book

Index 1

အခန်း(1)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔

-----------


" သမီးရေ……မုန့်ဖက်ကုန်နေပြီဟေ့……ငါးဆယ်သား

သွားဆွဲစမ်း "


ထိုအသံကြောင့် သနခါးလိမ်းခြင်းကို ခပ်မြန်မြန်လိမ်း

ခြယ်ပြီး အဝတ်မြန်မြန်လဲကာ လက်စွဲတော် စက်ဘီး

ထုတ်လျက် သုတ်ခြေတင်ရတော့သည်။


မထား မုန့်ဟင်းခါးဆိုင်လေးသည် ကျော်ကြား တို့လောက်

နာမည်မရှိပေမယ့် သူမ တို့နေထိုင်ရာ ပတ်ဝန်းကျင်တွင်

တော့ တနေ့တစ်ခါမှ မထားလက်ရာလေး မစားရလျှင်

ဟာတာတာဖြစ်နေတတ်သည်။


ဒါတောင် မထားက မနက်ပိုင်းရောင်းတာ မဟုတ်။ညနေ

ပိုင်းသာ ရောင်းတာ။မနက်ပိုင်း ရောင်းတဲ့ မုန့်ဟင်းခါသည်

အပျိူ ကြီးကို အားနာလို့တဲ့လေ။


" မလတ်……မြန်မြန် မြန်မြန်……မုန့်ဖက် ငါးဆယ်သား "


မောဟိုက်သံဖြင့် အလောတကြီးမှာလိုက်သော သူမကို

ကြည့်ပြီး မလတ်တောင် ရင်မောချင်လာသည်။


" အမေလာရှင်းလိမ့်မယ် "


ဒီစကားတစ်ခွန်းသာပြောနိုင်ပြီး အလောသုံးဆယ်ဖြင့်

သူမ ပြန်ထွက်သွားသည်။အသားကုန် နင်းလာသော

အရှိန်ကြောင့် ကျောထိအောင် ရှည်လျားသော ဆံနွယ်

များ လေအတိုက်မှာ ဝဲခါသွားသည်။


" အောက်မလေး……မြတ်စွာဘုရား……"


" ဟာာ ကြည့်စမ်း ကြည့်စမ်း……တိုက်သွားပြီ……ဟယ်

မောင်းထွက်သွားပြီ……တောက်စ်……လူစိတ်မရှိတာ "


ခြူ းသက်နွယ်သည် မိမိနှင့် မလှမ်းမကမ်း ဖြစ်ပျက်သွား

သော ပုံရိပ်ကိုကြည့်ရင်း တစ်ယောက်ထဲ တီးတိုးရေရွတ်

လိုက်သည်။အဖွားအို တစ်ယောက် လမ်းဖြတ်အကူး

ကွေ့ကြော ဝင်လာတဲ့ကားက ပွတ်ဆွဲသွားတာဖြစ်သည်။


လမ်းဘေးချူံ ပုတ်ထဲ ပုန်လျက်သားကျသွားသောအဖွားကို

ဖေးကူမယ့်သူမရှိ။လူတွေများနော်……လူမှုရေးစိတ်ဓါတ်

ခေါင်းပါးကုန်ပြီလား မသိ။


" အယ် အဖွား ရ ရဲ့လား……ဖြေးဖြေးထ……သမီးကိုကိုင်

ရလား အဖွား……"


အဖွားကို လက်မောင်းရင်းမှကိုင်လျက် ဖေးကူ ထစေလိုက်

သည်။ဖြတ်သွားဖြတ်လာ အသိတွေများ တွေ့မလားလို့

လျှောက်ကြည့်မိလျှင် ကိုဖိုးစိန်ကို မြင်လ်ိုက်ရ၍ လှမ်းခေါ်

လိုက်သည်။


" ကိုကြီး ဖိုးစိန်……ဒီလာ စမ်းပါအုံး……"


ဖိုးစိန်ဆိုတာ တခြား သူ မဟုတ်။စပ်ကြည့်လျှင် အမျိူ း

မကင်းဘူးရယ်။သူက မယားနှစ်ယောက် ပြိုင်ယူထားတာ။

အလုပ်ကတော့ ဆိုက်ကား နင်းတယ်။ယူထားတဲ့ နှစ်

ယောက်ကလဲ ညီအမ အရင်းခေါက်ခေါက်။


" အမွှေစိန်မ……နင် ဘာမွှေလိုက်ပြန်ပြီတုံး "


" ဖြစ်စမှဖြစ်ရလေ ကိုကြီးရယ်……အံ့ပါရဲ့……လူစိတ်မရှိပဲ

ထားသွားတာ ဒီမယ်ကြည့်စမ်း……အဖွားကိုကြည့်……"


" ဟာ……ဒါဆိုဆေးခန်းပို့မှ ဖြစ်မှာပေါ့……"


" အေးလေ……အာ့ပြောတာလေ……ဒီလိုလုပ်……ရော့

ဒါလေး ဆိုင်ကိုသွားပေး ……စက်ဘီးပါ ယူသွား……ပါ

လာတဲ့ငွေ အကုန်ပေးခဲ့ "


စက်ဘီးခြင်းတောင်းထဲက မုန့်ဖက်ထုပ်ကို ဖိုးစိန်လက်ထဲ

လွှဲပြောင်းထည့်ပြီး စက်ဘီးပါ တစ်ခါထဲ ထိုးပေးလိုက်

သည်။ထို့နောက် တနေကုန် နင်းထားသမျှ အိတ်ကပ်ထဲ

က ငွေတွေကို အကုန် နှိုက်ယူပြီး သစ်ပင်အား အားယူ

လျက် မတ်တပ်ရပ်နေရှာသော အဖွားကို ဆိုက်ကားပေါ်

တွဲတင်လိုက်သည်။


" ဟဲ့ ဟဲ့ ဒါ ဒါ "


" ဒါတွေ လုပ်မနေနဲ့……အမေ့ဆိုင်ကို မုန့်ဖက်မြန်မြန်

သွားပို့စမ်းပါ……အအော်ခံရတော့မှာပဲ "


ဆိုင်ကားပေါ် ခွနင်းဖို့ ကြိုးစားနေသော သူမအား ဖိုးစိန်

အမြန်တားသော်လည်း ဒင်းက ရောက်သွားပြီ။


" နင်းတတ်လို့လား အမွှေစိန်မရ……တော်ကြာ ဒီအမယ်

အို ကားတိုက်လို့ ဘာမှမဖြစ်ပဲ ဆိုက်ကားမှောက်လို့…"


ဖိုးစိန် စကားကြောင့် ဆိုက်ကားပေါ်ထိုင်နှင့်ပြီးသော

အဖွားမှာ ဆင်းရမလို ဆက်ပဲ ထိုင်ရမလို ဖြစ်နေသည်။


" စက်ဘီးတောင် နင်းတတ်သေးတာပဲ……ဒီဆိုက်ကား

လောက်ကတော့ အေးဆေး……"


ပြောရင်းဆိုရင်း အမွှေစိန်မ တစ်ယောက် ကို့ရိုးကားယား

ဖြင့် နင်း ထွက်သွားလေပြီ။ဆိုက်ကားက ဘယ်ပဲရောက်

လိုက် ညာဘက်ရောက်လိုက် အချိန်တန်ကြာ ဒယိမ်းဒ

ယိုင်ဖြစ်ပြီးကာမှ ဟန်တယ် ငြိမ်သွားသည်။


အခုမှပဲ အသက်ရှု ဝတော့တယ်……ဟီး!!


----------------------------------------------------------------------


လမ်းထိပ်တွင် အသစ်ဖွင့်ထားတဲ့ ဆေးခန်းရှိသည်။အသစ်

ဖွင့်ထားတယ် သာ ပြောတာပါ။ဆေးခန်းက ဟိုး လွန်ခဲ့တဲ့

သုံးနှစ်လောက်ထဲက ရှိနေတာပါ။ဆေးခန်း စဖွင့်တော့

နာမည်ကြီး အထူးကုဆရာဝန်ထိုင်တယ်။


ခြောက်လလောက်ကြာပြီးနောက် သူ့ တပည့်တွေ တစ်

ယောက်ပြီးတစ်ယောက် ချိန်း လိုက်တာ အခုထိဆိုပါတော့။


အရင် ဆရာဝန်တွေတုံးက လူ သိပ်မလာဘူး။အခုရောက်

တဲ့ ဆရာဝန်ကဖြင့် ဆေးလိုက်တယ်ပြောရမှာပဲ။သူ့ဆေး

ခန်း ကြည့်လိုက်ရင် လူပြတ်တယ်ရယ်က်ိုမရှိ။


မစည်ကောင်းတဲ့နေရာမှာ လူစည်ကားနေတာ။


" ဟယ်……"


" ဟော…"


ခြူ းသက်နွယ်သည် မိမိကို ကြည့်ပြီး အံ့အားသင့်သွားကြ

သော လူတစ်စုကို ဂရုမစိုက်နိုင်သေးပါ။ဆိုက်ကားပေါ်က

ဆင်းပြီး အဖွားကို တွဲကူကာ ဆေးခန်းထဲသို့ အရင် ဝင်စေ

လိုက်သည်။


ဆေးခန်းထဲရှိ လူနာများနှင့် လူနာရှင်များသည် အတင်း

တုတ်တဲ့သူက တုတ် ခပ်ကျဲကျဲရယ်တဲ့သူက ရယ် ဖုန်းနဲ့

မသိမသာ ဓါတ်ပုံရိုက်တဲ့သူက ရိုက်နဲ့ အလုပ်ရှုပ်နေကြ

သည်။သူတို့အမြင်မှာတော့ မိန်းခလေး တစ်ယောက်ဆိုက်

ကား နင်းလာခြင်းသည် ထူးဆန်းသော ဖြစ်ရပ် ဖြစ်နေ

လိမ့်မည်။


မိနွယ်အတွက်ကတော့ လတ်တလောပြသာနာကိုဖြေ

ရှင်းဖို့ လူတစ်ယောက်ကို ကူညီဖို့ ကိုယ် မိန်းခလေးဆိုတာ

ကို ခနမေ့ပြီး ဇွတ်လုပ်လာခဲ့ခြင်းဖြစ်သည်။


" ဘယ်နား နာသွားသေးလဲ အဖွား "


" ဒီနား နာသွားတာ……"


အဖွားက သူ့ခြေကောက်ဝတ်ကို လက်ဖဝါးဖြင့် စမ်းကာ

ပြောသည်။ကြည့်ရတာ မျက်လုံး သိပ်ကောင်းပုံမပေါ်။

အဖွားပိုက်ထားသည့် ခြင်းတောင်းအစုတ်လေးကို သူမ

ကြည့်လိုက်လျှင် အဝတ်အစား အနွမ်းအဖတ်များ စုပြုံ

ထည့်ထားတာ မြင်လိုက်ရသည်။


" အဖွားက ဘယ်ထိ ပြန်ရမှာလဲ……ဒီရပ်ကွက်မှာ အဖွား

ကို မမြင်ဖူးဘူးနော် "


" အေးကွယ်……အဖွားက ရွှေပြည်သာမှာနေတာ……မြေး

လေးတွေ ကျောင်းစရိတ်အတွက် ရသလောက် လာ

တောင်းတာ……"


နွယ့်ရင်ထဲ စူးခနဲ အောက်သွားရပြီ။သြော်……မြေးတွေ

ကျောင်းစရိတ်အတွက် ပိုက်ဆံလိုက်တောင်းနေရတယ်တဲ့

လား။


" ဘယ်သူ့ အလှည့်လဲ……ဝင်လို့ရပါပြီ "


အလဲ့……ဒီဆရာဝန်ကျမှ အကူတွေဘာတွေတောင် ခေါ်

လို့ပါလား။အေးလေ……လူနာတွေက များတော့ သူ ဘယ်

နိုင်ပါ့မလဲ။


နွယ်သည် အဖွားကို ကူတွဲပြီး air_con တပ်ထားသော

လူနာကြည့် အခန်းထဲသို့ ဝင်သွားပါသည်။


" ဟေ့ ဟေ့ ဖိနပ်ချွတ်……"


ဆရာဝန်ဆိုသော လူကြီးက သူ့အခန်းထဲ ဖိနပ်စီးပြီးဝင်

လာတဲ့ အဖွားကိုလက်ညှိုးထိုးလျက်အော်ပြောလိုက်လျှင်

နွယ့်စိတ်ထဲ ဖုသွားရသည်။အသံကိုက အထက်စီးက။


" အဖွား ဒီမှာ ဖိနပ်ချွတ်……"


နွယ်သည် အဖွားရဲ့ခြေထောက်ကိုကိုင်ပြီး ဖိနပ်ချွတ်ပေး

လိုက်သည်။ပြီးမှ ဆရာဝန်နား တွဲခေါ်လာကာ လူနာ

ခုတင်ပေါ် တက်စေသည်။


" ကားတိုက်တာဆရာ……တိုက်တဲ့ကားကတော့ ပြေးပြီ

အမြင်မတော်လို့ဆေးခန်းခေါ်လာတာ……ခြေထောက်

နာသွားတယ် ပြောတာပဲ "


သိတယ်မို့လား……ခြူ းသက်နွယ်လေ။ကိုယ့်ကို နဲနဲလေး

တောင် လာမကြောနဲ့။ကိုယ်ကလဲ ဘယ်သူ့ကိုမှ အထက်

စီးက မဆက်ဆံခဲ့ဘူး။


ခြေထောက်နာသွားပါတယ်ဆိုမှ ဆရာက ဖြစ်တဲ့နေရာ

ကို အရင်မစမ်းပဲ သွေးပေါင်အရင်တိုင်းရန် ပြင်နေသည်။

အဖွားအနီးနားရောက်မှ သူ နှာခေါင်းပိတ်လိုက်တာ နွယ်

မြင်လိုက်သည်။နှာခေါင်းပိတ်ရုံတင် ဘယ်ကမလဲ……အ

နောက်ကိုပါ ဆုပ်ပြီး မျက်နှာမဲ့သွားသေးတယ်။


" သွေးပေါင်ချိန်ပေးလိုက် ဝါဝါ……"


ဘယ်လိုဆရာဝန်ပါလိမ့်။ဆရာဝန် အရည်အချင်းနဲ့ မပြည့်

စုံတဲ့လူပဲ။လူနာတွေကို တန်းတူ မဆက်ဆံပဲ ခွဲခြားတတ်

တဲ့ ပုံစံမျိူ း။ရွံတတ်ရင် ဘာလို့ ဆရာဝန် လုပ်သေးလဲ။


" ဒီမှာ……"


ပွစိပွစိ ပြောနေသော နှုတ်ခမ်းသည် သူ ခေါ်လိုက်တဲ့

အသံကြောင့် စေ့ပိတ်သွားကာ လှည့်ကြည့်လိုက်ပါသည်။


" ဆေးပေးလိုက်မယ်……သက်သာရင် ပြန်မလာနဲ့..…

ကားတိုက်မိတာမဟုတ်ဘူး……သူ့ဘာသာလန့်ပြီး

ခြေခေါက်လဲတာ……ဒီမှာတွေ့လား……ဒီနားယောင်

နေတယ် "


ဟယ်……စိတ်တိုလိုက်တာ……။အဖွားခြေထောက်ကို

လက်နဲ့မကိုင်ပဲ ဘောပင်နဲ့ထောက်ကာ ယောင်တဲ့နေရာ

ပြနေသည်။သူ ဆရာဝန် မဟုတ်ဘူးလား။လုပ်ပုံကိုက

ကြည့်ပါအုံး။ဘယ်လောက်အသဲယားစရာ ကောင်းလဲ။


" ဆေးတစ်ပါတ်စာပေးလိုက်မယ်……လာပြစရာမလိုဘူး

ဝါဝါ……ဒီမှာ ဆေးလာပေးလိုက် "


နွယ်သည် သူ့အပြုအမူတွေကို မျက်စိတစ်ဆုံးကြည့်ကာ

ဒေါသအလှိမ့်လိုက် တက်လာသည်။


" ဘယ်လောက်ပေးရမလဲ "


ဆေးလက်ထဲရောက်တာနဲ့ သူ ကြားအောင် ခပ်ပြတ်ပြတ်

မေးလိုက်လျှင် ဝါဝါဆိုတဲ့ မိန်းမငယ်က သူ့ဆရာဘက်

လှည့်ကြည့်သည်။


" တစ်သောင်းခွဲ……"


" ဟင် "


မြတ်စွာဘုရား……တစ်သောင်းခွဲတဲ့။သေချင်တော့တာပဲ

ကိုဖိုးစိန်ဆီက နှိုက်လာတဲ့ပိုက်ဆံ တစ်သောင်းတောင်

မပြည့်။


ဒီလိုရပ်ကွက်ထဲမှာ လာဖွင်တဲ့ ဆေးခန်းက ယူတာ ပက်

စက်လှချည်လား။သုံးထောင်ဆို တော်သေးရဲ့။တသောင်း

ခွဲတောင်မှ။


" တစ်သောင်းခွဲဟုတ်လား……မကြားဖူးပါဘူး တစ်သက်

နဲ့တစ်ကိုယ်……ဒီဆေးခန်းလေးက ဒီလောက်တောင်

ယူစရာလား "


ဘေစင်တွင် သူ့လက်ကို သန့်သွားအောင် ဆပ်ပြာအထပ်

ထပ်ဖြင့် ဆေးကြောနေရင်းနဲ့မှ သူမ အပြောကြောင့်

ရေမြန်မြန်လောင်းကာ လက်က်ို တစ်ရှုးဖြင့် သုတ်ရင်း……


" မင်းဝင်လာတုံးက ဆိုင်းဘုတ်ကို သေချာဖတ်လား

စာရော ဖတ်တတ်ရဲ့လား……ဒီမှာ မြင်လား..……

မဖတ်တတ်ရင် ဖတ်ပြမယ်……ဒေါက်တာ ရာပြည့်

အသဲနဲ့ကျောက်ကပ် ခွဲစိတ် အထူးကု……တွေ့လား"


" တွေ့တယ်လေ……"


" အရင်ထိုင်ခဲ့ဖူးတဲ့ ဆရာတွေနဲ့ ခြေရာလာမတိုင်းနဲ့

ပေးချင်ပေး မပေးချင်ထွက်သွား……မင်းကိုတော့ သေချာ

ငါ မှတ်ထားလိုက်မယ်……နောက်ဆို ဘာအတွက်နဲ့မှ

ငါ့ဆေးခန်းကို မလာနဲ့ "


နွယ်သည် ပါးစပ်အဟောင်းသားဖြင့် ဆရာဝန်တစ်ယောက်၏ မာထန်ထန်အပြောကို ဒေါသ

ထွက် အံကျိတ်ကာ ငြိမ်ခံနေရသည်။


တွေ့ဖူးသမျှ ဆရာဝန်ထဲမှာ ဒင်းလောက် မောက်မာတဲ့

ဆရာဝန် မရှိသလောက်ပါပဲ။တွေ့မယ်……တွေ့မယ်။


သူ ပေးထားသော ဆေးထုပ်တွေကို ကျစ်ကျစ်ပါအောင်

ဆုပ်ကိုင်ထားပြီးမှ အောက်သို့ လွှဲပစ်ချကာ……


" ကျမကလဲ……ဒီလို ပညာဂုဏ်မောက် အသိစိတ်ပျောက်

နေတဲ့ ဆရာဝန်မှန်းမသိလို့ လာပြတာပါရှင်…… နောင်

လဲ တစ်သက်လုံးမလာပါဘူး……လာ အဖွား……သွား

မယ်……သူ့ထက်တော်တဲ့ ဆရာဝန်တွေမှ ရိုက်သတ်လို့

တောင်မကုန်ဘူး "


ဟာ……တကယ့်အစွယ်လေးပဲ။ပြောသွားပုံကိုက အော်

ကြီးဟစ်ကျယ်နဲ့။ရုပ်ကလေးလှသလောက် နှုတ်ကြမ်းပုံ

များ လက်ဖျားခါရတယ်။


" ဆရာ နောက်တစ်ယောက်ခေါ်လိုက်ရမလား……"


" မခေါ်ချင်လဲ လက်ပိုက်သာကြည့်နေ "


ဝါဝါသည် သူ့ဆရာ ဒေါသထွက်နေမှန်းသိ၍ ဘာမှအထွန့်

မတက်ရဲတော့ပဲ နောက်တစ်ယောက်ဟု ခပ်တိုးတိုး

ခေါ်လိုက်ပါတော့သည်။


---------------------------------------------------------------------


" စိတ်တိုလိုက်တာအမေရယ် စိတ်တိုတာဆိုတာလေ "


" ဒေါက် "


" အာ့ အမေ……"


ပရဟိတ လုပ်ပြီးပြန်လာသော သမီးကို အမေဆီးကြို

လိုက်ပုံများ ခေါင်းကိုပူထူသွားတာပဲ။


" ဆိုင်မှာ ဒီလောက်လူကျနေတာ သိရဲ့နဲ့ အမွှေစိန်

လုပ်နိုင်သေးတယ်……သူများ ဆိုက်ကားလဲ ယူသွား

သေးတယ် ဟမ်……ရှာထားသမျှ အဆစ်ပါသွားသေး

တယ်ဆို……ပြောစမ်းပါအုံး "


" အာ့ဒါက အမေကလဲ သူများကို ကူညီတာလေ……

သာဓုတောင်ခေါ်သင့်သေးတယ်.……လူမဆန်တဲ့ကား

က တိုက်သွားတာလေ……အမေ့သမီးက ဘယ်လိုလုပ်

မျက်နှာလွှဲထားနိုင်မှာတုံး……ကူညီကောင်းပါတယ်

အာ့အဖွားက အသက်ရှစ်ဆယ်ကျော်နေပြီ "


" ဟဲ့ ငါကနင့်ကို ကူညီလို့ပြောနေတာ မဟုတ်ဘူး……

နေရာတကာ လူစွမ်းကောင်းလုပ်တတ်လွန်းလို့ ပြော

နေရတာ……ဒီရပ်ကွက်မှာလည်း အုပ်ချူ ပ်ရေးမှုူ းထား

ပေးထားပါတယ်……နေရာတိုင်း နာမည်ကောင်းဝင်

ယူမနေနဲ့……တော်ကြာ အုပ်ကြီးက သူ့နေရာ နင်လု

မယ်ထင်ပြီး မုန့်ဟင်းခါးဆိုင် လာပိတ်ခိုင်းနေအုံးမယ် "


" ဟားးး အမေရယ်……ဒီကိစ္စအတွက် စိတ်မပူစမ်းပါနဲ့

အုပ်ကြီးက အမေ့ကိုချိန်နေတာ.……"


" ဟဲ့ ဒီကောင်မလေး……ပါးစပ်ပိတ် အခုပိတ်…"


နွယ်သည် အရှက်ကဲနေသော အမေ့ကိုကြည့်ပြီး ဗိုက်ဖိ

ကာ ရယ်နေပြန်သည်။အမေ ဗိုက်ခေါက်ဆွဲလိမ်ကာမှ

တအားအား အော်ပြီး ထွက်ပြေးတော့သည်။


တကယ်ထဲလေ……ဒီသမီး တစ်ယောက်နဲ့တော့ ခက်ပါ

ရဲ့။


" အန်တီထားရေ……အန်တီထား "


" ဟဲ့ ဇော်……ညဘက်ကြီး……ဘယ်ကလှည့်လာတာ

တုံး "


" ဒီကိုပဲလာတာ……မိနွယ်ရော "


" ရှိပါ့……ခုနလေးတင် အထဲဝင်သွားတာ……နွယ်ရေ..

ဒီမယ် ဇော် ရောက်နေတယ်ဟေ့ "


" ဟုတ် ဟုတ် လာပြီ "


ထမင်းပန်ကန်ကို လက်ကကိုင်ပြီး နွယ် ထွက်လာသည်။

ပါးစပ်ထဲလည်း ပလုပ်ပလောင်းနှင့်။နှုတ်ခမ်းအောက်မှာ

ထမင်းလုံး တစ်စေ့က ကပ်နေသေးတယ်။


" နင်က ညကြီးကျမှ ဘယ်ကလှည့်လာတာလဲ "


" ဘယ်ကမှမလှည့်ဘူူး……ဒီမှာ လာအိပ်တာ…ခွံ့စမ်းပါ

တစ်လုပ် "


မထားသည် ဇော်နှင့် နွယ့်ကိုကြည့်ပြီး မျက်စောင်းထိုး

လိုက်သည်။


" အဖေနဲ့ပြသာနာ တက်လာပြန်ပြီလား ဇော် "


" ဟုတ်တယ်……ဒီတစ်ခါတော့ တကယ်မပြန်ဘူး……

အန်တီထား ကျတော့်ကိုနှင်မချ မချင်း မပြန်ဘူး "


" ခ််ခ် "


နွယ်က ဇော့်ပါးစပ်ထဲ ထမင်းတစ်လုပ်ခွံ့ရင်း ပခုံးလေး

လှုပ်တဲ့အထိ ရယ်နေသည်။


" အာ့မလေး နှင်မချပါဘူးအေ……နေချင်သလောက်နေ

ဟုတ်ပြီလား "


ဇော်က အာ့လိုပဲ။သူ့အဖေနဲ့ ကတောက်ကဆ ဖြစ်တိုင်း

နွယ်တို့အိမ် လာနေလိုက်တာပဲ။သူ့အဖေ လာခေါ်ရင်

နဲနဲလောက်မူပြပြီး ပြန်လိုက်သွားနေကျ။ဇော့်အကျင့်ကို

သိသော မထားက သူ အိမ်ကဆင်းလာတိုင်း လုပ်ချင်

တာလျှောက်လုပ်မှာစိုး၍ အိမ်ပေါ်တင်ထားရတာပဲ။


" အမေ ထမင်းရှိသေးလား……ဒီကောင်စားတာနဲ့

တစ်လုံးချက် ကုန်နေပြီ "


" စားပါစေ……ကုန်တော့ဘာဖြစ်လဲ……ဦးဘဦးဆိုင်ပြေး

ဝယ်လိုက်ရုံပေါ့……"


အမေ့ကိုကြည့်ရတာ ဒီနေ့ မုန့်ဟင်းခါး ပို ရောင်းကောင်း

တယ်ထင်ရဲ့။အပြောလေးကို ချိူ နေတာပဲ။


ပြောမယ့်သာပြောရတာပါ။အမေက နွယ်ကလွဲရင် အကုန်

လုံးအပေါ် အပြောချိူ တယ်။အထူးသဖြင့် ဇော့်က်ိုပေါ့။


" ဘယ်သွားမလို့လဲ……"


" မဲဖိုးသွားပေးမလို့……"


" သမီးသွားပေးမယ်လေ "


" နေပါအေ……မုန့်ဖက်သွားဝယ်ခိုင်းတာတောင် ညမှ

ပြန်ရောက်တာ……မဲဖိုးသာ သွားပေးခိုင်းလို့ကတော့

မိုးလင်းမယ်……"


" အမေကလဲ……"


နွယ်သည် ကြက်ခြေထောက်ကို အားရပါးရ ကိုက်ရင်း

အမေကလဲဟု ကပ်ချွဲချွဲ ပြောလိုက်ပါသည်။အမေကတော့

ဒီနေ့ရောင်းငွေကို ခွဲတမ်းချရင်း မဲဖိုးသွားပေးရန် ထလေ

သည်။


" အမေ့………ဒီနေ့လုပ်အားခ……"


" ရော့……နှစ်ထောင် "


" သုံးထောင်မဟုတ်ဘူးလား "


" ဆိုင်ကူမသိမ်းလို့ တစ်ထောင်ဖြတ်တယ် "


" ငိ "


" ဟားးး "


ဇော်သည် မျက်နှာကြီးမဲ့ရွဲ့လျက် နှုတ်ခမ်းစူထားသော

နွယ့်ခေါင်းအား သူ့လက်နှစ်ဖက်ဖြင့် အုပ်မိုးကာ လှုပ်ရမ်း

လိုက်သည်။


" အန်တီထားမပေးရင် ငါပေးပါ့မယ်ကွာ……ခလိန်းကျနေ

တာပဲ "


ထိုနှစ်ယောက်ရှေ့က မထား အပြုံးပန်းဆင်လျက် အိမ်

အောက်ဆင်းလာခဲ့ပါသည်။အေမီဇော် တို့မည်မျှ ချမ်းသာ

တယ်ဆိုတာ မထား သိတယ်လေ။ဘယ်သူတွေ ဘာပြော

ပြော ငွေမမက်တဲ့လူရယ်လို့ မရှိပါဘူး။ကိုယ့်အတွက် အ

ကျိူ း မရှိပဲ မထား ဘာမှ မလုပ်ဘူး။


ဇော် သူ့အဖေနဲ့ ပြသာနာတက်လို့ အိမ်ကဆင်းလာပေ

မယ့် ဇော့်တွင် ငွေအထုတ်အထည်နဲ့ပါလာပြီးသား။ဒါကို

သိတဲ့ မထားက ဇော် နေချင်သလောက်သာနေ။ကြည်ဖြူ

ပြီးသား။


ခက်တာက ဇော့်လို Tom boy ကိုတောင် မိနွယ်က ကိုယ့်

ဘက်ပါအောင် မဆွဲဆောင်နိုင်သေးတာပဲ။မိနွယ်နေရာမှာ

မထားသာဆို ဘယ်ရမလဲ။ဇော့်ဆီက ခွာနိုင်သလောက်

ခွာပြီးလောက်ပြီ။


ပြောပါတယ်……သမီးတစ်ယောက်မွေးထားရတာ မလွယ်

ပါဘူးဆို။ဒင်းကို ကိုယ့်လိုမဖြစ်စေဖို့ နှလုံးသားရေးထက်

ဦးနှောက်ကို အလေးပေးပြီး ရွေးချယ်ခိုင်းရမယ်။


အချစ်ဆိုတာ……တကယ်တော့အလကားပါ။ငတ်ပြတ်

လာတဲ့အခါ ချစ်တတ်တဲ့နှလုံးသားက အချစ်တွေမပေါက်

ဖွားတော့ဘူး။


အရေးကြီးတာက ပိုက်ဆံ.………!!


__________________________________________


အက္ခရာ


အခန်း(2) မျှော်ပေးမယ်မို့လားဟင် :-* :-*



rate now: