြစ်
လျက် ကျန်ခဲ့လေတော့သည်။
ဘာတဲ့……သီချင်းနာမည်ကလဲ ကိုကြီး ကိုကြီးတဲ့!!
----------------------------------------------------------------------
" မဟုတ်ဘူး အသဲရဲ့……မနက်ငါးနာရီထဲက ဖုန်းဆက်
ခေါ်လို့ ဆေးရုံပြေးရတာ……ဖုန်းအိမ်မှာကျန်ခဲ့တာ……
ကိုကိုတောင်းပန်တယ်နော်...နော်လို့ "
ကိုကို့မျက်နှာတွေ့ချင် လွန်းလို့ နွယ် လေးနာရီထဲက ဆေး
ခန်း လာဖွင့်နေခြင်းဖြစ်သည်။ကိုကိုကလဲ နွယ်စိတ်
ကောက်နေမှန်း သိ၍ စောစောလာပုံရသည်။
" ဖုန်းကျန်ခဲ့ရင်လဲ ဆေးရုံကဖုန်းနဲ့ ဆက်လို့မရဘူးလား
ဒီမှာ ဘယ်လောက်စိတ်ပူနေရလဲ သိလား "
" မဆက်ပဲနေမလားဗျ……ဆက်တာပေါ့……ဟီးး……ဖုန်း
မှားဝင်သွားတယ်……"
" ဘာာာာာာာာာ!! "
အောက်မလေးဗျ!! တော်တော်စူးတဲ့ အသံ……ဒေါသထွက်
လို့ ကျူံ းအော်လိုက်ရင် ကြားရသူမှာ ပူထူသွားတာပဲ။
" ကိုယ့်ချစ်သူရဲ့ ဖုန်းနံပါတ်တောင်အလွတ်မရဘူးလား
ဘာလားပဲ "
" အသဲကလဲကွာ……ကိုကို့ကိုလည်းသနားပါအုံး……မှတ်
ထားရတဲ့ဖုန်းတွေကများတော့ ရောသွားတာပါ…… အိမ်
ရောက်တော့ အသဲဖုန်းနံပါတ်ပြန်ကြည့်တယ် 2နဲ့ 1
နောက်ဆုံးတစ်လုံးထဲ မှားသွားတာ…… "
ရာပြည့်သည် နွယ့်ကိုရှင်းပြရင်းနဲ့ မနက်က ဖုန်းမှားပြီး
ဆက်ပုံကိုသတ်ိရမိသည်။
" အသဲလား "
" အန်……အသဲမဟုတ်ဘူး အမြစ်ရှင့် ခ်ခ် "
ပထမက အသဲ သူငယ်ချင်း ဟို Tom Boy လေးထင်နေ
တာ။နောက်မှ ဖုန်းမှားသွားမှန်းသိတယ်။တစ်ဖက် မိန်းခ
လေးကလည်း ဖုန်းမှားတာကို မှားတယ်မပြောပဲ ပြန်အီနေ
လို့ သူ ဖုန်းမြန်မြန်ချခဲ့ရသေးသည်။
" ထားပါတော့……နောက်တစ်ခါ မရောစေနဲ့……သေချာ
ကျက်ထား "
" ဟုတ်ကဲ့ပါခင်ဗျ "
" ဟွန်းးး "
နွယ်က သူ့ကို ဘုကြည့်ကြည့်ပြီး မျက်စောင်းထိုးလိုက်ပါ
သည်။အဲ့လို ခပ်ချေချေ အမူအယာလေးတွေကိုပဲ ရာပြည့်
အသဲခိုက်အောင် ကြွေနေရတာလေ။
" ကိုကိုဘာမှမစားရသေးဘူးသိလား……အသဲကိုလွမ်း
လွန်းလို့ ရေပြန်ချိူ းပြီး ထွက်လာတာ……ယောက္ခမကြီး
မုန့်ဟင်းခါးဝင်စားမလို့ပဲ……အသဲ ဆေးခန်းသွားဖွင့်ပြီ
ဆိုလို့ မစားပဲ တန်းလာတာ "
" အယ်……ဒါဆို သွားယူပေးမယ်လေ……လူနာတွေမလာ
ခင် မြန်မြန်စားလိုက် "
" အင်း……ရော့ ကားသော့ "
အတည်ပေါက်နှင့် ကားသော့လှမ်းပေးနေသည်မို့ နွယ်အ
ငိုက်မိပြီး ယူရန် လက်ပြင်ပြီးကာမှ……
" ကိုကို့……သူများမှ ကားမမောင်းတတ်တာကို……သော့
ယူပြီး တွန်းသွားရမှာ……လား "
" ဟားးးး ချစ်လို့စတာပါ အသဲကလဲ "
" ဘာမှန်းလဲ မသိဘူး "
ကောက်တေးမလေးသည် သူ့ကို စိတ်ကောက် နှုတ်ခမ်း
စူပြီး ခြေထောက်စောင့်လျက် ထွက်သွားလေတော့သည်။
" Hay!! "
" ဟင်……မျိူ း……သစ်စံ……မင်း……ဘယ်တုံးကပြန်
ရောက် "
" ဟ……ဘာတွေ အံ့သြနေတာလဲ……ငါပြန်ရောက်တာ
ထူးဆန်းတဲ့ကိစ္စလား "
ရာပြည့် စိတ်ညစ်သွားသည်။မျိူ းသစ်စံက နှလုံးအထူးကု
လေ။သူကျတဲ့ ဆေးရုံးက မြောက်ဥက္ကလာ ဆေးရုံကြီးမှာ။
ဆေးရုံက လွှတ်တဲ့ နိုင်ငံခြား ပညာတော်သင်သွားတဲ့
ဆရာဝန်စာရင်းမှာ သူ ပါတယ်။တလောကမှ သူ သွား
တာ တစ်လတောင်မပြည့်သေးဘူး။ဘယ်လိုဖြစ်လို့ ပြန်
လာတာပါလိမ့်။
" မ……ဟုတ်ပါဘူး "
" ရော်……ခက်တော့ခက်နေပြီ……မင်း ဘာဖြစ်နေတာ"
" ဘာမှမဖြစ်ပါဘူးကွာ……မင်းပြောတော့ တစ်နှစ်ကြာမှာ
ဆို "
" အေးလေ……ပိတ်ရက်နှစ်ရက်ရလို့ ခန ပြန်လာတာ"
ဟင်……စင်္ကာပူကနေ မြန်မာပြည်ကို ပိတ်ရက် နှစ်ရက်လေးရလို့ ပြန်လာတာတဲ့။ဒီကောင့်အစား ပိုက်ဆံ
တွေ နှမြောလိုက်တာ။
" ခနလေး……"
ဒီပုံစံ အတိုင်းဆို ဒီကောင် ပြန်မှာ မဟုတ်သေးဘူး။အသဲ
ပြန်လာတာနဲ့ တိုးရင် သူ အရှက်ကွဲတော့မှာလေ။ဘာပဲ
ပြောပြော သူနဲ့နွယ်နဲ့ ချစ်သူဖြစ်သွားတာကိုတော့ ဒီ
ကောင်အား မသိစေချင်သေးပါ။
" အသဲ……ဆေးခန်း ပြန်မလာနဲ့တော့……ဒီနေ့ နားလိုက်
တော့ "
" ဟာာ……ကိုကိုကလဲ……အသဲက လာတောင်လာနေပြီ"
" ပြန်လိုက်တော့……ဒီမှာ မျိူ းသစ်စံရောက်နေတယ် "
" ဟမ်……သူ လာတာဘာဖြစ်လဲ.…လာပေါ့ ဘာလုပ်ရမှာ
လဲ "
" ကိုကိုသဝန်တိုတတ်တာ အသဲသိတယ်နော်……မလာ
ဆိုမလာနဲ့ ပြန်လိုက်တော့ "
သဝန်တိုတယ်ဆိုတာထက် မျိူ းသစ်စံ လှောင်မှာကို သူ
ပိုကြောက်ခဲ့တာပါ။အခုချိန်မှာ နွယ့်ကို သူဘယ်လောက်
ချစ်ချစ် လူသိရှင်ကြား မတွဲရဲသေးပါ။သူနဲ့ တွဲနိုင်လောက်
တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးပြီးမှ သူ တွဲမယ်လို့
စဉ်းစားထားပါသည်။ဒေါက်တာရာပြည့်က တပါးသူ
လက်ညှိုးထိုးဖို့ မွေးလာခဲ့တာ မဟုတ်ဘူး။
" ပြီးရောဟာ……ဘာမှန်းလဲမသိဘူး "
နွယ်သည် သူ တကယ်ပဲ သဝန်တိုလို့ ပြောခဲ့တယ် ထင်
နေသည်။ထို့ကြောင့်လည်း စိတ်တိုနေသည့်ကြားက ကြည်နူးစိတ်တို့ဖြင့် ပြုံးမိပါသေးသည်။
အမှန်တရားကိုသာ နွယ် သိခဲ့ရင် အခုလို ပြုံးနိုင်ပါတော့
မလား……။
လာရာလမ်းအတိုင်း နွယ် နောက်လှည့် ပြန်ဖြစ်ပါသည်။
ဆေးခန်းနှင့် နွယ့် အိမ်သည် အလှမ်းဝေးသောကြောင့်
လမ်းတော်တော်လျှောက်ရပါသည်။စက်ဘီးယူလာ၍ ရ
သော်လည်း အပြန်တွင် ကိုကိုနဲ့အတူ ပြန်ပြီး တီတီတာ
တာ ပြောချင်သေးသည်။
အပြန်လမ်းတွင် ကိုကို့မျက်နှာကို တဝကြီးငေးလျက် စကားတွေ အများကြီး ပြောချင်သေးသည်လေ။
" ကလင် ကလင် "
တွေးချင်ရာတွေးလျက် လမ်းလျှောက်လာသော နွယ်သည်
ကိုဖိုးစိန် ဘဲလ်တီးနေသည်ကိုလဲ မကြားပါ။
" ဟဲ့ မိနွယ် "
နာမည်ခေါ်ကာမှ နွယ် လှည့်ကြည့်ဖြစ်ပါသည်။
" အိမ်ပြန်မလို့လား "
" ဟုတ် ကိုကြီးဖိုးစိန် "
" လာ……တက် "
နွယ်သည် ဖိုးစိန်နှင့် အမျိူ းဆက်ကြည့်လျှင် တူရီးတော်
သော်လည်း ကိုယ့်အမေနှင့်ပင် ငါးနှစ်လောက်ငယ်သေး
ရာ ဦးလေးတပ်မခေါ်တော့ပဲ ကိုကြီးဖိုးစိန်ဟုသာ ခေါ်နေ
မိတော့သည်။
" ဒီနေ့ ဆေးခန်းမသွားဘူးလား "
" သွားသားပဲ……"
ဖိုးစိန်က မိနွယ်၏ မသာမယာ မျက်နှာကို တစ်စေ့တစ်
စောင့်ကြည့်ရင်း ဒေါက်တာရာပြည့်နှင့် ရန်ဖြစ်လာသည်
ဟု ကောက်ချက်ချလျက် ဘာမှဆက်မမေးဖြစ်တော့ပါ။
" ဘယ်လိုလဲ ကိုကြီးဖိုးစိန်……ဒီနေ့တွက် ခိုင်သွားပြီလား"
" မခိုင်သေးပါဘူးဟာ……ဒီအချိန်ထိ မသိမ်းရသေးတာပဲ
ကြည့် "
" ရှာပေါ့……အားတိုင်းယားတိုင်း ညီအမနှစ်ယောက်ယူ
ထားတာကိုး "
" နင်ပြောလဲခံရမှာပဲ……ယူချင်လို့ယူရတာ မဟုတ်ပါဘူး
ငါကြိုက်တာ အကြီးမပါဟ……ခိုးပြေးတဲ့ညကျမှ ဘယ်
လိုဖြစ််ပြီး အငယ်မ ဖြစ်သွားလဲ မသိပါဘူး ဟားးး "
ဖိုးစိန်သည် သူ့အဖြစ်သူ သဘောကျကာ ခေါင်းမော့လျက်
ရယ်နေလေသည်။မိန်းမ သွားခိုးတဲ့ညက အပေါင်းအသင်း
တွေ လှုံ့ဆော်မှုနဲ့ သူ ရဲဆေး တင်သွားတာလေ။အငယ်
မကလဲ သူ့အမ လင်နောက်လိုက်မှာ ကြိုသိနေတော့ ဒင်း
ကပါ အထုပ်လေးပြင်ပြီး စောင့်နေတာ။
တကယ့် တကယ်လေချွန်သံပေးတော့ အအိပ်မက်တဲ့
အကြီးမကမနိုး……အငယ်မကသာ ပုဆိုးလေး ခေါင်းမူး
ခြုံပြီး သူ့ဆီလာတော့ အကြီးမ အထင်နဲ့ မ သွားတာပေါ့။
ညက ကောင်းထားတဲ့အရှိန်နဲ့ မနက်ကျမှ လူမှားမှန်းသိ
တယ်။ဒီတော့ ဘာမှလုပ်လို့မရတော့ဘူး။ယူလိုက်ရုံပေါ့။
တစ်ပါတ်လောက်ကြာမှ အကြီးမက ငိုယိုပြီး ဖိုးစိန်ဆီ
ရောက်လာတယ်။ရောက်လာတာကလဲ ဒီလိုလေဗျာ။
ရှင်လုပ်ထားတဲ့ ကိစ္စရှင်ဆင်းဆိုတဲ့ ခေါင်းစဉ်အောက်က
နေ ဖိုးစိန် ခမျာ မိန်းမ နှစ်ယောက်နဲ့ မမွေးရသေးတဲ့
ကလေး အဖတ်တင်ခဲ့ရတာပေါ့။
ဒင်းတို့ညီအမ နှစ်ယောက်ဟာလေ အင်မတန်မှ ပြိုင်ရ
ဆိုင်ရတာ တယ်ဝါသာနာပါသကိုး။ခုဆို နင်တစ်ယောက်
ဆို ငါလဲတစ်ယောက်ဟဲ့ဆိုပြီး မွေးလိုက်ကြတာ ဖိုးစိန်မှာ
ဘုစုခရုလေးတွေ ဆယ့်နှစ်ယောက်နဲ့ တစ်ဗိုက်ဖြစ်နေပြီ။
စဉ်းစားသာကြည့်တော့ဗျာ……
----------------------------------------------------------------------
" ဟယ် ဇော် ပါလား "
ဇော်လာတာနဲ့ မထားတစ်ယောက် ပျာပျာသလဲလဲ ဆီး
ကြိုလေသည်။မထား ဘာ့ကြောင့် ဖော်ရွေနေလဲ ဇော်
သိပေမယ့် မသိချင်ယောင်ဆောင်ရင်း နွယ် ရှိလားလို့မေး
လိုက်ပါသည်။
" ရှိတယ် ရှိတယ်……နွယ်ရေ ဇော် ရောက်နေတယ်ဟေ့ "
နွယ်သည် အိပ်ချင်မူးတူးဖြင့် အခန်းထဲက ထွက်လာ
သည်။ကိုကို့ကို စိတ်ကောက်ပြီး ဒီည စောစောအိပ်မယ်
စိတ်ကူးလျက် အခန်းထဲဝင်ခွေနေခြင်းဖြစ်သည်။မထားက
လဲ အရင်ဆို နွယ်ရှိပါရဲ့နဲ့ ဆိုင် ကူမသိမ်းပေးရင် တဗျစ်
တောက်တောက် ဆူပူနေကျပင်။ဒါမဲ့ နွယ် သူ့အနားမရှိ
တာ တစ်မျိူ းအဆင်ပြေနေ၍ ဘာမှမပြောပဲ ကိုယ့်ဘာ
သာ သိမ်းနေလိုက်သည်။
" ဟာ……ဆေးခန်းမသွားဘူးလား "
" သွားသားပဲ……ပြန်လာတာ……"
" အော်……မင်းကနော်……နေနိုင်လိုက်တာ ဖုန်းတောင်
မဆက်ဘူး……ငါ့မှာ လွမ်းလိုက်ရတာ "
ဇော်သည် သူ့လက်ထဲက စာအုပ်ထုပ်ကို နွယ့်အားလှမ်း
ပေးရင်း ပြောလိုက်ပါသည်။
" ဒါ ဘာတွေလဲ "
" မင်းအတွက်……ဒီလထွက်တဲ့ စာအုပ်တွေချည်းပဲ "
" အံမယ်……သဘောတွေကောင်းနေပါလား "
" ဘယ်တုံးကများ သဘောဆိုးဖူးလို့လဲ "
" ခ်ခ် ကျေးဇူူးပါ "
နွယ်က မချိူ မချဉ် မျက်နှာလေးဖြင့် ကျေးဇူးပါဟု နွဲနွဲ့နှောင်းနှောင်း ပြောလိုက်သောအခါ ဇော် အသဲယား
သွားသည်။နွယ့် ပါးနှစ်ဖက်ကို အားပါတရ ဆွဲလိမ်ပစ်
လိုက်တော့……
" အားးး……ပြတ်ထွက်ကုန်တော့မှာပဲ "
" ဖွဖွလေးလိမ်တာပါကွာ……ဒါနဲ့ နွယ်ဖတ်ပြီးတဲ့စာအုပ်
တွေ ခနငှား "
" ဟမ်……ဘာလဲ စာပေလိုက်စားတော့မလို့လား "
" မဟုတ်ပါဘူး……ကောင်မလေးတစ်ယောက်ကို ပေး
ငှားမလို့ "
" ဟယ် ကြည့်စမ်းဇော်……နင် ငါ့ကိုအသိမပေးပဲ ဘာတွေ
ပွေနေပြန်ပြီလဲ "
နွယ်က ခါးလေးထောက်လျက် ဇော့်ကို မျက်လုံးထောင့်
ကပ်ကြည့်ကာ လူကြီးလေးလို ပြောလိုက်သည်။
" ပွေနေတာမဟုတ်ပါဘူးကွာ……ဘော်ဒါအကန့်ပဲရှိသေး
တယ်……ချာတိတ်လေးတွေပါ စိတ်မပူနဲ့……အေးဆေး "
" အေး……အာ့ ချာတိတ်လေးတွေကပဲ ပိုအဆိပ်ပြင်းတာ
နော် အကောင်သေးတယ်ဆိုပြီး လျှော့မတွက်နဲ့ "
" အေးပါကွာ……ဘာမှလဲမဖြစ်သေးပါဘူး……ဖြစ်ခဲ့ရင်
တောင် နင်သဘောကျမှ ငါတွဲမှာ ဟုတ်ပြီလား "
" ပြီးတာပဲ……ခနစောင့် ငါစာအုပ်သွားယူအုံးမယ် "
" မစောင့်ဘူး……လိုက်ခဲ့မယ် "
နွယ့်အနောက်ကနေ သူမ ပခုံးနှစ်ဖက်ကို ကိုင်ပြီး ဇော်
လိုက်လာခဲ့ပါသည်။နွယ့် စာအုပ်စင်ဆီ အကြည့်ရောက်မိ
လျှင် စာအုပ်တွေများပြားလွန်းသဖြင့် တင်စရာအကန့်မရှိ
တော့သည်ကို သတိထားမိသွားသည်။
စိတ်ထဲကနေ နွယ့်အတွက် စာအုပ်စင်ကြီးကြီး ဝယ်ပေး
မယ်ဟု တေးမှတ်ထားလိုက်တော့လေသည်။
သံယောဇဉ်……သံယောဇဉ်……၅၂၈ ပဲဖြစ်ဖြစ် ၁၅၀၀ပဲ
ဖြစ်ဖြစ် သံယောဇဉ်တွယ်လိုက်မိရုံနဲ့ ကိုယ့်အတွက်ဆို
တာ မေ့ပြီး သူတို့အတွက်သာ ခေါင်းထဲထည့် တွေးပူနေ
တော့ပါလားနော်………
" ဇော်……"
" ဟေ "
" ငါနဲ့သူနဲ့ ချစ်သူတွေဖြစ်သွားပြီ "
" တကယ် "
ဒီလောက် ကြည့်မရ အမြင်ကတ်နေတဲ့နှစ်ယောက် ဘယ်
လိုဖြစ်ပြီး ရင်ဘတ်ချင်း နီးစပ်သွားပါလဲ ဇော် စဉ်းစားရ
ကျပ်သွားသည်။နွယ့်ကို သေသေချာချာ စူးစူးစိုက်စိုက်
ကြည့်မိပါသည်။တခြားကြောင့်တော့ မဟုတ်။နွယ်တစ်
ယောက် ဒေါက်တာရာပြည့်ကို အမြင်ကတ်တဲ့ပုဒ်မ နဲ့
ပြန်လည်ချေဖို့ တွဲခဲ့တာ များလားပေါ့။
" အဲ့မျက်လုံးနဲ့မကြည့်နဲ့ဇော်……ငါ သူ့ကိုတကယ်ချစ်
သွားတာ "
ဇော်ကြည့်တဲ့ အကြည့်တွေကို ဘာသာပြန်တတ်သော
နွယ်က ချက်ချင်း ဖြောင့်ချက်ပေးလိုက်ပါသည်။ဒီတော့မှ
ဇော့် ရင်ထဲက အလုံးကြီး ကျသွားရတော့သည်။ဘာပဲ
ပြောပြော ဒေါက်တာရာပြည့်လို ယောကျာ်းမျိူ းနဲ့ နွယ်
ချစ်သူဖြစ်တာ ကံကောင်းတယ်လို့ ဇော် သတ်မှတ်ထား
တယ်လေ။
ကျောင်းတုံးက တွဲခဲ့တဲ့ မနုဿ. က ဖင်နှစ်ခွကောင်
သီဟဝင်းထက်စာရင် ဒေါက်တာရာပြည့်က သာနိုင်တယ်
လို့ ဇော်မြင်မိပါတယ်။
ကံကောင်းပါစေ နွယ်ရယ်……ကိုယ် ဆုတောင်းပေးပါ
တယ်။အချစ်ကံခေတဲ့ နွယ် တစ်ယောက် ဒီတစ်ခါဖန်လာ
တဲ့ အချစ်ရေးမှာ သာယာဖြောင့်ဖြူ းပါစေလို့ သူမ မသိ
အောင် ဇော်ဆုတောင်း ပေးလိုက်ပါရဲ့………
__________________________________________
အက္ခရာ
အခန်း(11) See less