ဖုန်းမင်နိုးလာတော့ သူလှုပ်လို့တောင်မရအောင်တင်းတင်းကျပ်ကျပ်အဖက်ခံထားရသည် ဟုခံစားလိုက်ရသည်။
သူ့မျက်နှာနဲ့ကပ်နေတဲ့ရင်ဘတ်ကအသက်ရှူသံမှန်မှန်နဲ့စည်းချက်ညီညီခုန်လှုပ်နေတဲ့နှလုံးခုန်သ်ံကြောင့် ဖုန်းမင်စိတ်ထဲတမျိုးကြီးဖြစ်သွားရသည်။
သူ့အားဖက်ထားခဲ့သူမှာကား လီချန်းပါပေ။
လီချန်းက ဖုန်းမင်ကိုလက်တွေပါရောပြီးသိုင်ဖက်ထားတာများ ဖုန်းမင်မှာလှုပ်၍ပင်မရပေ။
ဒါ့အပြင် ခြေထောက်ဖြင့်လည်းခွထားသေးသည်။
ဖုန်းမင်ပြုံးလိုက်သည်။
ဒီကောင်ငါ့ကို သူနဲ့အိပ်နေကျ မိန်းမတွေလို့ထင်နေ
တာများလား
ဒီအတွေးကြောင့်အပြုံးလည်းပျောက်ကွယ်သွားရသည်။
သူအရေးမပါတွေခေါင်းထဲလိုက်ထည့်မနေသင့်ဘူး
နည်းနည်းလေးလှုပ်ပြီးလီချန်းမျက်နှာကိုမော့ကြည့်
လိုက်တော့
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး ပြင်ပအရာတွေ
အားလုံးမှောင်မဲသွားသည်ဟုခံစားမိလိုက်သည်။
ဖုန်းမင်မျက်လုံးထဲမှာ မျက်လုံးမှိတ်ချထားတာတောင်မှလွန်စွာခန့်ညားနေသေးတဲ့ လီချန်းမျက်နှာပဲရှိတော့သည်။
မရည်ရွယ်ပါဘဲ အိပ်ပျော်နေဆဲလီချန်းမျက်နှာ
ကိုအသာကိုင်ကြည့်နေမိသည်။
သူ့အသားအရည်လိုမနူးညံနေပေမယ့် ကြမ်းတမ်းတာမျိုးလည်းမဟုတ်ပါချေ။
မော့ထားရတာမို့ နီးကပ်နေတဲ့လည်ပင်းကနေရတဲ့
ကိုယ်သင်းနံ့က ဖုန်းမင်ကိုမိန်းမောသွားစေသည်။
လီချန်းရဲ့လည်ပင်းနားတိုးကပ်ကာ ထိုရနံ့ ကတိုးကာရှူရှိုက်မိစဉ် သူ့အသိစိတ်မကပ်နေပါချေ။
ဖုန်းမင်ရုတ်တရက်ကြီးတစ်ခုခုမှားနေတယ်လို့ခံစား
လိုက်ရသည်။
ငါ ဆွဲဆောင်ခံနေရသလိုပဲ
ဘာလဲ ငါဘယ်သူနဲ့မှ နီးနီးကပ်ကပ်မနေဘူးလို့များလား
ဒါမှမဟုတ်လီချန်းကသိပ်ချောနေလို့လား
လီချန်းမျက်နှာပေါ်ကသူ့လက်ကိုပြန်ရုတ်ပြီးရှက်ရှက်ဖြင့်ရုန်းလိုက်ရာ လီချန်းအားစောင့်ညွန်းမိသလိုဖြစ်ပြီး လီချန်းအိပ်ယာပေါ်ကပြုတ်ကျသွားသည်
"အား ကျွတ် ကျွတ် ငါ လီချန်း ကို ဒီလိုလုပ်ရဲ အာ
ဖုန်းမင်လေး နိုးပြီလား။အိပ်လို့ရောကောင်းရဲ့လား ဟင်"
အိပ်ယာပေါ်ကပြုတ်ကျတာ ဖင်နာသွားတာမို့ရန်တွေ့ဖို့ပြင်လိုက်ပေမယ့် အဖြူရောင်ဝတ်စုံတစ်ထပ်တည်းဝတ်ထားတဲ့ ဖုန်းမင်ဟာ ကပိုကရိုလေးနဲ့တောင်
မဟားတရားလှရက်လွန်းနေလို့ သူ့စိတ်တွေကြည်
လင်သွားရသည်။
ဒီလောက်လှတဲ့ကောင်လေးကို ဆူရက်ဖို့အထိသူအသဲမမာပါလေ။
ဆံပင်ရှည်တွေရှုပ်ပွနေတာလေးကိုက တမျိုးလေး
ချစ်ဖို့ကောင်းနေသည့်ဖုန်းမင်ပါပေ။
နည်းနည်းစူပွပွဖြစ်နေပုံလေးမို့ လီချန်းသူဘာလုပ်မိ
လဲ အလျင်အမြန်တွေးနေရသည်။
ငါ အိပ်ရုံလေးအိပ်နေခဲ့တာပါ ငါ ဘာအမှားလုပ်မိလို့လဲ
ဖုန်းမင်ကစိတ်ဆိုးသွားရင်အနားကပ်ဖို့အတော်ခက်ကြောင်းသူသိသွားပြီမို့ ထပ်စိတ်ဆိုးအောင်မလုပ်ရဲပါလေ။
လီချန်းအိပ်ရာပေါ်ကပြုတ်ကျတော့စောင်ကကုတင်
ပေါ်မှာတစ်ဝက် အောက်မှာတစ်ဝက်ရောက်နေသည်။
ဖုန်းမင်ကသူမေးတာကိုမဖြေပဲ ကုတင်ကထကာထွက်သွားပြီမို့ လီချန်းကမန်းကတန်း
ထကာ နောက်ကပြေးလိုက်တော့ စောင်ကိုခလုတ်
တိုက်ပြီး ကြမ်းပြင်ပေါ်မှောက်ယှက်ပြစ်လဲသည်မှာ ဝုန်းခနဲတောင်မြည်သွားသေးပါသည်။
"ကျွတ် ကျွတ် ကျွတ်"
သူမှောက်လျက်လေးလဲနေတာကိုမြင်မှဖုန်းမင်ကသူ့ မျက်နှာရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ပြီး လာခနဲ့ သည်။
"သြော် ဝမ်ရယ်လေးက အိပ်ချင်မူးတူး ဖြစ်နေတာများလား။ ဒါကအိပ်ရာမဟုတ်ဘူး ဝမ်ရယ်ရဲ့"
မျက်စိရှေ့က ခြေဖဝိုးဖောင်းဖောင်းလေးနဲ့ခြေထောက်ဖြူဖြူသွယ်သွယ်လေးကိုစိုက်ကြည့်နေမိတဲ့ ဝမ်ရယ်လီကတော့ဖုန်းမင်ပြောတာကြားပုံမရ
"ဟေး လီချန်း ပြန်အိပ်နေတာလား မျက်လုံးလဲမမှိတ်ပဲအိပ်လို့ရတယ်ပေါ့"
မသိရှာတဲ့ဖုန်းမင်လေးကတော့ ပိုပြီးငုံ့ကိုင်းကာ လီချန်းမျက်နှာရှေ့လက်တယမ်းယမ်းနဲ့မေးလျက်ရှိသည်။
ခြေချောင်းလေးတွေအစား လက်သွယ်သွယ်လေးတွေကမျက်လုံးထဲဝင်လာတာနဲ့ လီချန်းမိမိရရဆုပ်ကိုင်လိုက်မိသည်။
ပြီးမှသတိရကာဖုန်းမင်ကိုမော့ကြည့်လိုက်မိသည်။
သူ့ကိုတမျိုးထင်သွားမှာမျိုးမလိုချင်ပါလေ။
ဖုန်းမင်ကတော့ သူ့ကိုထူခိုင်းနေတယ်ထင်ပြီး လီချန်းကိုယ်ကြီးကို မနည်းမထူပေးနေသေးရာ
လီချန်းမှာ ငါ့ဝမ်ဖေးကအလိုက်သိပြန်ရော ဆိုပြီး
ပီတိတွေဖြာလျက်....
တဆက်တည်းမှာပဲ သူ့စိတ်သူအံ့ သြနေရပြန်သည်။
ဒုန်း ဒုန်း ဒုန်း
"ဟိုကောင်လီချန်းမထသေးဘူးလား ညကဘာတွေ
လုပ်နေကြလို့လဲ မင်အာလေး မင်အာလေးရော
နိုးပြီလား"
ကြည်နူးဖွယ်အချိန်လေးကိုဖျက်စီးလိုက်တဲ့တံခါးခေါက်သံကြီးဟာ ထျန်ရှင်းရဲ့အသံနဲ့အတူ နားထဲကန့်
လန့်ဝင်လာသည်။
"မင်အာရေ မင်အာရေ ကိုယ့်ကိုတံခါးလာဖွင့်ပေးပါဦးနိုးနေပြီမဟုတ်လား။ မနက်စာစားရအောင်လေ မင်အာလေးရေ"
ဒုန်း ဒုန်း ဒုန်း
ကျောက်လျင်ရဲ့စကားထဲမှာ သူ့နာမည်တစ်ခွန်းမှမပါတဲ့အပြင် သူ့ဝမ်ဖေးကိုမနက်စာစားဖို့လာခေါ်နေသေးသည်မို့
လီချန်းမနက်စောစောစီးစီးဒေါသထွက်ရလေပြီ။
ဒီအကောင်ကျောက်လျင်က ငါ့ဝမ်ဖေးကိုထိကပါးရိကပါးနဲ့ မယ်တော့်ကိုပြောပြီး
မိန်းမပေးစားခိုင်းလိုက်ရ ကယ်ပါယူပါ ဖြစ်ရော့မယ်
သူတို့၃ယောက်မှာတူညီတဲ့အချက်တစ်ခုက မိန်းမ မယူချင်တာပဲဖြစ်သည်။
သူလက်ကိုလွှတ်ပြီးတံခါးဖွင့်ဖို့သွားတော့မယ့်ဖုန်းမင်လက်ကိုပြန်ဆွဲရင်း သူခေါင်းယမ်းပြလိုက်သည်။
"ထားလိုက် ။သူတို့လက်ပဲနာမှာ။ ကိုယ်တို့ အဝတ်အစားလဲပြီး ကိုယ်လက်သန့်စင်ပြီးမှ ဖွင့်ပေးကြတာပေါ့"
လီချန်းပြုမူနေပုံက ကြင်စဦးဇနီးမောင်နှံကိုအဖျက်
သမားတွေလာရှုပ်နေတဲ့အတိုင်း
ဖုန်းမင်ကို ချစ်ဇနီးတစ်ယောက်လိုပြုမူပြနေတော့တာ
ဖုန်းမင်:"ပြီးတာပဲ။ သူတို့ကမင်းလူတွေပဲလေ "
လီချန်း:"....."
ဟုတ်ကဲ့ ဖြစ်ဖြစ် အင်း ဖြစ်ဖြစ် မင်းသဘောဖြစ်ဖြစ်
ပြန်ပြောသင့်တာ ဖုန်းမင်ရယ်
ငါ နည်းနည်းစိတ်လွတ်လွတ်နေတယ်
မဟုတ်မှ ဒီကောင်ငါ့ကိုညို့ထားသေးတာလား
မဖြစ်ဘူး အန္တရာယ်များတယ် သတိထားရမယ် သတိထားရမယ်
------------
မနက်စာ စားပြီးသည်နှင့် သူတို့တွေခရီးဆက်ခဲ့ကြ
သည်။
နန်းတော်ဂိတ်တံခါးနားရောက်ခါနီးမှတိတ်ဆိတ်နေတဲ့လူစုကစကားသံထွက်လာ၏။
ဖုန်းမင်ကလွဲကျန်တဲ့လူတွေကဖြေရှင်းရဦးမယ့်ပြသနာတွေအတွက်ခေါင်းကျိန်းနေကြခြင်းသာ
လီချန်းမှာအရင်ဆုံးမယ်တော့်ကိုရင်ဆိုင်ရဦးမယ်
ပြီးရင် ကျောက်လျင်တို့နဲ့အတူ ခမည်းတော်ကိုရင်ဆိုင်ရမယ်။
တံဆိပ်တုံးပျောက်သွားတာနဲ့ပတ်သတ်ပြီးကောင်း
ကောင်းကြီးအပြစ်ပေးခံရမှာတော့ကျိန်းသေပင်
ကျောက်လျင်:"မင်အာ လေး ကြောက်နေလား။မကြောက်နဲ့နော်။ တစ်ခုခုဆိုကိုယ့်ကိုယ်လာရှာ မင်အာ့ရှေ့မှာကိုယ်ရှိတယ်"
ဖုန်းမင်ကအလယ်မှာလီချန်းနဲ့ကျောက်လျင်ကတဖက်တချက်ဆီ မြင်းစီးလာကြတာမို့ ဒီစကားတွေလည်းစပြောရော လီချန်းက ဓားအိမ်နဲ့ကျောက်လျင်ကျောကုန်းကိုနောက်ကနေလှမ်းရိုက်သည်။
အား
"နာတယ်ကွ။ လီချန်းမင်းသေချင်နေလား"
"ဘာပြောတယ်။ မင်းကိုသာ မေးရမှာ။ သေချင်နေလား"
"ပါးစပ်တွေပိတ်ထားကြစမ်း။ သေမလို့ ငါ့နားမှာလာအော်နေကြတာလား"
ထျန်ရှင်းတကယ်ပဲအံသြမိသည်။
ဒေါသကြီးတဲ့လီချန်းရော ဘေးလူကိုအဖက်မလုပ်တတ်တဲ့ကျောက်လျင်ရော
ဖုန်းမင်လည်းထအော်ရော တိတ်သွားကြတာများငြိမ်နေရော...
အဟား မင်အာလေးကဒီကောင်တွေနိုင်ကွက်ပဲ အဟဲ မင်အာ့ကိုကပ်ထားရမယ်
ထျန်ရှင်းချက်ချင်းကို ဖုန်းမင်ဘေးအတင်းတိုးဝင်ပြီး
ဖျားယောင်းတော့တယ်
"မင်အာ ငါကလေ ဒီအချိန် နန်းတော်ထဲမှာဆို #$%^$%^ဘလာဘလာ"
အတင်းတွေဖုန်းမင်ကိုရောပြီးကပ်နေတဲ့ထျန်ရှင်းကို
ဂိတ်တံခါးဖွင့်တာနဲ့ လီချန်းနဲ့ကျောက်လျင်ပေါင်းပြီး
မြင်းပေါ်ကနေ စောင့်ကန်ချလိုက်သည်။
ဒလှိမ့်ခေါက်ကွေးပြုတ်ကျပေမယ့် ခံရပါများနေကြမို့ထင့် မြေပြင်မရောက်ခင် ထျန်ရှင်းသူ့ဘာသာထိန်းလိုက်နိုင်သည်။
အံမယ် လေထဲမှာကျွမ်းတစ်ပတ်ထိုးပြနေလိုက်သေးသလို
ဖင်မှာပေသွားတဲ့ဖုန်တွေခါရင်း မင်အာတာ့တာ လို့
လှမ်းအော်နေသေးသည်။
ဖုန်းမင်တကယ်ပဲအံသြမိသည်။
ရုပ်ချောပြီးရာထူးကြီးတဲ့ကောင်တွေက ကျပ်မပြည့်ဘူးလား
လီချန်းနဲ့ကျောက်လျင်ကတော့ ထျန်ရှင်း ကိုလှည့်တောင်မကြည့်ပါချေ။
----------
ထုံးစံအရတရားဝင်ဝမ်ဖေးမမြှောက်ရသေးရင် အဆောင်သပ်သပ်ထားရမည်ဖြစ်သည်။
ဒါပေမယ့်လီချန်းကခပ်တည်တည်ပဲ ဖုန်းမင်ကို သူ့အဆောင်ကိုခေါ်သွား၏။
အစေခံတွေကိုလည်းဖုန်းမင်ကိုသေချာစောင့်ရှောက်
ဖို့မှာကြားသည်။
ကျောက်လျင်ကိုတော့ မျက်စိနောက်လို့လီချန်းကန်
ထုတ်လိုက်ပြီးပြီ
"ရောက်ပြီဆိုတော့ ဖုန်းမင် ပြော ဘာအလိုရှိလဲ"
ဖုန်းမင်အတွက်သီးသန့်ပေးထားတဲ့အခန်းထဲကစားပွဲမှာ၂ယောက်သားထိုင်နေကြသည်
ဖုန်းမင်မှာအိပ်ချင်နေလေပြီ။
ပင်ပန်းတယ် ညောင်းညာနေတယ်
ဒါပေမယ့်အလိုက်ကန်းဆိုးမသိတဲ့ လီချန်းကထွက်မသွားသေးဘူး ~__~
"ဗျပ်စောင်းကောင်းကောင်းလေး နဲ့ ပန်းချီဆွဲဖို့လိုအပ်တာတွေ လိုချင်တယ်"
သူ့ဗျပ်စောင်းကိုရှာဝေကရောင်းစားမယ်ဆိုပြီးယူုထားလိုက်ပြီး ပန်းချီပစ္စည်းတွေကိုတော့ကျွယ့်ဝေကဖွက်ထားသည် =___=
ဒါ
"ကောင်းပြီ။ အခြားရော ဘာလိုချင်သေးလဲ"
အနားယူဖို့မတ်တပ်ထရပ်လိုက်တဲ့ ဖုန်းမင်ကို လီချန်းကလက်ဆွဲပြီးထပ်မေးနေပြန်သည်။
နားရင်း အုပ်မိတော့မယ်
ဖုန်းမင်:"ပန်းချီဆွဲဖို့ ရေကန်လှလှလေးလိုချင်တယ်
အမျိုးစုံသော ကြာပန်းတွေပွင့်နေပါစေ။ငါးလေးတွေ
လည်းပါရမယ်။ ပန်းပေါင်းစုံနဲ့အပင်ပေါင်းစုံစိုက်လို့ရမယ့်ဥယျာဉ်လိုချင်တယ်။ ငါကိုယ်တိုင်ချက်ပြုတ်ဖို့မီးဖိုဆောင်လိုချင်တယ်။ ငါသိုင်းလေ့ကျင့်ဖို့တိတ်ဆိတ်အေးချမ်းတဲ့နေရာတစ်ခု
လိုချင်တယ်။ လောလောဆယ်အလိုချင်ဆုံးကတော့
ငါ့ကိုမနှောင့်ယှက်တာပဲ။ ဖယ်စမ်း မင်းလက်။"
လီချန်းလက်ကိုခါထုတ်ပြီးအိပ်ယာဆီထွက်သွားတဲ့
ဖုန်းမင်ကို ဝမ်ရယ်လေးခမျာယောင်တောင်တောင်
ကြည့်နေမိသည်။
တကယ်တော့သူက ဖုန်းမင်ပြောသွားတာတွေကိုပြန်
စဉ်းစားနေတာပါ။
အင်း ငါ လုပ်ပေးစရာတွေအများကြီးရှိနေတာပဲ
ပြန်ထွက်မသွားခင် ဖုန်းမင်အိပ်မအိပ်သွားစစ်ဆေးပြီးမှ လုပ်စရာရှိတာတွေလုပ်ဖို့အဆောင်ကထွက်ခဲ့တော့သည်။
အဆောင်ကထွက်ပြီးမကြာပါဘူး လီချန်းပြန်ပေးဆွဲခံရတော့တာပဲ။
"အစ်ကိုတော် ဘာလုပ်တာလဲ။ကျွန်တော်မအား
ဘူး ဝမ်ဖေးအတွက်လုပ်ပေးစရာတွေရှိတယ်"
"အလဲ့ ဝမ်ဖေးတဲ့လား။ငါကြားရသလောက်တော့မင်းဝမ်ဖေးကယောက်ျားလေးဆို။ဘာလဲ ဦးရီးတော်ရန်းကိုအားကျလို့လား။"
ဘေးကနေအိမ်ရှေ့စံရဲ့ကိုယ်ရံတော်တွေချုပ်ထားတာမို့ သူထွက်ပြေးရင်ရပေမယ့်နောက်လည်းရှင်းရမှာဆိုတော့
အသာတကြည်ပဲ ဖြေရှင်းလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
"ဒီလိုပဲ။ အကိုတော်ရဲ့ညီတော်လေးက ဖုန်းမင်မှမရရင်သေတော့မှာ။ ဒါကြောင့်မယ်တော့်ဆီမှာကူပြောပေးဦး။"
"ဖုန်းမင် တဲ့လား နာမည်က ။ဒါဆိုမင်အာဆိုတာသူ
ပေါ့။"
လီချန်းရဲ့မျက်မှောင်ကျုံ့ပြီးကြည့်နေတဲ့ပုံကိုမြင်တော့အိမ်ရှေ့စံလည်းလက်တကာကာနဲ့အမြန်ရှင်းပြရတော့သည်။
သူကအိမ်ရှေ့စံသာဖြစ်တာ လီချန်းကိုမနိုင်ဘူး အခုကလည်းကိုယ်ရံတော်တွေအားကိုးနဲ့မို့သာ
"ငါ ကကျောက်လျင်ဆီကကြားလို့ပါ။အဲ့ကောင်က
မင်အာကလေ မင်အာကလေနဲ့ ရောက်ကတည်းက
ငါ့လာနားညည်းနေလို့ မေးကြည့်တာ"
"ထားပါ ရော့ တံဆိပ်တုံး"
"အမယ်လေး ငါမေ့နေတာ။ခုနကမင်းကိုတံဆိပ်တုံး
အကြောင်းမလို့ကို တော်ပါသေးရဲ့မပျောက်လို့ မဟုတ်ရင် ခမည်းတော် ငါ့ကို သတ်မှာ"
တံဆိပ်တုံးကိုတယုတယ ယူပြီးတဖွဖွနမ်းနေတဲ့အိမ်
ရှေ့စံ ကိုကိုယ်ရံတော်တွေကြောင်ကြည့်နေကြသည်။
ဒီညီအစ်ကိုတွေက၂ယောက်ထဲမတွေ့လိုက်နဲ့ ကြောင်တောင်တောင်တွေဖြစ်ကုန်ရော
တော်ဝင်တံဆိပ်တုံးကိုဘုရင့်ဆီကခိုးဖို့အိမ်ရှေ့စံက
တဖက်လက်နဲ့ကူညီခဲ့သည်ကိုး...
ဘုရင်သိသွားလို့မေးတော့ သားတော်လေ့လာမလို့ယူထားတာ ဆိုပြီးခပ်တည်တည်ပြောခဲ့သေးတာ
"ဒါဆို ကျွန်တော်သွားပြီ။"
ဘေးကရှောင်ထွက်သွားတော့မယ့်လီချန်းကို အိမ်ရှေ့စံ လီရန်က လက်ကိုဆွဲကာသတိပေးရသေးသည်။
"ညီတော် မယ်တော့်ဆီသွားလိုက်ဦး။မယ်တော်မင်း
ကိုတွေ့ချင်နေတယ်။"
လီရန်ဆွဲထားတဲ့လက်ကိုဆောင့်ရုန်းလိုက်ပြီး
"လမ်းကြုံရင် ပေါ့"ဟုဖြေကာ ခေါင်မိုးပေါ်ခုန်တက်
သွားတဲ့လီချန်းကို လီရန်ကတော့ကောင်းကောင်းကျိန်ဆဲနေတာပေါ့...
--------
ဆက်ရန်😁😁😁
ဖုန္းမင္နိုးလာေတာ့ သူလႈပ္လို႔ေတာင္မရေအာင္တင္းတင္းက်ပ္က်ပ္အဖက္ခံထားရသည္ ဟုခံစားလိုက္ရသည္။
သူ႕မ်က္ႏွာနဲ႕ကပ္ေနတဲ့ရင္ဘတ္ကအသက္ရႉသံမွန္မွန္နဲ႕စည္းခ်က္ညီညီခုန္လႈပ္ေနတဲ့ႏွလုံးခုန္သ္ံေၾကာင့္ ဖုန္းမင္စိတ္ထဲတမ်ိဳးႀကီးျဖစ္သြားရသည္။
သူ႕အားဖက္ထားခဲ့သူမွာကား လီခ်န္းပါေပ။
လီခ်န္းက ဖုန္းမင္ကိုလက္ေတြပါေရာၿပီးသိုင္ဖက္ထားတာမ်ား ဖုန္းမင္မွာလႈပ္၍ပင္မရေပ။
ဒါ့အျပင္ ေျခေထာက္ျဖင့္လည္းခြထားေသးသည္။
ဖုန္းမင္ၿပဳံးလိုက္သည္။
ဒီေကာင္ငါ့ကို သူနဲ႕အိပ္ေနက် မိန္းမေတြလို႔ထင္ေန
တာမ်ားလား
ဒီအေတြးေၾကာင့္အၿပဳံးလည္းေပ်ာက္ကြယ္သြားရသည္။
သူအေရးမပါေတြေခါင္းထဲလိုက္ထည့္မေနသင့္ဘူး
နည္းနည္းေလးလႈပ္ၿပီးလီခ်န္းမ်က္ႏွာကိုေမာ့ၾကည့္
လိုက္ေတာ့
ပတ္ဝန္းက်င္က တိတ္ဆိတ္သြားၿပီး ျပင္ပအရာေတြ
အားလုံးေမွာင္မဲသြားသည္ဟုခံစားမိလိုက္သည္။
ဖုန္းမင္မ်က္လုံးထဲမွာ မ်က္လုံးမွိတ္ခ်ထားတာေတာင္မွလြန္စြာခန႔္ညားေနေသးတဲ့ လီခ်န္းမ်က္ႏွာပဲရွိေတာ့သည္။
မရည္႐ြယ္ပါဘဲ အိပ္ေပ်ာ္ေနဆဲလီခ်န္းမ်က္ႏွာ
ကိုအသာကိုင္ၾကည့္ေနမိသည္။
သူ႕အသားအရည္လိုမႏူးညံေနေပမယ့္ ၾကမ္းတမ္းတာမ်ိဳးလည္းမဟုတ္ပါေခ်။
ေမာ့ထားရတာမို႔ နီးကပ္ေနတဲ့လည္ပင္းကေနရတဲ့
ကိုယ္သင္းနံ႕က ဖုန္းမင္ကိုမိန္းေမာသြားေစသည္။
လီခ်န္းရဲ႕လည္ပင္းနားတိုးကပ္ကာ ထိုရနံ႕ ကတိုးကာရႉရွိုက္မိစဥ္ သူ႕အသိစိတ္မကပ္ေနပါေခ်။
ဖုန္းမင္႐ုတ္တရက္ႀကီးတစ္ခုခုမွားေနတယ္လို႔ခံစား
လိုက္ရသည္။
ငါ ဆြဲေဆာင္ခံေနရသလိုပဲ
ဘာလဲ ငါဘယ္သူနဲ႕မွ နီးနီးကပ္ကပ္မေနဘူးလို႔မ်ားလား
ဒါမွမဟုတ္လီခ်န္းကသိပ္ေခ်ာေနလို႔လား
လီခ်န္းမ်က္ႏွာေပၚကသူ႕လက္ကိုျပန္႐ုတ္ၿပီးရွက္ရွက္ျဖင့္႐ုန္းလိုက္ရာ လီခ်န္းအားေစာင့္ၫြန္းမိသလိုျဖစ္ၿပီး လီခ်န္းအိပ္ယာေပၚကျပဳတ္က်သြားသည္
"အား ကြၽတ္ ကြၽတ္ ငါ လီခ်န္း ကို ဒီလိုလုပ္ရဲ အာ
ဖုန္းမင္ေလး နိုးၿပီလား။အိပ္လို႔ေရာေကာင္းရဲ႕လား ဟင္"
အိပ္ယာေပၚကျပဳတ္က်တာ ဖင္နာသြားတာမို႔ရန္ေတြ႕ဖို႔ျပင္လိုက္ေပမယ့္ အျဖဴေရာင္ဝတ္စုံတစ္ထပ္တည္းဝတ္ထားတဲ့ ဖုန္းမင္ဟာ ကပိုကရိုေလးနဲ႕ေတာင္
မဟားတရားလွရက္လြန္းေနလို႔ သူ႕စိတ္ေတြၾကည္
လင္သြားရသည္။
ဒီေလာက္လွတဲ့ေကာင္ေလးကို ဆူရက္ဖို႔အထိသူအသဲမမာပါေလ။
ဆံပင္ရွည္ေတြရႈပ္ပြေနတာေလးကိုက တမ်ိဳးေလး
ခ်စ္ဖို႔ေကာင္းေနသည့္ဖုန္းမင္ပါေပ။
နည္းနည္းစူပြပြျဖစ္ေနပုံေလးမို႔ လီခ်န္းသူဘာလုပ္မိ
လဲ အလ်င္အျမန္ေတြးေနရသည္။
ငါ အိပ္႐ုံေလးအိပ္ေနခဲ့တာပါ ငါ ဘာအမွားလုပ္မိလို႔လဲ
ဖုန္းမင္ကစိတ္ဆိုးသြားရင္အနားကပ္ဖို႔အေတာ္ခက္ေၾကာင္းသူသိသြားၿပီမို႔ ထပ္စိတ္ဆိုးေအာင္မလုပ္ရဲပါေလ။
လီခ်န္းအိပ္ရာေပၚကျပဳတ္က်ေတာ့ေစာင္ကကုတင္
ေပၚမွာတစ္ဝက္ ေအာက္မွာတစ္ဝက္ေရာက္ေနသည္။
ဖုန္းမင္ကသူေမးတာကိုမေျဖပဲ ကုတင္ကထကာထြက္သြားၿပီမို႔ လီခ်န္းကမန္းကတန္း
ထကာ ေနာက္ကေျပးလိုက္ေတာ့ ေစာင္ကိုခလုတ္
တိုက္ၿပီး ၾကမ္းျပင္ေပၚေမွာက္ယွက္ျပစ္လဲသည္မွာ ဝုန္းခနဲေတာင္ျမည္သြားေသးပါသည္။
"ကြၽတ္ ကြၽတ္ ကြၽတ္"
သူေမွာက္လ်က္ေလးလဲေနတာကိုျမင္မွဖုန္းမင္ကသူ႕ မ်က္ႏွာေရွ႕မွာ ဒူးတစ္ဖက္ေထာက္ထိုင္ၿပီး လာခနဲ႕ သည္။
"ေၾသာ္ ဝမ္ရယ္ေလးက အိပ္ခ်င္မူးတူး ျဖစ္ေနတာမ်ားလား။ ဒါကအိပ္ရာမဟုတ္ဘူး ဝမ္ရယ္ရဲ႕"
မ်က္စိေရွ႕က ေျခဖဝိုးေဖာင္းေဖာင္းေလးနဲ႕ေျခေထာက္ျဖဴျဖဴသြယ္သြယ္ေလးကိုစိုက္ၾကည့္ေနမိတဲ့ ဝမ္ရယ္လီကေတာ့ဖုန္းမင္ေျပာတာၾကားပုံမရ
"ေဟး လီခ်န္း ျပန္အိပ္ေနတာလား မ်က္လုံးလဲမမွိတ္ပဲအိပ္လို႔ရတယ္ေပါ့"
မသိရွာတဲ့ဖုန္းမင္ေလးကေတာ့ ပိုၿပီးငုံ႕ကိုင္းကာ လီခ်န္းမ်က္ႏွာေရွ႕လက္တယမ္းယမ္းနဲ႕ေမးလ်က္ရွိသည္။
ေျခေခ်ာင္းေလးေတြအစား လက္သြယ္သြယ္ေလးေတြကမ်က္လုံးထဲဝင္လာတာနဲ႕ လီခ်န္းမိမိရရဆုပ္ကိုင္လိုက္မိသည္။
ၿပီးမွသတိရကာဖုန္းမင္ကိုေမာ့ၾကည့္လိုက္မိသည္။
သူ႕ကိုတမ်ိဳးထင္သြားမွာမ်ိဳးမလိုခ်င္ပါေလ။
ဖုန္းမင္ကေတာ့ သူ႕ကိုထူခိုင္းေနတယ္ထင္ၿပီး လီခ်န္းကိုယ္ႀကီးကို မနည္းမထူေပးေနေသးရာ
လီခ်န္းမွာ ငါ့ဝမ္ေဖးကအလိုက္သိျပန္ေရာ ဆိုၿပီး
ပီတိေတြျဖာလ်က္....
တဆက္တည္းမွာပဲ သူ႕စိတ္သူအံ့ ၾသေနရျပန္သည္။
ဒုန္း ဒုန္း ဒုန္း
"ဟိုေကာင္လီခ်န္းမထေသးဘူးလား ညကဘာေတြ
လုပ္ေနၾကလို႔လဲ မင္အာေလး မင္အာေလးေရာ
နိုးၿပီလား"
ၾကည္ႏူးဖြယ္အခ်ိန္ေလးကိုဖ်က္စီးလိုက္တဲ့တံခါးေခါက္သံႀကီးဟာ ထ်န္ရွင္းရဲ႕အသံနဲ႕အတူ နားထဲကန႔္
လန႔္ဝင္လာသည္။
"မင္အာေရ မင္အာေရ ကိုယ့္ကိုတံခါးလာဖြင့္ေပးပါဦးနိုးေနၿပီမဟုတ္လား။ မနက္စာစားရေအာင္ေလ မင္အာေလးေရ"
ဒုန္း ဒုန္း ဒုန္း
ေက်ာက္လ်င္ရဲ႕စကားထဲမွာ သူ႕နာမည္တစ္ခြန္းမွမပါတဲ့အျပင္ သူ႕ဝမ္ေဖးကိုမနက္စာစားဖို႔လာေခၚေနေသးသည္မို႔
လီခ်န္းမနက္ေစာေစာစီးစီးေဒါသထြက္ရေလၿပီ။
ဒီအေကာင္ေက်ာက္လ်င္က ငါ့ဝမ္ေဖးကိုထိကပါးရိကပါးနဲ႕ မယ္ေတာ့္ကိုေျပာၿပီး
မိန္းမေပးစားခိုင္းလိုက္ရ ကယ္ပါယူပါ ျဖစ္ေရာ့မယ္
သူတို႔၃ေယာက္မွာတူညီတဲ့အခ်က္တစ္ခုက မိန္းမ မယူခ်င္တာပဲျဖစ္သည္။
သူလက္ကိုလႊတ္ၿပီးတံခါးဖြင့္ဖို႔သြားေတာ့မယ့္ဖုန္းမင္လက္ကိုျပန္ဆြဲရင္း သူေခါင္းယမ္းျပလိုက္သည္။
"ထားလိုက္ ။သူတို႔လက္ပဲနာမွာ။ ကိုယ္တို႔ အဝတ္အစားလဲၿပီး ကိုယ္လက္သန႔္စင္ၿပီးမွ ဖြင့္ေပးၾကတာေပါ့"
လီခ်န္းျပဳမူေနပုံက ၾကင္စဦးဇနီးေမာင္ႏွံကိုအဖ်က္
သမားေတြလာရႈပ္ေနတဲ့အတိုင္း
ဖုန္းမင္ကို ခ်စ္ဇနီးတစ္ေယာက္လိုျပဳမူျပေနေတာ့တာ
ဖုန္းမင္:"ၿပီးတာပဲ။ သူတို႔ကမင္းလူေတြပဲေလ "
လီခ်န္း:"....."
ဟုတ္ကဲ့ ျဖစ္ျဖစ္ အင္း ျဖစ္ျဖစ္ မင္းသေဘာျဖစ္ျဖစ္
ျပန္ေျပာသင့္တာ ဖုန္းမင္ရယ္
ငါ နည္းနည္းစိတ္လြတ္လြတ္ေနတယ္
မဟုတ္မွ ဒီေကာင္ငါ့ကိုညို႔ထားေသးတာလား
မျဖစ္ဘူး အႏၲရာယ္မ်ားတယ္ သတိထားရမယ္ သတိထားရမယ္
------------
မနက္စာ စားၿပီးသည္ႏွင့္ သူတို႔ေတြခရီးဆက္ခဲ့ၾက
သည္။
နန္းေတာ္ဂိတ္တံခါးနားေရာက္ခါနီးမွတိတ္ဆိတ္ေနတဲ့လူစုကစကားသံထြက္လာ၏။
ဖုန္းမင္ကလြဲက်န္တဲ့လူေတြကေျဖရွင္းရဦးမယ့္ျပသနာေတြအတြက္ေခါင္းက်ိန္းေနၾကျခင္းသာ
လီခ်န္းမွာအရင္ဆုံးမယ္ေတာ့္ကိုရင္ဆိုင္ရဦးမယ္
ၿပီးရင္ ေက်ာက္လ်င္တို႔နဲ႕အတူ ခမည္းေတာ္ကိုရင္ဆိုင္ရမယ္။
တံဆိပ္တုံးေပ်ာက္သြားတာနဲ႕ပတ္သတ္ၿပီးေကာင္း
ေကာင္းႀကီးအျပစ္ေပးခံရမွာေတာ့က်ိန္းေသပင္
ေက်ာက္လ်င္:"မင္အာ ေလး ေၾကာက္ေနလား။မေၾကာက္နဲ႕ေနာ္။ တစ္ခုခုဆိုကိုယ့္ကိုယ္လာရွာ မင္အာ့ေရွ႕မွာကိုယ္ရွိတယ္"
ဖုန္းမင္ကအလယ္မွာလီခ်န္းနဲ႕ေက်ာက္လ်င္ကတဖက္တခ်က္ဆီ ျမင္းစီးလာၾကတာမို႔ ဒီစကားေတြလည္းစေျပာေရာ လီခ်န္းက ဓားအိမ္နဲ႕ေက်ာက္လ်င္ေက်ာကုန္းကိုေနာက္ကေနလွမ္းရိုက္သည္။
အား
"နာတယ္ကြ။ လီခ်န္းမင္းေသခ်င္ေနလား"
"ဘာေျပာတယ္။ မင္းကိုသာ ေမးရမွာ။ ေသခ်င္ေနလား"
"ပါးစပ္ေတြပိတ္ထားၾကစမ္း။ ေသမလို႔ ငါ့နားမွာလာေအာ္ေနၾကတာလား"
ထ်န္ရွင္းတကယ္ပဲအံၾသမိသည္။
ေဒါသႀကီးတဲ့လီခ်န္းေရာ ေဘးလူကိုအဖက္မလုပ္တတ္တဲ့ေက်ာက္လ်င္ေရာ
ဖုန္းမင္လည္းထေအာ္ေရာ တိတ္သြားၾကတာမ်ားၿငိမ္ေနေရာ...
အဟား မင္အာေလးကဒီေကာင္ေတြနိုင္ကြက္ပဲ အဟဲ မင္အာ့ကိုကပ္ထားရမယ္
ထ်န္ရွင္းခ်က္ခ်င္းကို ဖုန္းမင္ေဘးအတင္းတိုးဝင္ၿပီး
ဖ်ားေယာင္းေတာ့တယ္
"မင္အာ ငါကေလ ဒီအခ်ိန္ နန္းေတာ္ထဲမွာဆို #$%^$%^ဘလာဘလာ"
အတင္းေတြဖုန္းမင္ကိုေရာၿပီးကပ္ေနတဲ့ထ်န္ရွင္းကို
ဂိတ္တံခါးဖြင့္တာနဲ႕ လီခ်န္းနဲ႕ေက်ာက္လ်င္ေပါင္းၿပီး
ျမင္းေပၚကေန ေစာင့္ကန္ခ်လိဳက္သည္။
ဒလွိမ့္ေခါက္ေကြးျပဳတ္က်ေပမယ့္ ခံရပါမ်ားေနၾကမို႔ထင့္ ေျမျပင္မေရာက္ခင္ ထ်န္ရွင္းသူ႕ဘာသာထိန္းလိုက္နိုင္သည္။
အံမယ္ ေလထဲမွာကြၽမ္းတစ္ပတ္ထိုးျပေနလိုက္ေသးသလို
ဖင္မွာေပသြားတဲ့ဖုန္ေတြခါရင္း မင္အာတာ့တာ လို႔
လွမ္းေအာ္ေနေသးသည္။
ဖုန္းမင္တကယ္ပဲအံၾသမိသည္။
႐ုပ္ေခ်ာၿပီးရာထူးႀကီးတဲ့ေကာင္ေတြက က်ပ္မျပည့္ဘူးလား
လီခ်န္းနဲ႕ေက်ာက္လ်င္ကေတာ့ ထ်န္ရွင္း ကိုလွည့္ေတာင္မၾကည့္ပါေခ်။
----------
ထုံးစံအရတရားဝင္ဝမ္ေဖးမျမႇောက္ရေသးရင္ အေဆာင္သပ္သပ္ထားရမည္ျဖစ္သည္။
ဒါေပမယ့္လီခ်န္းကခပ္တည္တည္ပဲ ဖုန္းမင္ကို သူ႕အေဆာင္ကိုေခၚသြား၏။
အေစခံေတြကိုလည္းဖုန္းမင္ကိုေသခ်ာေစာင့္ေရွာက္
ဖို႔မွာၾကားသည္။
ေက်ာက္လ်င္ကိုေတာ့ မ်က္စိေနာက္လို႔လီခ်န္းကန္
ထုတ္လိုက္ၿပီးၿပီ
"ေရာက္ၿပီဆိုေတာ့ ဖုန္းမင္ ေျပာ ဘာအလိုရွိလဲ"
ဖုန္းမင္အတြက္သီးသန႔္ေပးထားတဲ့အခန္းထဲကစားပြဲမွာ၂ေယာက္သားထိုင္ေနၾကသည္
ဖုန္းမင္မွာအိပ္ခ်င္ေနေလၿပီ။
ပင္ပန္းတယ္ ေညာင္းညာေနတယ္
ဒါေပမယ့္အလိုက္ကန္းဆိုးမသိတဲ့ လီခ်န္းကထြက္မသြားေသးဘူး ~__~
"ဗ်ပ္ေစာင္းေကာင္းေကာင္းေလး နဲ႕ ပန္းခ်ီဆြဲဖို႔လိုအပ္တာေတြ လိုခ်င္တယ္"
သူ႕ဗ်ပ္ေစာင္းကိုရွာေဝကေရာင္းစားမယ္ဆိုၿပီးယူုထားလိုက္ၿပီး ပန္းခ်ီပစၥည္းေတြကိုေတာ့ကြၽယ့္ေဝကဖြက္ထားသည္ =___=
ဒါ
"ေကာင္းၿပီ။ အျခားေရာ ဘာလိုခ်င္ေသးလဲ"
အနားယူဖို႔မတ္တပ္ထရပ္လိုက္တဲ့ ဖုန္းမင္ကို လီခ်န္းကလက္ဆြဲၿပီးထပ္ေမးေနျပန္သည္။
နားရင္း အုပ္မိေတာ့မယ္
ဖုန္းမင္:"ပန္းခ်ီဆြဲဖို႔ ေရကန္လွလွေလးလိုခ်င္တယ္
အမ်ိဳးစုံေသာ ၾကာပန္းေတြပြင့္ေနပါေစ။ငါးေလးေတြ
လည္းပါရမယ္။ ပန္းေပါင္းစုံနဲ႕အပင္ေပါင္းစုံစိုက္လို႔ရမယ့္ဥယ်ာဥ္လိုခ်င္တယ္။ ငါကိုယ္တိုင္ခ်က္ျပဳတ္ဖို႔မီးဖိုေဆာင္လိုခ်င္တယ္။ ငါသိုင္းေလ့က်င့္ဖို႔တိတ္ဆိတ္ေအးခ်မ္းတဲ့ေနရာတစ္ခု
လိုခ်င္တယ္။ ေလာေလာဆယ္အလိုခ်င္ဆုံးကေတာ့
ငါ့ကိုမေႏွာင့္ယွက္တာပဲ။ ဖယ္စမ္း မင္းလက္။"
လီခ်န္းလက္ကိုခါထုတ္ၿပီးအိပ္ယာဆီထြက္သြားတဲ့
ဖုန္းမင္ကို ဝမ္ရယ္ေလးခမ်ာေယာင္ေတာင္ေတာင္
ၾကည့္ေနမိသည္။
တကယ္ေတာ့သူက ဖုန္းမင္ေျပာသြားတာေတြကိုျပန္
စဥ္းစားေနတာပါ။
အင္း ငါ လုပ္ေပးစရာေတြအမ်ားႀကီးရွိေနတာပဲ
ျပန္ထြက္မသြားခင္ ဖုန္းမင္အိပ္မအိပ္သြားစစ္ေဆးၿပီးမွ လုပ္စရာရွိတာေတြလုပ္ဖို႔အေဆာင္ကထြက္ခဲ့ေတာ့သည္။
အေဆာင္ကထြက္ၿပီးမၾကာပါဘူး လီခ်န္းျပန္ေပးဆြဲခံရေတာ့တာပဲ။
"အစ္ကိုေတာ္ ဘာလုပ္တာလဲ။ကြၽန္ေတာ္မအား
ဘူး ဝမ္ေဖးအတြက္လုပ္ေပးစရာေတြရွိတယ္"
"အလဲ့ ဝမ္ေဖးတဲ့လား။ငါၾကားရသေလာက္ေတာ့မင္းဝမ္ေဖးကေယာက္်ားေလးဆို။ဘာလဲ ဦးရီးေတာ္ရန္းကိုအားက်လိဳ႕လား။"
ေဘးကေနအိမ္ေရွ႕စံရဲ႕ကိုယ္ရံေတာ္ေတြခ်ဳပ္ထားတာမို႔ သူထြက္ေျပးရင္ရေပမယ့္ေနာက္လည္းရွင္းရမွာဆိုေတာ့
အသာတၾကည္ပဲ ေျဖရွင္းလိုက္ဖို႔ဆုံးျဖတ္လိုက္သည္။
"ဒီလိုပဲ။ အကိုေတာ္ရဲ႕ညီေတာ္ေလးက ဖုန္းမင္မွမရရင္ေသေတာ့မွာ။ ဒါေၾကာင့္မယ္ေတာ့္ဆီမွာကူေျပာေပးဦး။"
"ဖုန္းမင္ တဲ့လား နာမည္က ။ဒါဆိုမင္အာဆိုတာသူ
ေပါ့။"
လီခ်န္းရဲ႕မ်က္ေမွာင္က်ဳံ႕ၿပီးၾကည့္ေနတဲ့ပုံကိုျမင္ေတာ့အိမ္ေရွ႕စံလည္းလက္တကာကာနဲ႕အျမန္ရွင္းျပရေတာ့သည္။
သူကအိမ္ေရွ႕စံသာျဖစ္တာ လီခ်န္းကိုမနိုင္ဘူး အခုကလည္းကိုယ္ရံေတာ္ေတြအားကိုးနဲ႕မို႔သာ
"ငါ ကေက်ာက္လ်င္ဆီကၾကားလို႔ပါ။အဲ့ေကာင္က
မင္အာကေလ မင္အာကေလနဲ႕ ေရာက္ကတည္းက
ငါ့လာနားညည္းေနလို႔ ေမးၾကည့္တာ"
"ထားပါ ေရာ့ တံဆိပ္တုံး"
"အမယ္ေလး ငါေမ့ေနတာ။ခုနကမင္းကိုတံဆိပ္တုံး
အေၾကာင္းမလို႔ကို ေတာ္ပါေသးရဲ႕မေပ်ာက္လို႔ မဟုတ္ရင္ ခမည္းေတာ္ ငါ့ကို သတ္မွာ"
တံဆိပ္တုံးကိုတယုတယ ယူၿပီးတဖြဖြနမ္းေနတဲ့အိမ္
ေရွ႕စံ ကိုကိုယ္ရံေတာ္ေတြေၾကာင္ၾကည့္ေနၾကသည္။
ဒီညီအစ္ကိုေတြက၂ေယာက္ထဲမေတြ႕လိုက္နဲ႕ ေၾကာင္ေတာင္ေတာင္ေတြျဖစ္ကုန္ေရာ
ေတာ္ဝင္တံဆိပ္တုံးကိုဘုရင့္ဆီကခိုးဖို႔အိမ္ေရွ႕စံက
တဖက္လက္နဲ႕ကူညီခဲ့သည္ကိုး...
ဘုရင္သိသြားလို႔ေမးေတာ့ သားေတာ္ေလ့လာမလို႔ယူထားတာ ဆိုၿပီးခပ္တည္တည္ေျပာခဲ့ေသးတာ
"ဒါဆို ကြၽန္ေတာ္သြားၿပီ။"
ေဘးကေရွာင္ထြက္သြားေတာ့မယ့္လီခ်န္းကို အိမ္ေရွ႕စံ လီရန္က လက္ကိုဆြဲကာသတိေပးရေသးသည္။
"ညီေတာ္ မယ္ေတာ့္ဆီသြားလိုက္ဦး။မယ္ေတာ္မင္း
ကိုေတြ႕ခ်င္ေနတယ္။"
လီရန္ဆြဲထားတဲ့လက္ကိုေဆာင့္႐ုန္းလိုက္ၿပီး
"လမ္းႀကဳံရင္ ေပါ့"ဟုေျဖကာ ေခါင္မိုးေပၚခုန္တက္
သြားတဲ့လီခ်န္းကို လီရန္ကေတာ့ေကာင္းေကာင္းက်ိန္ဆဲေနတာေပါ့...
--------
ဆက္ရန္😁😁😁