book

Index 1

Chapter 1


" ကျင်ရှို့ မင်း နားလည်မှုရှိစမ်းပါကွာ။ ချင်းချင်းက မင်းကိုငဲ့ပြီး ကိုယ့်ကို ငြင်းနေတာ။ ကြည့်စမ်း ချင်းချင်းက ဘယ်လောက်စိတ်ထားကောင်းလိုက်လဲ ကျင်ရှို့ မင်းအတုယူစမ်းပါ။ ကိုယ်တို့ကို မနှောင့်ယှက်နဲ့တော့"


တစ်ယောက်လက် တစ်ယောက်တွဲကာ ဂန္န၀င်အချစ်သူရဲကောင်းကြီးလို ခေါင်းကိုငုံ့ ၊ရင်ကိုကော့ထားတဲ့ အရှေ့ကလူသားက ရှန်ကျင်ရှို့ဆိုတဲ့ ကျွန်မနဲ့ တရားဝင်စေ့စပ်ထားတဲ့ ပိုင်လုဝေဖြစ်တယ်။ 


ကျင်၇ှို့ သက်ပြင်းသာ ချမိတယ်။


" ပိုင်လုဝေ လွန်ခဲ့တဲ့ငါးနှစ် ကျွန်မတို့ စစေ့စပ်တဲ့နေ့တုန်းကလည်း ကျွန်မက စိတ်သဘောထား နူးညံ့လှချည်ရဲ့ဆိုပြီး ရှင်ပဲ အဆက်မပြတ်ချီးမွန်းနေတာလေ။ အခုတော့ ဘယ်လိုဖြစ်ပြန်တာလဲ။ ငါးနှစ်လေးပဲ ရှိသေးတာလေ ရှင်က လုံးဝ ပြောင်းလဲသွားပြီလား"


ဒီစကားတွေ ပြောနေတယ်ဆိုတာ ပိုင်လုဝေကို လက်လွှတ်မခံနိုင်လို့ မဟုတ်။ အပြောင်းအလဲမြန်တဲ့ ယောင်္ကျားတွေရဲ့စိတ်ကို ဒီအတိုင်း သိချင်စိတ်ဖြစ်မိလို့ပါ။


" ကျင်ရှို့ အဲ့ဒိအချိန်တုန်းက ငါ့မှာ ချစ်ရမယ့်သူမရှိသေးလို့ မင်းကို သနားတဲ့အနေနဲ့ လက်ခံခဲ့တာလေ။ အခုတော့ ချင်းချင်းရှိနေပြီ။ မင်း ငါ့ကို လက်လွှတ်သင့်ပြီ"


ဟယ် ငါလည်း ပိုင်လုဝေလက်ကို မဆွဲထားမိပါလား။ ကျင်ရှို့စိတ်ထဲမှာ မျက်လုံးသာလှန်ပြလိုက်တော့တယ်။


ပိုင်လုဝေဆိုတာက ပိုင်မိသားစုရဲ့ ဒုတိယသား၊ ကျင်၇ှို့ထက် ငါးနှစ်ကြီးတယ်။


ကျင်ရှို့ငယ်ငယ်က သိပ်ချစ်ဖို့ကောင်းခဲ့တယ်။ ရှန်မိသားစုက ပိုင်မိသားစုလောက်တော့ မကြွယ်ဝတာမို့ သူတို့ဘက်က လာစေ့စပ်ကြောင်းလမ်းတဲ့အခါ တန်းပြီး လက်ခံခဲ့တာဖြစ်တယ်။ အဲ့ဒိအချိန်က ပိုင်လုဝေက အသက်နှစ်ဆယ်ဖြစ်ပြီးတော့ ကျင်ရှို့ကတော့ တစ်ဆယ့်ငါးနှစ်ပဲရှိသေးတယ်။ သူကသာ သူမကို အရင်စွဲလန်းပြီး တရားဝင်ဖြစ်စေလိုခဲ့တယ်။ 

ဒါပေမယ့် အခုတော့ သူ့ဘက်ကပဲ လက်လွှတ်ပေးဖို့ တောင်းဆိုနေပြန်တယ်။


ပိုင်လုဝေပြောတဲ့ ချင်းချင်းဆိုတာက ကျင်ရှို့ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ မိန်ဝေချင်းပါပဲ။ ဝေချင်းက ကျင်၇ှို့နဲ့ အလယ်တန်းလောက်ကတည်းက ပေါင်းလာခဲ့ကြတာဖြစ်တယ်။ ဒါပေမယ့် ရှားလင်ချွေ့နဲ့လောက်တော့ မရင်းနှီးဘူး။ 


ကျင်၇ှို့က မွေးကတည်းကစပြီး လူသ်ိများတယ်၊ ထင်ရှားတယ်လို့ ပြောရမယ်။ သူမလေးရဲ့ သိသာထင်ရှားတဲ့ ရုပ်၇ည်ကြောင့်ပဲပေါ့။ သိပ်ကြည့်ကောင်းတဲ့သူတွေကိုဆို တစ်ခါမြင်တာနဲ့ မှတ်မိတတ်ကြတယ်လေ။ ပြောရရင် လွန်ခဲ့တဲ့တစ်လလောက်ကအထိ ရုပ်၇ည်ပိုင်းဆိုင်ရာမှာဆို သူမကို ယှဉ်နိုင်တဲ့သူက လက်ချိုးရည်လို့ရခဲ့တယ်။ 


တမင်လုပ်တာလား တကယ် မတော်တဆလားတော့မ ပြောတတ်ပေမယ့် ဝေချင်းကြောင့် ကျင်ရှို့မျက်နှာပေါ်မှာ ဒဏ်ရာကြီးတစ်ခုဖြစ်သွားခဲ့တယ်။ အစကတော့ လူတွေက သနားကြတယ်၊ နှမြောကြတယ်။ နောက်တော့လည်း အမေ့ခံဖြစ်သွားတာပါပဲ။ အထူးသဖြင့် သူမကိုမှ မရရင် အရူးထောင်ထဲ ၀င်ရပါတော့မယ်ဆိုလို့ တစ်နှစ်အတွင်းမှာ လက်ထပ်ဖို့ သဘောတူလိုက်ရတဲ့ ပိုင်လုဝေ အပါအ၀င်ပေါ့။


ကျင်၇ှို့က အသားအရမ်းဖြူတယ်။ ဖြူစွတ်နေတာထက် ဖြူဝင်းပြီး နုရွနေတဲ့ပုံစံဆိုတော့ ပါးတစ်ဖက်မှာ နီရဲနေတဲ့ အမာရွတ်ကြီးရှိတဲ့အခါ အတော်ကို ထင်ရှားပြီး ကြည့်ရဆိုးသွားတယ်။ သိပ်ချစ်တယ်ဆိုတဲ့ ထိုသူဟာ ရုပ်ဆိုးတာကိုတော လက်မခံနိုင်ပုံပါပဲ။ တစ်နေ့မှာ သုံးခါလောက်မှ မတွေ့ရရင် ရူးတော့မလိုဖြစ်နေရာက တစ်လအတွင်းမှာ တစ်ခါတောင် လာမတွေ့လေတော့ဘူး။ 


အခုကတော့ ဒီတစ်လအတွင်း ပြန်တွေ့တဲ့ပထမဆုံးအကြိမ်ပါပဲ။


" ရှို့အာ နင် နင် ငါ့ကို စိတ်မဆိုးဘူးမလားဟင် ။ ငါ ငါကလေ "


ဝေချင်းက လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ပိုင်လုဝေကို ကြိုက်ခဲ့တာ။ ပိုင်မျိုးရိုးတစ်ခုထဲနဲ့တင် သူ့ကိုကြိုက်တဲ့ မိန်းကလေးတွေ အများကြီးရှိတာ သဘာဝပါပဲ။ မိန်ဝေချင်းရဲ့ မိသားစုက မပြည့်စုံတော့ ကျင်၇ှို့ကိုအကြောင်းပြပြီးတော့ပဲ ပိုင်လုဝေ အနားကို ကပ်နိုင်ခဲ့တာ။


" စိတ်မဆိုးပါဘူး။ ငါက အစကတည်းက နင့်ကို စိုးရိမ်နေတာ။ ချင်းချင်း နင် ပိုင်လုဝေကို အရမ်းကြိုက်တယ်ဆိုတာ ငါသိသားပဲ။ ဒီနှစ်တွေက ငါအမြဲအားနာနေခဲ့ရတာ။ ဒါကြောင့် နင်တို့ စိတ်သန့်သန့်နဲ့သာ နေကြပါ။ ငါလုံးဝ ၀င်ရှုပ်မှာမဟုတ်ဘူး။ "


" ရှို့အာ မင်း"


ပိုင်လုဝေက ကျင်ရှို့ကိုမယုံကြည်နိုင်သလို ကြည့်လာတယ်။ 


သူ့အကြည့်တွေက ဘာလို့ စိတ်ပျက်နေသလို ဖြစ်နေတာလဲ။ 


ဟေး ပိုင်မျိုးရိုးလူကြီးရေ ရှင့်လူကို ကျွန်မအကောင်းပြောပေးနေတာပါနော် ဟုတ်ပြီလား အဲ့လိုကြီး ဒေါသတကြီးတော့ မကြည့်ပါနဲ့။


' အကိုပိုင်ရယ် ခုနကပြောတဲ့စကားက ညီမက စတာပါ။ ဒီနှစ်တွေမှာ အကိုပိုင်က ညီမရဲ့ အကိုကြီးတစ်ယောက်လိုပါပဲ"


နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တဲ့ ပိုင်လုဝေက ဖြတ်သွားဖြတ်လာတွေကိုပါ သမင်လည်ပြန်ကြည့်စေလောက်အောင် ချောမောတာတော့ အမှန်ပဲ။ အခုလိုမျိုး တစ်ခုခု အလိုမကျနေတာတောင်မှ သူ့ဘေးက မိန်ဝေချင်းကို သားရည်မကျရုံတမယ် ငမ်းနေစေတယ်လေ။


အိမ်း ငါရုပ်ဆိုးသွားပေမယ့် သူက ကြိုက်နေသေးတာတော့ မဟုတ်ဘူးမလား မဖြစ်နိုင်တာချည်း။ 


ထိုလူ့ကို လျစ်လျူရှုလိုက်ပြီး ဘေးကိုပဲ ခေါင်းလည်ကာကြည့်နေတဲ့ မိန်ဝေချင်းလက်တစ်ဖက်ကို လှမ်းပုတ်လိုက်တယ်။


"ချင်းချင်း နင်တို့ စေ့စပ်ရင်တော့ ငါ့ကိုဖိတ်ဦးနော် ဟုတ်ပြီလား။ ငါနဲ့ကိစ္စကိုတော့ စိတ်မပူနဲ့ အဆင်ပြေအောင် ငါလုပ်လိုက်မယ်။အခုတော့ သွားလိုက်ဦးမယ်"


မိန်ဝေချင်းက ကျင်ရှို့လှည့်ထွက်လာမှသာ မျက်လုံးပြူး မျက်စံပြူးနဲ့ ကျန်ခဲ့တယ်။ 


ပိုင်လုဝေက လိုက်လာဖို့ပြင်တာကို မိန်ဝေချင်း  လှမ်းဆွဲထားခဲ့တာကိုလည်း မျက်လုံးထောင့်ကနေ မြင်ခဲ့ရသေးတယ်။


မိန်းမတွေရဲ့ မသိစိတ်က သိပ်မှန်တယ်ဆိုတာ ဟုတ်ပုံပဲ။ ဒါပေမယ့်လည်း သစ္စာဖောက်တာဟာ သစ္စာဖောက်တာပဲမို့ ထပ်ပြီး အခွင့်အရေးပေးတယ်ဆိုတာဟာ ရှိလာမှာမဟုတ်ဘူး။ 


ပိုင်လုဝေကို စမ်းသပ်ခဲ့တယ်။ 

သူမသာ တမင်မဖြစ်စေခဲ့ရင် မိန်ဝေချင်းက ကျင်ရှို့မျက်နှာပေါ်ကိုအက်စစ်နဲ့ ပက်နိုင်ခဲ့ပါ့မလား။ 


ကျင်ရှို့ ပါးတစ်ဖက်က အမာရွတ်ကို ခပ်ဖွဖွ ပွတ်လိုက်တယ်။


" တော်ပါသေးတယ် မျက်လုံးကို မထိသွားလို့။ "


ကော်ဖီဆိုင်ထဲက ထွက်ပြီး အသင့်စောင့်နေတဲ့ ကားပေါ်တက်သွားတဲ့အထိကို ဆိုင်တွင်းက တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်ကာ ငေးမောကြည့်နေခဲ့တယ်။ 


" အကိုပိုင် အကိုပိုင်လို့"


ဘေးနားကပ်ကာ စူစူစောင့်စောင့်လေးခေါ်မှ အသိဝင်ကာ ပြန်လှည့်ကြည့်လာတဲ့ပိုင်လုဝေကို မိန်ဝေချင်း လှပစွာပြုံးပြလိုက်တယ်။ 

တောင့်တင်းတဲ့ လက်မောင်းပေါ် ခေါင်းမှီချလိုက်ပေမယ့် ပိုင်လု​ေ၀က ခပ်တောင့်တောင့်သာ။


မိန်ဝေချင်းရဲ့အလှက တမူထူးခြားပြီး အရမ်းကို ဆွဲဆောင်မှုရှိတဲ့အထဲပါတာမို့ ပိုင်လုဝေလိုလူမျိုးကို ရယူနိုင်ခဲ့တာဆိုပေမယ့် အရင်က ရှန်ကျင်ရှို့နဲ့တော့ လုံးဝကို ယှဉ်လို့မရနိုင်သေးဘူး။ 


ရှန်ကျင်ရှို့ဆိုတဲ့ ဟိုးငယ်ငယ်လေးကတည်းက သူမအမြဲမနာလိုလာခဲ့ရတဲ့ မိန်းမက အခုဆိုရင် အကျည်းတန်ရုပ်ဆိုးဖြစ်သွားပြီ။ 


ဟမ့် နင့်ကို ဘယ်သူမှ ကြိုက်တော့မှာမဟုတ်ဘူး။


မိန်ဝေချင်း ကိုယ့်အတွေးကို ကျေနပ်သွားပြီး သူမဘေးက ပြီးပြည့်စုံတဲ့လူသားကို မော့ကြည့်လိုက်ပြန်တော့ လမ်းမဘက်ကို ငေးနေတာ တွေ့ရပြန်တယ်။

စိတ်ထဲလေးသွားရတာဟာ ဘာကြောင့်များလဲ။


တကယ်ပဲ ရုပ်ရည်က အရာအားလုံး ဟုတ်ရဲ့လား။



-----------------------------


" သမီးလေး ဒီကိစ္စကို လွယ်လွယ်ပဲလက်ခံလိုက်တယ်ပေါ့ မေမေတော့ လုံးဝကို နားမလည်တော့ဘူး။ သမီးပဲ ပိုင်လုဝေက လက်ခံနိုင်တဲ့လူကောင်းတစ်ယောက်လို့ ပြောခဲ့တာမလား"


ပိုင်လုဝေတော့ ထင်ထားမိမှာမဟုတ်ဘူး၊ သူမကို အသင့်စောင့်နေတဲ့ကားပေါ်မှာ သူ မတော်ဖြစ်ခဲ့တဲ့ ယောက္ခမလောင်းလျာပါနေတယ်ဆိုတာကိုလေ။ 


ကျင်ရှို့ နောက်ကို ပျင်းတိပျင်းရွဲ မှီချလိုက်တယ်။


" အထင်မှားခဲ့တာနေမှာပေါ့ မေမေရာ။ လောကမှာ ရုပ်ရည်က အဓိကပဲ ထင်တယ်။ "


ကျင်ရှို့ ငြီးငြီးငြူငြူပြောတော့ အမေရှန်က မျက်ရည်စို့လာတယ်။ ကျင်ရှို့အနေနဲ့ကတော့ ယောင်္ကျားရမှ ၊ ယောင်္ကျားကို အားကိုးနိုင်မှဆိုပြီး အတွေးတွေမရှိပါဘူး။ ဒါပေမယ့် ပိုင်လုဝေကိုတော့ တကယ်စိတ်ပျက်မိတယ်၊ နှမြောတယ်လို့ ပြောရမလားပဲ။ 


ပိုင်လုဝေကို ငါးနှစ်လုံးလုံး နေ့တိုင်းနေ့တိုင်း တွေ့နေခဲ့ရတယ်။ သူက သူမကို သိပ်ဂရုစိုက်ခဲ့တယ်။ သိပ်ကြင်နာခဲ့တယ်။ ပြောရရင်တော့ သိပ်ချစ်ပြခဲ့တယ်ပေါ့။ ကျင်ရှို့လည်း သံယောဇဉ်တွယ်လာခဲ့တယ်။ အရပ်ရှည်၊ရုပ်ချော၊ နောက်ခံကောင်းပြီး ကိုယ့်ကိုသိပ်ချစ်လွန်းတဲ့ယောင်္ကျားတစ်ယောက်ကို ရင်မခုန်မိတဲ့ မိန်းမဆိုတာ ရှိခဲပါတယ်။ 


အစကတော့ ပိုင်လုဝေနဲ့ ပက်သတ်ပြီး များများစားစား မတွေးဖြစ်ခဲ့ဘူး။ နဂိုကတည်းက အချစ်ကို မယုံကြည်တာမို့လို့ အချိန်တန်ရင် သူ့ဘာသာပြီးသွားမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ပိုင်လုဝေရဲ့ချစ်မြတ်နိုးမှုတွေကြောင့် အချစ်ကို ကျင်ရှို့သိချင်လာတယ်။ တွေးမိလာတယ်။ အခြားသူတွေရဲ့ အားကျတဲ့အကြည့်တွေကို သဘာကျလာတယ်။ 


ဒါကြောင့် ပိုင်လုဝေဘက်က တစ်နှစ်အတွင်းလက်ထပ်ရအောင်လို့ ဆိုလာတဲ့အခါ သေချာစဉ်းစားဖြစ်ခဲ့တယ်။


သူမကို အရမ်းချစ်တဲ့လူတစ်ယောက်နဲ့ လက်ထပ်လိုက်တဲ့အခါ အိမ်ထာင်ရေးက တကယ်ပဲ သာယာမယ်လို့ တွေးမိလာတယ်။ 


ပိုင်လုဝေက သူမကလွဲပြီး ဘယ်မိန်းကလေးကိုမှ မမြင်တဲ့အခါ သူမတကယ်ပဲ ကံကောင်းတာလားလို့ ယုံကြည်မိလာတယ်။ တကယ်တော့ သူမရဲ့ရုပ်ရည်ကြောင့်သာ ကံကောင်းခဲ့တာပဲ။


ကားမှန်အပြင်ဘက်ကို ငေးရင်း ကျင်ရှို့ သက်ပြင်းချဖြစ်တယ်။


ကျင်ရှို့ နာကျင်တာကို သိပ်ကြောက်တယ်။ စိတ်ခံစားလွယ်ပြီးတော့ အရမ်းကို အသည်းငယ်တဲ့အထဲပါတယ်။ ဒါပေမယ့် မိန်ဝေချင်းက အက်စစစ်နည်းနည်းပါတဲ့ပုလင်းနဲ့ သူမကို ပက်ဖို့လုပ်တာကို မြင်တဲ့အခါ သူမခေါင်းထဲ အတွေးတစ်ခုပဲ ၀င်လာတယ်။


ပိုင်လုဝေနဲ့ လက်ထပ်ဖို့ စဉ်းစားတဲ့အခါ ရှားလင်ချွေ့ရဲ့ 

' သူက နင့်ကိုကြိုက်တာမဟုတ်ဘူး၊ နင့်မျက်နှာကိုပဲ ကြိုက်တာ၊ နင်သာရုပ်ဆိုးကြည့် ကြိုက်ပါ့မလား' 

လို့ မနာလိုလိုနဲ့ နောက်ပြောခဲ့တာကိုပဲ ခေါင်းထဲစွဲနေခဲ့တယ်။


ဒါကြောင့် မိန်ဝေချင်းကို မတားဘဲ တမင်အပက်ခံခဲ့တယ်။ 


ပါးတစ်ဖက် ပူလောင်ပြီး နာကျင်လာမှ နောင်တရလာတယ်၊ ပိုင်လုဝေကများ တကယ်ပစ်သွားခဲ့ရင်ဆိုပြီး ........

 အဲ့လိုအတွေးကြောင့်သာ အဲ့ဒိအချိန်က သတိလစ်တဲ့အထိ ငိုခဲ့မိတာဖြစ်တယ်။


ပြန်တွေးရုံနဲ့တင် ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာပြန်တော့ အမေမမြင်ခင် အမြန်ပွတ်သုတ်လိုက်ရတယ်။ 


ငါသာ အဲ့လိုမလုပ်ခဲ့ရင် ....

 ငါသာ ရုပ်မဆိုးခဲ့ရင် ........

ပိုင်လုဝေက ငါ့ကိုပဲ ချစ်နေဦးမှာပဲ။


ကျင်ရှို့ နင် မိုက်လိုက်တာ..... 


---------------------------------------


ဒေါက်အမြင့်ကြီးစီးကာ ကျော့ရှင်းတဲ့ အနီရောင်ဝတ်စုံကို ၀တ်ထားတဲ့မိန်းမတစ်ယောက်က ခါးထောက်ကာ မတ်တပ်ရပ်နေတယ်။ တစ်စုတစ်စီးထဲ ချည်နှောင်ထားတဲ့ ဆံပင်တွေကြောင့် သူမရဲ့လည်တိုင်ကျော့ကျော့လေးက ထင်းနေတယ်။ စူးရှုတောက်ပတဲ့ မျက်လုံးတွေနဲ့ လှပတဲ့မျက်နှာလေးက ဒေါသတကြီးဖြစ်နေတဲ့အခါ ကြောင်ရိုင်းလေး မာန်ခီနေသလို မြင်ရသူကို အသည်းတယားယားဖြစ်စေ​ေလတယ်။


" ရွှီယွီယန် ကိုကို...."


သို့ပေမယ့် နားကွဲမတတ် စူးရှုတဲ့ အော်သံကြီးထွက်လာတဲ့အခါမှာတော့ အနီးအနားက လူတွေအားလုံး အသိဝင်ကာ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ရင်း နားကို ဂွမ်းစို့ထားလိုက်ကြတယ်။


" ကိုကို ကိုကို ကိုကိုရွှီယွီယန် နင်ဘယ်တောမှ အိမ်ပြန်လာမှာလဲဟမ်။ အမေက နင့်ကို နေ့တိုင်းမေးနေတယ်။ နင့်ကို မတွေ့ရမချင်း ငါ့ကို နားငြီးနေတာဟ ဒါကို နင်က ဒီမှာအေးအေးဆေးဆေး နေနေတယ်ပေါ့။ ရွှီယွီယန် နင်ဒီနေ့ အိမ်ပြန်မလာရင် ငါနင့်ကို ဂုတ်ကဆွဲပြီး ခေါ်သွားမယ်"


တံတောင်ဆစ်နား မရောက်တရောက်ဖြစ်တဲ့ အင်္ကျီလက်ကို သူမက ဒေါသတကြီါ်း ပင့်တင်တယ်။ ရှူရှူရှားရှားဖြစ်ကာ စိတ်ဆိုးနေပုံလေးက ချစ်စရာလေးဆိုပေမယ့် သူမဘယ်လောက်ကြောက်ဖို့ကောင်းမှန်း ရင်းနှီးတဲ့သူတွေသာ သိတယ်။


" မိန်မိန် မင်း ယွီယန်ကို ပြောချင်ရင် အထဲဝင်ပြောလေ။ အခန်းအပြင်ကနေပြောမှတော့ သူ ဘယ်လိုကြားမှာလဲ။ "


သူမကို လာချွန်တဲ့သူကို ရွှီယိမိန် ခပ်စူးစူးကြည့်ပေးလိုက်တယ်။


" လင်းစစ်ချုံး နင် နာချင်နေတာလား။ ငါသာ ကိုကို့ကို တိုက်ရိုက်ပြောရဲမှတော့ အခုလို အပြင်ကနေ ပေါက်ကွဲနေပါ့မလား ဟမ်"


အကိုဖြစ်သူကို မပြောရဲတာမို့ ပြောရဲတဲ့ လင်းစစ်ချုံးကိုသာ ဖိဟောက်လိုက်တယ်။


ယိမိန်နဲ့ ယွီယန်က သုံးနှစ်ကွာတဲ့ မောင်နှမတွေဆိုပေမယ့် အရမ်းတည်ကြည်တဲ မျက်နှာသေဘောစ့်ရွှီယွီယန်ကိုတော့ အတော်၇ှိန်ပေတယ်။ သူမတင်မဟုတ် မိဘတွေကပါ အမူအယာမပြောင်းတတ်တဲ့ မျက်နှာသေကိုကြည့်ပြီး တွန့်ရတယ်။


လင်းစစ်ချုံးဆိုတဲ့ ရွှီယွီယန်နဲ့ အရမ်းရင်းနှီးတဲ့သူငယ်ချင်းသာမရှိရင် ရွှီယွီယန်ကို စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတယ်ဆိုပြီး ဆရာဝန်နဲ့ တိုင်ပင်တော့မှာပင်။


တွေးနေရင်းမှ သူမရှေ့မှ လင်းစစ်ချုံးကို ယိမိန် သေချာကြည့်လိုက်တယ်။


အမြဲသန့်သန့်ပြန့်ပြန့်ဝတ်တတ်တဲ့ လင်းစစ်ချုံးက ဒီနေ့လည်း ရှင်းသန့်နေတဲ့ အပြာရောင်ပေါ့ပေါ့ပါးပါး ၀တ်စုံကိုဝတ်ထားတယ်။ သူမအကိုကို ဖယ်ထားလိုက်ရင် ရုပ်ရည်ပိုင်းဆိုင်ရာမှာ လင်းစစ်ချုံးက ထိပ်တန်းမှာ ရှိတယ်။ 


သူများတွေပြောနေကြသလို ၊

အမေတို့ စိတ်ပူနေကြသလို ကိုကိုနဲ့ လင်းစစ်ချုံးက.....


သူ့ကို ကြောက်စရာကောင်းတဲ့ အကြည့်တွေ ပို့လွှတ်နေတဲ့ ရွှီယိမိန်ကြောင့် လင်းစစ်ချုံး မျက်နှာမဲ့သွားတယ်။


ဘာလဲ ငါ့ကို ဘယ်လိုလာကြည့်နေတာလဲ။ ဒီနေ့တွေမှာ ငါ့ကိုတွေ့တဲ့လူတိုင်းနီးပါးက ဘာလို့ ကြောက်စရာကောင်းအောင် ကြည့်နေကြတာလဲ။ ဟမ် ဟမ် အဲ့ဒိဖယောင်းရုပ်ကိုယ်တော်နဲ့ ငါ့ကို ပေးစားနေကြတာတွေ တော်ပါတော့..... 


ရင်ထဲမှာငိုချင်းချနေပေမယ့် အပြင်ဘက်မှာတော့ မျက်စိကျိန်းလောက်အောင် တောက်ပစေတဲ့ အပြုံးတစ်ခုကို ပေးလိုက်တယ်။ 


" မိန်မိန် ညီမလေး အထဲမ၀င်ဘူးဆိုရင် အကိုပဲ ၀င်သွားတော့မယ်"



" နေဦး ..."


ရွှီယိမိန်က ယွီယန်ကိုဆို ကြောက်သလောက် ကျန်တဲ့လူတွေကိုဆို လုံးဝမလေးစား။ သူ့ကိုလည်း တစ်ခါမှ လေးလေးစားစား ဆက်ဆံတာမဟုတ်။ အခုလည်း ပြန်ပိတ်တော့မယ်တံခါးကို ခြေထောက်နဲ့ခံပြီး သူ့ကို အော်လားဟောက်လား လုပ်နေပြန်ပြီ။


အမြင်ကတ်တာနဲ့ ကိုင်ထားတဲ့တံခါးကို အားနဲ့ပြန်ပိတ်ပေးလိုက်တော့ နှဖူးကိုစောင့်မိသံကြားရလေတယ်။


" လင်းစစ်ချုံး....."

အသံက ခပ်တိုးတိုးသာ ။


အကြောင်းက စာရွက်စာတမ်းအထပ်လိုက်ပါတဲ့ဖိုင်ကြီးကို ဖတ်ရှုနေတဲ့ ကိုယ်တော်က မော့ကြည့်လာတာမို့...


" ကိုကို ကိုကို့ကို မေမေက တွေ့ချင်နေတယ် ၊ ကိုကို ဘယ်တော့ အိမ်ပြန်လာမှာလဲ"


ရွှီယွီယန်က တစ်ချက်သာကြည့်ပြီး သူ့အလုပ်သူ ဆက်လုပ်တယ်။


မနေနိုင်တဲ့ လင်းစစ်ချုံးကပဲ ၀င်ပြောရတော့တယ်။


" ယွီယန် မင်းအိမ်က ကြင်ဖက်မတွေ့ခိုင်းတဲ့နေ့မှ မင်းအိမ်ပြန်တော့မှာမလား"


" ပါးစပ်ပိတ်"


လင်းစစ်ချုံးက သာမန်ပဲပြောလိုက်ပေမယ့် ယိမိန်ကတော့ မနာလိုနေတယ်လို့ ထင်သွားရှာတယ်။ သူမက လင်းစစ်ချုံးကို အငြိုးကြီးစွာကြည့်နေတယ်။ 


ဒီလူ သူသိပ်ချောတိုင်း ငါ့အကိုကို ဂေးအောင်လုပ်နေတာ။


ဘာမှမသိရှာတဲ့ လင်းစစ်ချုံး:"...."




၇ွှီယွီယန်:" အားချုံးပြောတာ မှန်တယ်။ အမေက မနှောင့်ယှက်တဲ့နေ့မှ ငါအိမ်ပြန်မယ်"


" အေးပေါ့ မင်းမှာ အိမ်တွေအများကြီး ရှိတာပဲ။ မင်းအခုနေတဲ့အိမ်ဆို တော်တော်အဆင်ပြေတယ်။ အမေငါ့ကို အဲ့ဘက်မှာ အိမ်ဝယ်ခိုင်းတော့ ငါငြင်းလိုက်တာ မှားသွားတာပဲ။ မဟုတ်ရင် နေရာကောင်းမှာ ငါပြောင်းနေလို့ ရမှာ"


လင်းစစ်ချုံးက ကြေကွဲနေဟန်နဲ့ပြောတော့ ရွှီယွီယန် မျက်မှောင်ကြုတ်ကြည့်တယ်။


" မင်း ငါ့အိမ်မှာ လိုက်အိပ်နေတာ ၂လရှိပြီလေ"


" ရှင် ရှင်တို့..."


ရှင်တို့က အတူတောင်.... အတူတူတောင်...


ယိမိန်က ပါးစပ်ကို လက်လေးတစ်ဖက်နဲ့အုပ်ပြီး လင်းစစ်ချုံးကို ဒေါသတကြီးကြည့်လာတဲ့အခါ လင်းစစ်ချုံးမှာ ငိုချင်းချချင်လာတယ်။


ညီမလေးရေ မင်းအကိုက ငါ့ကို ဧည့်ခန်းမှာပဲ အိပ်ခိုင်းတာပါ ဟုတ်ပြီလား။ ဧည့်ခန်းကတောင် ကောင်းလွန်းလို့ အိမ်မပြန်တာပါ နားလည်လား ဟမ်။ 


" ရှင် ...ဟမ့် ကိုကို ငါ နင့်ကို မေမေနဲ့ တိုင်ပြော...မယ်"


နောက်ဆုံးစကားက ရွှီယွီယန်ရဲ့ နားမလည်သလိုအကြည့်ကြောင့် ထစ်သွားပြီးမှ လင်းစစ်ချုံးကို ကျိန်စာတိုက်၇င်း ယိမိန်ပြန်သွားတယ်။


အပြစ်ကင်းသော လင်းစစ်ချုံး:"........."


-------------------

Zawgyi



" က်င္ရွို႔ မင္း နားလည္မႈရွိစမ္းပါကြာ။ ခ်င္းခ်င္းက မင္းကိုငဲ့ၿပီး ကိုယ့္ကို ျငင္းေနတာ။ ၾကည့္စမ္း ခ်င္းခ်င္းက ဘယ္ေလာက္စိတ္ထားေကာင္းလိုက္လဲ က်င္ရွို႔ မင္းအတုယူစမ္းပါ။ ကိုယ္တို႔ကို မေႏွာင့္ယွက္နဲ႕ေတာ့"


တစ္ေယာက္လက္ တစ္ေယာက္တြဲကာ ဂႏၷ၀င္အခ်စ္သူရဲေကာင္းႀကီးလို ေခါင္းကိုငုံ႕ ၊ရင္ကိုေကာ့ထားတဲ့ အေရွ႕ကလူသားက ရွန္က်င္ရွို႔ဆိုတဲ့ ကြၽန္မနဲ႕ တရားဝင္ေစ့စပ္ထားတဲ့ ပိုင္လုေဝျဖစ္တယ္။ 


က်င္၇ွို႔ သက္ျပင္းသာ ခ်မိတယ္။


" ပိုင္လုေဝ လြန္ခဲ့တဲ့ငါးႏွစ္ ကြၽန္မတို႔ စေစ့စပ္တဲ့ေန႕တုန္းကလည္း ကြၽန္မက စိတ္သေဘာထား ႏူးညံ့လွခ်ည္ရဲ႕ဆိုၿပီး ရွင္ပဲ အဆက္မျပတ္ခ်ီးမြန္းေနတာေလ။ အခုေတာ့ ဘယ္လိုျဖစ္ျပန္တာလဲ။ ငါးႏွစ္ေလးပဲ ရွိေသးတာေလ ရွင္က လုံးဝ ေျပာင္းလဲသြားၿပီလား"


ဒီစကားေတြ ေျပာေနတယ္ဆိုတာ ပိုင္လုေဝကို လက္လႊတ္မခံနိုင္လို႔ မဟုတ္။ အေျပာင္းအလဲျမန္တဲ့ ေယာကၤ်ားေတြရဲ႕စိတ္ကို ဒီအတိုင္း သိခ်င္စိတ္ျဖစ္မိလို႔ပါ။


" က်င္ရွို႔ အဲ့ဒိအခ်ိန္တုန္းက ငါ့မွာ ခ်စ္ရမယ့္သူမရွိေသးလို႔ မင္းကို သနားတဲ့အေနနဲ႕ လက္ခံခဲ့တာေလ။ အခုေတာ့ ခ်င္းခ်င္းရွိေနၿပီ။ မင္း ငါ့ကို လက္လႊတ္သင့္ၿပီ"


ဟယ္ ငါလည္း ပိုင္လုေဝလက္ကို မဆြဲထားမိပါလား။ က်င္ရွို႔စိတ္ထဲမွာ မ်က္လုံးသာလွန္ျပလိုက္ေတာ့တယ္။


ပိုင္လုေဝဆိုတာက ပိုင္မိသားစုရဲ႕ ဒုတိယသား၊ က်င္၇ွို႔ထက္ ငါးႏွစ္ႀကီးတယ္။


က်င္ရွို႔ငယ္ငယ္က သိပ္ခ်စ္ဖို႔ေကာင္းခဲ့တယ္။ ရွန္မိသားစုက ပိုင္မိသားစုေလာက္ေတာ့ မႂကြယ္ဝတာမို႔ သူတို႔ဘက္က လာေစ့စပ္ေၾကာင္းလမ္းတဲ့အခါ တန္းၿပီး လက္ခံခဲ့တာျဖစ္တယ္။ အဲ့ဒိအခ်ိန္က ပိုင္လုေဝက အသက္ႏွစ္ဆယ္ျဖစ္ၿပီးေတာ့ က်င္ရွို႔ကေတာ့ တစ္ဆယ့္ငါးႏွစ္ပဲရွိေသးတယ္။ သူကသာ သူမကို အရင္စြဲလန္းၿပီး တရားဝင္ျဖစ္ေစလိုခဲ့တယ္။ 

ဒါေပမယ့္ အခုေတာ့ သူ႕ဘက္ကပဲ လက္လႊတ္ေပးဖို႔ ေတာင္းဆိုေနျပန္တယ္။


ပိုင္လုေဝေျပာတဲ့ ခ်င္းခ်င္းဆိုတာက က်င္ရွို႔ရဲ႕ သူငယ္ခ်င္းအရင္းႀကီးျဖစ္တဲ့ မိန္ေဝခ်င္းပါပဲ။ ေဝခ်င္းက က်င္၇ွို႔နဲ႕ အလယ္တန္းေလာက္ကတည္းက ေပါင္းလာခဲ့ၾကတာျဖစ္တယ္။ ဒါေပမယ့္ ရွားလင္ေခြၽ႕နဲ႕ေလာက္ေတာ့ မရင္းႏွီးဘူး။ 


က်င္၇ွို႔က ေမြးကတည္းကစၿပီး လူသ္ိမ်ားတယ္၊ ထင္ရွားတယ္လို႔ ေျပာရမယ္။ သူမေလးရဲ႕ သိသာထင္ရွားတဲ့ ႐ုပ္၇ည္ေၾကာင့္ပဲေပါ့။ သိပ္ၾကည့္ေကာင္းတဲ့သူေတြကိုဆို တစ္ခါျမင္တာနဲ႕ မွတ္မိတတ္ၾကတယ္ေလ။ ေျပာရရင္ လြန္ခဲ့တဲ့တစ္လေလာက္ကအထိ ႐ုပ္၇ည္ပိုင္းဆိုင္ရာမွာဆို သူမကို ယွဥ္နိုင္တဲ့သူက လက္ခ်ိဳးရည္လို႔ရခဲ့တယ္။ 


တမင္လုပ္တာလား တကယ္ မေတာ္တဆလားေတာ့မ ေျပာတတ္ေပမယ့္ ေဝခ်င္းေၾကာင့္ က်င္ရွို႔မ်က္ႏွာေပၚမွာ ဒဏ္ရာႀကီးတစ္ခုျဖစ္သြားခဲ့တယ္။ အစကေတာ့ လူေတြက သနားၾကတယ္၊ ႏွေျမာၾကတယ္။ ေနာက္ေတာ့လည္း အေမ့ခံျဖစ္သြားတာပါပဲ။ အထူးသျဖင့္ သူမကိုမွ မရရင္ အ႐ူးေထာင္ထဲ ၀င္ရပါေတာ့မယ္ဆိုလို႔ တစ္ႏွစ္အတြင္းမွာ လက္ထပ္ဖို႔ သေဘာတူလိုက္ရတဲ့ ပိုင္လုေဝ အပါအ၀င္ေပါ့။


က်င္၇ွို႔က အသားအရမ္းျဖဴတယ္။ ျဖဴစြတ္ေနတာထက္ ျဖဴဝင္းၿပီး ႏု႐ြေနတဲ့ပုံစံဆိုေတာ့ ပါးတစ္ဖက္မွာ နီရဲေနတဲ့ အမာ႐ြတ္ႀကီးရွိတဲ့အခါ အေတာ္ကို ထင္ရွားၿပီး ၾကည့္ရဆိုးသြားတယ္။ သိပ္ခ်စ္တယ္ဆိုတဲ့ ထိုသူဟာ ႐ုပ္ဆိုးတာကိုေတာ လက္မခံနိုင္ပုံပါပဲ။ တစ္ေန႕မွာ သုံးခါေလာက္မွ မေတြ႕ရရင္ ႐ူးေတာ့မလိုျဖစ္ေနရာက တစ္လအတြင္းမွာ တစ္ခါေတာင္ လာမေတြ႕ေလေတာ့ဘူး။ 


အခုကေတာ့ ဒီတစ္လအတြင္း ျပန္ေတြ႕တဲ့ပထမဆုံးအႀကိမ္ပါပဲ။


" ရွို႔အာ နင္ နင္ ငါ့ကို စိတ္မဆိုးဘူးမလားဟင္ ။ ငါ ငါကေလ "


ေဝခ်င္းက လြန္ခဲ့တဲ့ငါးႏွစ္ကတည္းက ပိုင္လုေဝကို ႀကိဳက္ခဲ့တာ။ ပိုင္မ်ိဳးရိုးတစ္ခုထဲနဲ႕တင္ သူ႕ကိုႀကိဳက္တဲ့ မိန္းကေလးေတြ အမ်ားႀကီးရွိတာ သဘာဝပါပဲ။ မိန္ေဝခ်င္းရဲ႕ မိသားစုက မျပည့္စုံေတာ့ က်င္၇ွို႔ကိုအေၾကာင္းျပၿပီးေတာ့ပဲ ပိုင္လုေဝ အနားကို ကပ္နိုင္ခဲ့တာ။


" စိတ္မဆိုးပါဘူး။ ငါက အစကတည္းက နင့္ကို စိုးရိမ္ေနတာ။ ခ်င္းခ်င္း နင္ ပိုင္လုေဝကို အရမ္းႀကိဳက္တယ္ဆိုတာ ငါသိသားပဲ။ ဒီႏွစ္ေတြက ငါအၿမဲအားနာေနခဲ့ရတာ။ ဒါေၾကာင့္ နင္တို႔ စိတ္သန႔္သန႔္နဲ႕သာ ေနၾကပါ။ ငါလုံးဝ ၀င္ရႈပ္မွာမဟုတ္ဘူး။ "


" ရွို႔အာ မင္း"


ပိုင္လုေဝက က်င္ရွို႔ကိုမယုံၾကည္နိုင္သလို ၾကည့္လာတယ္။ 


သူ႕အၾကည့္ေတြက ဘာလို႔ စိတ္ပ်က္ေနသလို ျဖစ္ေနတာလဲ။ 


ေဟး ပိုင္မ်ိဳးရိုးလူႀကီးေရ ရွင့္လူကို ကြၽန္မအေကာင္းေျပာေပးေနတာပါေနာ္ ဟုတ္ၿပီလား အဲ့လိုႀကီး ေဒါသတႀကီးေတာ့ မၾကည့္ပါနဲ႕။


' အကိုပိုင္ရယ္ ခုနကေျပာတဲ့စကားက ညီမက စတာပါ။ ဒီႏွစ္ေတြမွာ အကိုပိုင္က ညီမရဲ႕ အကိုႀကီးတစ္ေယာက္လိုပါပဲ"


ႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္တဲ့ ပိုင္လုေဝက ျဖတ္သြားျဖတ္လာေတြကိုပါ သမင္လည္ျပန္ၾကည့္ေစေလာက္ေအာင္ ေခ်ာေမာတာေတာ့ အမွန္ပဲ။ အခုလိုမ်ိဳး တစ္ခုခု အလိုမက်ေနတာေတာင္မွ သူ႕ေဘးက မိန္ေဝခ်င္းကို သားရည္မက်႐ုံတမယ္ ငမ္းေနေစတယ္ေလ။


အိမ္း ငါ႐ုပ္ဆိုးသြားေပမယ့္ သူက ႀကိဳက္ေနေသးတာေတာ့ မဟုတ္ဘူးမလား မျဖစ္နိုင္တာခ်ည္း။ 


ထိုလူ႕ကို လ်စ္လ်ဴရႈလိုက္ၿပီး ေဘးကိုပဲ ေခါင္းလည္ကာၾကည့္ေနတဲ့ မိန္ေဝခ်င္းလက္တစ္ဖက္ကို လွမ္းပုတ္လိုက္တယ္။


"ခ်င္းခ်င္း နင္တို႔ ေစ့စပ္ရင္ေတာ့ ငါ့ကိုဖိတ္ဦးေနာ္ ဟုတ္ၿပီလား။ ငါနဲ႕ကိစၥကိုေတာ့ စိတ္မပူနဲ႕ အဆင္ေျပေအာင္ ငါလုပ္လိုက္မယ္။အခုေတာ့ သြားလိုက္ဦးမယ္"


မိန္ေဝခ်င္းက က်င္ရွို႔လွည့္ထြက္လာမွသာ မ်က္လုံးျပဴး မ်က္စံျပဴးနဲ႕ က်န္ခဲ့တယ္။ 


ပိုင္လုေဝက လိုက္လာဖို႔ျပင္တာကို မိန္ေဝခ်င္း  လွမ္းဆြဲထားခဲ့တာကိုလည္း မ်က္လုံးေထာင့္ကေန ျမင္ခဲ့ရေသးတယ္။


မိန္းမေတြရဲ႕ မသိစိတ္က သိပ္မွန္တယ္ဆိုတာ ဟုတ္ပုံပဲ။ ဒါေပမယ့္လည္း သစၥာေဖာက္တာဟာ သစၥာေဖာက္တာပဲမို႔ ထပ္ၿပီး အခြင့္အေရးေပးတယ္ဆိုတာဟာ ရွိလာမွာမဟုတ္ဘူး။ 


ပိုင္လုေဝကို စမ္းသပ္ခဲ့တယ္။ 

သူမသာ တမင္မျဖစ္ေစခဲ့ရင္ မိန္ေဝခ်င္းက က်င္ရွို႔မ်က္ႏွာေပၚကိုအက္စစ္နဲ႕ ပက္နိုင္ခဲ့ပါ့မလား။ 


က်င္ရွို႔ ပါးတစ္ဖက္က အမာ႐ြတ္ကို ခပ္ဖြဖြ ပြတ္လိုက္တယ္။


" ေတာ္ပါေသးတယ္ မ်က္လုံးကို မထိသြားလို႔။ "


ေကာ္ဖီဆိုင္ထဲက ထြက္ၿပီး အသင့္ေစာင့္ေနတဲ့ ကားေပၚတက္သြားတဲ့အထိကို ဆိုင္တြင္းက တစ္စုံတစ္ေယာက္က မ်က္ေမွာင္ၾကဳတ္ကာ ေငးေမာၾကည့္ေနခဲ့တယ္။ 


" အကိုပိုင္ အကိုပိုင္လို႔"


ေဘးနားကပ္ကာ စူစူေစာင့္ေစာင့္ေလးေခၚမွ အသိဝင္ကာ ျပန္လွည့္ၾကည့္လာတဲ့ပိုင္လုေဝကို မိန္ေဝခ်င္း လွပစြာၿပဳံးျပလိုက္တယ္။ 

ေတာင့္တင္းတဲ့ လက္ေမာင္းေပၚ ေခါင္းမွီခ်လိဳက္ေပမယ့္ ပိုင္လု​ေ၀က ခပ္ေတာင့္ေတာင့္သာ။


မိန္ေဝခ်င္းရဲ႕အလွက တမူထူးျခားၿပီး အရမ္းကို ဆြဲေဆာင္မႈရွိတဲ့အထဲပါတာမို႔ ပိုင္လုေဝလိုလူမ်ိဳးကို ရယူနိုင္ခဲ့တာဆိုေပမယ့္ အရင္က ရွန္က်င္ရွို႔နဲ႕ေတာ့ လုံးဝကို ယွဥ္လို႔မရနိုင္ေသးဘူး။ 


ရွန္က်င္ရွို႔ဆိုတဲ့ ဟိုးငယ္ငယ္ေလးကတည္းက သူမအၿမဲမနာလိုလာခဲ့ရတဲ့ မိန္းမက အခုဆိုရင္ အက်ည္းတန္႐ုပ္ဆိုးျဖစ္သြားၿပီ။ 


ဟမ့္ နင့္ကို ဘယ္သူမွ ႀကိဳက္ေတာ့မွာမဟုတ္ဘူး။


မိန္ေဝခ်င္း ကိုယ့္အေတြးကို ေက်နပ္သြားၿပီး သူမေဘးက ၿပီးျပည့္စုံတဲ့လူသားကို ေမာ့ၾကည့္လိုက္ျပန္ေတာ့ လမ္းမဘက္ကို ေငးေနတာ ေတြ႕ရျပန္တယ္။

စိတ္ထဲေလးသြားရတာဟာ ဘာေၾကာင့္မ်ားလဲ။


တကယ္ပဲ ႐ုပ္ရည္က အရာအားလုံး ဟုတ္ရဲ႕လား။



-----------------------------


" သမီးေလး ဒီကိစၥကို လြယ္လြယ္ပဲလက္ခံလိုက္တယ္ေပါ့ ေမေမေတာ့ လုံးဝကို နားမလည္ေတာ့ဘူး။ သမီးပဲ ပိုင္လုေဝက လက္ခံနိုင္တဲ့လူေကာင္းတစ္ေယာက္လို႔ ေျပာခဲ့တာမလား"


ပိုင္လုေဝေတာ့ ထင္ထားမိမွာမဟုတ္ဘူး၊ သူမကို အသင့္ေစာင့္ေနတဲ့ကားေပၚမွာ သူ မေတာ္ျဖစ္ခဲ့တဲ့ ေယာကၡမေလာင္းလ်ာပါေနတယ္ဆိုတာကိုေလ။ 


က်င္ရွို႔ ေနာက္ကို ပ်င္းတိပ်င္း႐ြဲ မွီခ်လိဳက္တယ္။


" အထင္မွားခဲ့တာေနမွာေပါ့ ေမေမရာ။ ေလာကမွာ ႐ုပ္ရည္က အဓိကပဲ ထင္တယ္။ "


က်င္ရွို႔ ၿငီးၿငီးျငဴျငဴေျပာေတာ့ အေမရွန္က မ်က္ရည္စို႔လာတယ္။ က်င္ရွို႔အေနနဲ႕ကေတာ့ ေယာကၤ်ားရမွ ၊ ေယာကၤ်ားကို အားကိုးနိုင္မွဆိုၿပီး အေတြးေတြမရွိပါဘူး။ ဒါေပမယ့္ ပိုင္လုေဝကိုေတာ့ တကယ္စိတ္ပ်က္မိတယ္၊ ႏွေျမာတယ္လို႔ ေျပာရမလားပဲ။ 


ပိုင္လုေဝကို ငါးႏွစ္လုံးလုံး ေန႕တိုင္းေန႕တိုင္း ေတြ႕ေနခဲ့ရတယ္။ သူက သူမကို သိပ္ဂ႐ုစိုက္ခဲ့တယ္။ သိပ္ၾကင္နာခဲ့တယ္။ ေျပာရရင္ေတာ့ သိပ္ခ်စ္ျပခဲ့တယ္ေပါ့။ က်င္ရွို႔လည္း သံေယာဇဥ္တြယ္လာခဲ့တယ္။ အရပ္ရွည္၊႐ုပ္ေခ်ာ၊ ေနာက္ခံေကာင္းၿပီး ကိုယ့္ကိုသိပ္ခ်စ္လြန္းတဲ့ေယာကၤ်ားတစ္ေယာက္ကို ရင္မခုန္မိတဲ့ မိန္းမဆိုတာ ရွိခဲပါတယ္။ 


အစကေတာ့ ပိုင္လုေဝနဲ႕ ပက္သတ္ၿပီး မ်ားမ်ားစားစား မေတြးျဖစ္ခဲ့ဘူး။ နဂိုကတည္းက အခ်စ္ကို မယုံၾကည္တာမို႔လို႔ အခ်ိန္တန္ရင္ သူ႕ဘာသာၿပီးသြားမယ္လို႔ ထင္ခဲ့တယ္။ ဒါေပမယ့္ ပိုင္လုေဝရဲ႕ခ်စ္ျမတ္နိုးမႈေတြေၾကာင့္ အခ်စ္ကို က်င္ရွို႔သိခ်င္လာတယ္။ ေတြးမိလာတယ္။ အျခားသူေတြရဲ႕ အားက်တဲ့အၾကည့္ေတြကို သဘာက်လာတယ္။ 


ဒါေၾကာင့္ ပိုင္လုေဝဘက္က တစ္ႏွစ္အတြင္းလက္ထပ္ရေအာင္လို႔ ဆိုလာတဲ့အခါ ေသခ်ာစဥ္းစားျဖစ္ခဲ့တယ္။


သူမကို အရမ္းခ်စ္တဲ့လူတစ္ေယာက္နဲ႕ လက္ထပ္လိုက္တဲ့အခါ အိမ္ထာင္ေရးက တကယ္ပဲ သာယာမယ္လို႔ ေတြးမိလာတယ္။ 


ပိုင္လုေဝက သူမကလြဲၿပီး ဘယ္မိန္းကေလးကိုမွ မျမင္တဲ့အခါ သူမတကယ္ပဲ ကံေကာင္းတာလားလို႔ ယုံၾကည္မိလာတယ္။ တကယ္ေတာ့ သူမရဲ႕႐ုပ္ရည္ေၾကာင့္သာ ကံေကာင္းခဲ့တာပဲ။


ကားမွန္အျပင္ဘက္ကို ေငးရင္း က်င္ရွို႔ သက္ျပင္းခ်ျဖစ္တယ္။


က်င္ရွို႔ နာက်င္တာကို သိပ္ေၾကာက္တယ္။ စိတ္ခံစားလြယ္ၿပီးေတာ့ အရမ္းကို အသည္းငယ္တဲ့အထဲပါတယ္။ ဒါေပမယ့္ မိန္ေဝခ်င္းက အက္စစစ္နည္းနည္းပါတဲ့ပုလင္းနဲ႕ သူမကို ပက္ဖို႔လုပ္တာကို ျမင္တဲ့အခါ သူမေခါင္းထဲ အေတြးတစ္ခုပဲ ၀င္လာတယ္။


ပိုင္လုေဝနဲ႕ လက္ထပ္ဖို႔ စဥ္းစားတဲ့အခါ ရွားလင္ေခြၽ႕ရဲ႕ 

' သူက နင့္ကိုႀကိဳက္တာမဟုတ္ဘူး၊ နင့္မ်က္ႏွာကိုပဲ ႀကိဳက္တာ၊ နင္သာ႐ုပ္ဆိုးၾကည့္ ႀကိဳက္ပါ့မလား' 

လို႔ မနာလိုလိုနဲ႕ ေနာက္ေျပာခဲ့တာကိုပဲ ေခါင္းထဲစြဲေနခဲ့တယ္။


ဒါေၾကာင့္ မိန္ေဝခ်င္းကို မတားဘဲ တမင္အပက္ခံခဲ့တယ္။ 


ပါးတစ္ဖက္ ပူေလာင္ၿပီး နာက်င္လာမွ ေနာင္တရလာတယ္၊ ပိုင္လုေဝကမ်ား တကယ္ပစ္သြားခဲ့ရင္ဆိုၿပီး ........

 အဲ့လိုအေတြးေၾကာင့္သာ အဲ့ဒိအခ်ိန္က သတိလစ္တဲ့အထိ ငိုခဲ့မိတာျဖစ္တယ္။


ျပန္ေတြး႐ုံနဲ႕တင္ ပါးျပင္ေပၚ မ်က္ရည္ေတြ စီးက်လာျပန္ေတာ့ အေမမျမင္ခင္ အျမန္ပြတ္သုတ္လိုက္ရတယ္။ 


ငါသာ အဲ့လိုမလုပ္ခဲ့ရင္ ....

 ငါသာ ႐ုပ္မဆိုးခဲ့ရင္ ........

ပိုင္လုေဝက ငါ့ကိုပဲ ခ်စ္ေနဦးမွာပဲ။


က်င္ရွို႔ နင္ မိုက္လိုက္တာ..... 


---------------------------------------


ေဒါက္အျမင့္ႀကီးစီးကာ ေက်ာ့ရွင္းတဲ့ အနီေရာင္ဝတ္စုံကို ၀တ္ထားတဲ့မိန္းမတစ္ေယာက္က ခါးေထာက္ကာ မတ္တပ္ရပ္ေနတယ္။ တစ္စုတစ္စီးထဲ ခ်ည္ေႏွာင္ထားတဲ့ ဆံပင္ေတြေၾကာင့္ သူမရဲ႕လည္တိုင္ေက်ာ့ေက်ာ့ေလးက ထင္းေနတယ္။ စူးရႈေတာက္ပတဲ့ မ်က္လုံးေတြနဲ႕ လွပတဲ့မ်က္ႏွာေလးက ေဒါသတႀကီးျဖစ္ေနတဲ့အခါ ေၾကာင္ရိုင္းေလး မာန္ခီေနသလို ျမင္ရသူကို အသည္းတယားယားျဖစ္ေစ​ေလတယ္။


" ႐ႊီယြီယန္ ကိုကို...."


သို႔ေပမယ့္ နားကြဲမတတ္ စူးရႈတဲ့ ေအာ္သံႀကီးထြက္လာတဲ့အခါမွာေတာ့ အနီးအနားက လူေတြအားလုံး အသိဝင္ကာ ကိုယ့္အလုပ္ကိုယ္ျပန္လုပ္ရင္း နားကို ဂြမ္းစို႔ထားလိုက္ၾကတယ္။


" ကိုကို ကိုကို ကိုကို႐ႊီယြီယန္ နင္ဘယ္ေတာမွ အိမ္ျပန္လာမွာလဲဟမ္။ အေမက နင့္ကို ေန႕တိုင္းေမးေနတယ္။ နင့္ကို မေတြ႕ရမခ်င္း ငါ့ကို နားၿငီးေနတာဟ ဒါကို နင္က ဒီမွာေအးေအးေဆးေဆး ေနေနတယ္ေပါ့။ ႐ႊီယြီယန္ နင္ဒီေန႕ အိမ္ျပန္မလာရင္ ငါနင့္ကို ဂုတ္ကဆြဲၿပီး ေခၚသြားမယ္"


တံေတာင္ဆစ္နား မေရာက္တေရာက္ျဖစ္တဲ့ အကၤ်ီလက္ကို သူမက ေဒါသတႀကီၚး ပင့္တင္တယ္။ ရႉရႉရွားရွားျဖစ္ကာ စိတ္ဆိုးေနပုံေလးက ခ်စ္စရာေလးဆိုေပမယ့္ သူမဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းမွန္း ရင္းႏွီးတဲ့သူေတြသာ သိတယ္။


" မိန္မိန္ မင္း ယြီယန္ကို ေျပာခ်င္ရင္ အထဲဝင္ေျပာေလ။ အခန္းအျပင္ကေနေျပာမွေတာ့ သူ ဘယ္လိုၾကားမွာလဲ။ "


သူမကို လာခြၽန္တဲ့သူကို ႐ႊီယိမိန္ ခပ္စူးစူးၾကည့္ေပးလိုက္တယ္။


" လင္းစစ္ခ်ဳံး နင္ နာခ်င္ေနတာလား။ ငါသာ ကိုကို႔ကို တိုက္ရိုက္ေျပာရဲမွေတာ့ အခုလို အျပင္ကေန ေပါက္ကြဲေနပါ့မလား ဟမ္"


အကိုျဖစ္သူကို မေျပာရဲတာမို႔ ေျပာရဲတဲ့ လင္းစစ္ခ်ဳံးကိုသာ ဖိေဟာက္လိုက္တယ္။


ယိမိန္နဲ႕ ယြီယန္က သုံးႏွစ္ကြာတဲ့ ေမာင္ႏွမေတြဆိုေပမယ့္ အရမ္းတည္ၾကည္တဲ မ်က္ႏွာေသေဘာစ့္႐ႊီယြီယန္ကိုေတာ့ အေတာ္၇ွိန္ေပတယ္။ သူမတင္မဟုတ္ မိဘေတြကပါ အမူအယာမေျပာင္းတတ္တဲ့ မ်က္ႏွာေသကိုၾကည့္ၿပီး တြန႔္ရတယ္။


လင္းစစ္ခ်ဳံးဆိုတဲ့ ႐ႊီယြီယန္နဲ႕ အရမ္းရင္းႏွီးတဲ့သူငယ္ခ်င္းသာမရွိရင္ ႐ႊီယြီယန္ကို စိတ္ပိုင္းဆိုင္ရာ ျပႆနာရွိတယ္ဆိုၿပီး ဆရာဝန္နဲ႕ တိုင္ပင္ေတာ့မွာပင္။


ေတြးေနရင္းမွ သူမေရွ႕မွ လင္းစစ္ခ်ဳံးကို ယိမိန္ ေသခ်ာၾကည့္လိုက္တယ္။


အၿမဲသန႔္သန႔္ျပန႔္ျပန႔္ဝတ္တတ္တဲ့ လင္းစစ္ခ်ဳံးက ဒီေန႕လည္း ရွင္းသန႔္ေနတဲ့ အျပာေရာင္ေပါ့ေပါ့ပါးပါး ၀တ္စုံကိုဝတ္ထားတယ္။ သူမအကိုကို ဖယ္ထားလိုက္ရင္ ႐ုပ္ရည္ပိုင္းဆိုင္ရာမွာ လင္းစစ္ခ်ဳံးက ထိပ္တန္းမွာ ရွိတယ္။ 


သူမ်ားေတြေျပာေနၾကသလို ၊

အေမတို႔ စိတ္ပူေနၾကသလို ကိုကိုနဲ႕ လင္းစစ္ခ်ဳံးက.....


သူ႕ကို ေၾကာက္စရာေကာင္းတဲ့ အၾကည့္ေတြ ပို႔လႊတ္ေနတဲ့ ႐ႊီယိမိန္ေၾကာင့္ လင္းစစ္ခ်ဳံး မ်က္ႏွာမဲ့သြားတယ္။


ဘာလဲ ငါ့ကို ဘယ္လိုလာၾကည့္ေနတာလဲ။ ဒီေန႕ေတြမွာ ငါ့ကိုေတြ႕တဲ့လူတိုင္းနီးပါးက ဘာလို႔ ေၾကာက္စရာေကာင္းေအာင္ ၾကည့္ေနၾကတာလဲ။ ဟမ္ ဟမ္ အဲ့ဒိဖေယာင္း႐ုပ္ကိုယ္ေတာ္နဲ႕ ငါ့ကို ေပးစားေနၾကတာေတြ ေတာ္ပါေတာ့..... 


ရင္ထဲမွာငိုခ်င္းခ်ေနေပမယ့္ အျပင္ဘက္မွာေတာ့ မ်က္စိက်ိန္းေလာက္ေအာင္ ေတာက္ပေစတဲ့ အၿပဳံးတစ္ခုကို ေပးလိုက္တယ္။ 


" မိန္မိန္ ညီမေလး အထဲမ၀င္ဘူးဆိုရင္ အကိုပဲ ၀င္သြားေတာ့မယ္"



" ေနဦး ..."


႐ႊီယိမိန္က ယြီယန္ကိုဆို ေၾကာက္သေလာက္ က်န္တဲ့လူေတြကိုဆို လုံးဝမေလးစား။ သူ႕ကိုလည္း တစ္ခါမွ ေလးေလးစားစား ဆက္ဆံတာမဟုတ္။ အခုလည္း ျပန္ပိတ္ေတာ့မယ္တံခါးကို ေျခေထာက္နဲ႕ခံၿပီး သူ႕ကို ေအာ္လားေဟာက္လား လုပ္ေနျပန္ၿပီ။


အျမင္ကတ္တာနဲ႕ ကိုင္ထားတဲ့တံခါးကို အားနဲ႕ျပန္ပိတ္ေပးလိုက္ေတာ့ ႏွဖူးကိုေစာင့္မိသံၾကားရေလတယ္။


" လင္းစစ္ခ်ဳံး....."

အသံက ခပ္တိုးတိုးသာ ။


အေၾကာင္းက စာ႐ြက္စာတမ္းအထပ္လိုက္ပါတဲ့ဖိုင္ႀကီးကို ဖတ္ရႈေနတဲ့ ကိုယ္ေတာ္က ေမာ့ၾကည့္လာတာမို႔...


" ကိုကို ကိုကို႔ကို ေမေမက ေတြ႕ခ်င္ေနတယ္ ၊ ကိုကို ဘယ္ေတာ့ အိမ္ျပန္လာမွာလဲ"


႐ႊီယြီယန္က တစ္ခ်က္သာၾကည့္ၿပီး သူ႕အလုပ္သူ ဆက္လုပ္တယ္။


မေနနိုင္တဲ့ လင္းစစ္ခ်ဳံးကပဲ ၀င္ေျပာရေတာ့တယ္။


" ယြီယန္ မင္းအိမ္က ၾကင္ဖက္မေတြ႕ခိုင္းတဲ့ေန႕မွ မင္းအိမ္ျပန္ေတာ့မွာမလား"


" ပါးစပ္ပိတ္"


လင္းစစ္ခ်ဳံးက သာမန္ပဲေျပာလိုက္ေပမယ့္ ယိမိန္ကေတာ့ မနာလိုေနတယ္လို႔ ထင္သြားရွာတယ္။ သူမက လင္းစစ္ခ်ဳံးကို အၿငိဳးႀကီးစြာၾကည့္ေနတယ္။ 


ဒီလူ သူသိပ္ေခ်ာတိုင္း ငါ့အကိုကို ေဂးေအာင္လုပ္ေနတာ။


ဘာမွမသိရွာတဲ့ လင္းစစ္ခ်ဳံး:"...."




၇ႊီယြီယန္:" အားခ်ဳံးေျပာတာ မွန္တယ္။ အေမက မေႏွာင့္ယွက္တဲ့ေန႕မွ ငါအိမ္ျပန္မယ္"


" ေအးေပါ့ မင္းမွာ အိမ္ေတြအမ်ားႀကီး ရွိတာပဲ။ မင္းအခုေနတဲ့အိမ္ဆို ေတာ္ေတာ္အဆင္ေျပတယ္။ အေမငါ့ကို အဲ့ဘက္မွာ အိမ္ဝယ္ခိုင္းေတာ့ ငါျငင္းလိုက္တာ မွားသြားတာပဲ။ မဟုတ္ရင္ ေနရာေကာင္းမွာ ငါေျပာင္းေနလို႔ ရမွာ"


လင္းစစ္ခ်ဳံးက ေၾကကြဲေနဟန္နဲ႕ေျပာေတာ့ ႐ႊီယြီယန္ မ်က္ေမွာင္ၾကဳတ္ၾကည့္တယ္။


" မင္း ငါ့အိမ္မွာ လိုက္အိပ္ေနတာ ၂လရွိၿပီေလ"


" ရွင္ ရွင္တို႔..."


ရွင္တို႔က အတူေတာင္.... အတူတူေတာင္...


ယိမိန္က ပါးစပ္ကို လက္ေလးတစ္ဖက္နဲ႕အုပ္ၿပီး လင္းစစ္ခ်ဳံးကို ေဒါသတႀကီးၾကည့္လာတဲ့အခါ လင္းစစ္ခ်ဳံးမွာ ငိုခ်င္းခ်ခ်င္လာတယ္။


ညီမေလးေရ မင္းအကိုက ငါ့ကို ဧည့္ခန္းမွာပဲ အိပ္ခိုင္းတာပါ ဟုတ္ၿပီလား။ ဧည့္ခန္းကေတာင္ ေကာင္းလြန္းလို႔ အိမ္မျပန္တာပါ နားလည္လား ဟမ္။ 


" ရွင္ ...ဟမ့္ ကိုကို ငါ နင့္ကို ေမေမနဲ႕ တိုင္ေျပာ...မယ္"


ေနာက္ဆုံးစကားက ႐ႊီယြီယန္ရဲ႕ နားမလည္သလိုအၾကည့္ေၾကာင့္ ထစ္သြားၿပီးမွ လင္းစစ္ခ်ဳံးကို က်ိန္စာတိုက္၇င္း ယိမိန္ျပန္သြားတယ္။


အျပစ္ကင္းေသာ လင္းစစ္ခ်ဳံး:"........."


-------------------



rate now:

7 Reviews
  • reader Snow Queen 19.01.2020, 15:36 5

    😻

    reply

  • reader Nyan Lynn Htut 15.01.2020, 11:08 5

    Interesting!

    reply

  • reader Nyan Lynn Htut 15.01.2020, 11:07 5

    Interesting!

    reply

  • reader iPhyu 01.01.2020, 16:50 4

    👍

    reply

  • reader K Nwel Thoon 15.12.2019, 14:13 5

    😄

    reply

  • reader Essence_Flame 12.12.2019, 18:38 5

    🥰

    reply

  • reader Kaung Wai Yan 12.12.2019, 18:38 5

    🥰🥰🥰🥰 မြန်မြန်တင်ပေး ွေ

    reply