"ဖုန်းမင်"
လီချန်းအံကြိတ်ပြီး သွားကြားထဲကအသံနဲ့ခေါ်
လိုက်သော်ငြားလည်း ဖုန်းမင်ကလှည့်တောင်မကြည့်ပါချေ။
အခု ယန်မြို့ထဲမဝင်ခင် ရွာတစ်ရွာကတည်းခို ခန်း
တစ်ခုမှာနားနေကြခြင်း
သူတို့ခရီးအပြင်းနှင်လာတာ ၅ရက်ရှိသွားပြီ
ဒီ၅ရက်လုံးသူ့ကိုဖုန်းမင်လုံးဝစကားမပြော
လီချန်းလည်းရွဲ့ပြီးခပ်တန်းတန်းနေပါသေးတယ်
ဒါပေမယ့်.......
လီချန်း တမင်ဖုန်းမင်နဲ့၂ယောက်ခန်းယူလိုက်သည်။
ဟို၂ကောင်ကဝင်ရှုပ်သေးပေမယ့်အခန်းထဲကနေ
ကန်ထုတ်ပြစ်လိုက်သည်။
ဖုန်းမင်ကသူ့ကိုကျောခိုင်းပြီး စားပွဲမှာဝင်ထိုင်ကာ
ရေနွေးကြမ်းငှဲ့ပြီးသောက်နေလျက်...
ငါနော် စိတ်ရှိလက်ရှိသာဆို....
နန်းတွင်းမဝင်ခင် သူတို့နှစ်ယောက်ပြေလည်မှုယူမှ
ဖြစ်မည်။
မယ်မယ်ကသိပ်ထက်တာ ရိပ်မိသွားနိုင်တယ်
လီချန်းခြေလှမ်းကြီးတွေနဲ့ ဖုန်းမင်ဆီလျှောက်သွား
ကာ ထိုင်နေတဲ့ဖုန်းမင်ကိုချိုင်းကနေဆွဲပင့်ပြီးထူလိုက်တာမို့ ဖုန်းမင်အသာလေးသူ့လက်ထဲပါလာလေသည်။
ဖုန်းမင်ခမျာလက်ထဲကရေနွေးခွက်တောင်လွတ်ကျမလိုဖြစ်သွားရသည်။
"ငါ့ကိုတစ်ခုခုပြောချင်နေလည်း ပြောလိုက်စမ်းကွာ
ဝမ်ဖေးလောင်းလျာမင်းက ငါဝမ်ရယ်ကိုတော့လျစ်လျူရှုလို့မရဘူးလေ"
နီးနီးကပ်ကပ်ကမျက်နှာချောချော ကိုမကြည့်ချင်လို့
ဖုန်းမင်မျက်နှာလွှဲလိုက်တာတောင် မျက်ဝန်းထောင့်ကနေ လီချန်းရဲ့တောက်ပမှုတွေဟပ်နေတုန်းပဲ
လီချန်းရဲ့ခန့်ညားမှုကသူ့ကိုမမှီပေမယ့် လက်ခံနိုင်လောက်တဲ့အထိတော့ရှိသည်။
"ငါသိတယ်"
နောက်ဆုံးတော့ပြန်ပြောပြီပေါ့
့
ဖုန်းမင်မေးစေ့ကိုသူနဲ့မျက်နှာချင်းဆိုင်အောင်အသာ
လှည့်လိုက်တော့ လီချန်းအသက်တောင်အောင့်မိလိုက်သည်။
မဟုတ်ဘူး အသက်ရှူဖို့မေ့သွားခြင်းသည်သာ...
ဖုန်းမင်ကလီချန်းမြင်ဖူးသမျှမှာ အလှဆုံးပဲ
ဖုန်းမင်မျက်နှာကို မျက်လုံးချင်းမဆုံဘဲ အမွှေးတိုင်
တစ်ဝက်စာကြည့်မိလိုက်ဦး လုံးဝအကြည့်လွှဲနိုင်တော့မှာမဟုတ်ဘူး
အဆွဲဆောင်ခံလိုက်ရသလို ရူးရူးမူးမူးကိုဖြစ်သွားကြမှာ...
လီချန်းကများစွာအတွေ့အကြုံရှိတဲ့ သူဖြစ်နေတာတောင်မှ ဖုန်းမင်ရဲ့လှပမှုကနေရှောင်မလွှနိုင်လေဘူး.....
အခုလိုအနီးကပ်မြင်နေရတဲ့လှပလွန်းတဲ့မျက်နှာလေး
လက်ဖျားဆီကနူးညံတဲ့အထိအတွေ့တွေ
နှာဖျားထဲဝင်လာတဲ့ ချယ်ရီရနံလေး
ဟင်း ဖုန်းမင်ကိုချက်ချင်းသူ့အောက်ဆွဲသွင်းချင်မိတယ်
"ဟူး"
ဖုန်းမင် သူ့ကိုကြည့်နေရင်း နည်းနည်းပြောင်းလဲလာ
တဲ့လီချန်းကိုသေချာကြည့်လိုက်မိသည်။
ဖုန်းမင်မေးဖျားက လီချန်းလက်ကနေ အပူငွေ့တချို့ကိုတောင်ခံစားမိသည်။
ပြီးတော့ အသက်ပြင်းပြင်းရှူနေတဲ့ပုံစံ
တဖြည်းဖြည်းနဲ့ လီချန်းမျက်လုံးက မှေးစင်းလာပြီး
မျက်နှာကဖုန်းမင်မျက်နှာနား တရွေ့ရွေ့ချဉ်းကပ်လာသည်။
တကယ်ကို တကယ့်ကို ကပ်သီးလေး နှုတ်ခမ်းချင်း
ထိခါနီးမှ ဖုန်းမင်မျက်နှာလွှဲလိုက်၏။
ဒါကြောင့်မို့
လီချန်း ဖုန်းမင်ရဲ့ နှုတ်ခမ်းဘေးစွန်းကိုပဲနမ်းမိသွား
သည်။
လီချန်းလုံးဝလွှတ်မပေးဘဲ အကြာကြီးဖိကပ်ထားသလို နှာ ခေါင်းကလည်းတရှုံ့ရှုံ့ ဖြင့်အသံမြည်အောင်နမ်းနေသည်။
လက်တွေကဖုန်းမင်ကျောနောက်ကိုရောက်လာပြီး
ပွတ်သပ်နေသေး....
ဖုန်းမင် သူ့ကိုယ်နဲ့ ကပ်နေတဲ့လီချန်းဆီကအသက်ရှူသံပြင်းပြင်းကိုအတိုင်းသားခံစားနေရသည်။
ဖုန်းမင်မျက်နှာက ပုံမှန်မဟုတ်တဲ့အပြုံးကို လီချန်းမြင်မှာတော့မဟုတ်
လီဝမ်ရယ် လား? တော်ဝင်တံဆိပ်တုံးနဲ့ငါ့ကိုသိမ်း
လာတဲ့လူလား?
ဘာကောင်ကြီးပဲ ဖြစ်နေနေပါ အခု သူ့ဆီမှာကျ ရှုံး
တာပဲ မဟုတ်လား
ဒီလိုဆိုပေမယ့် ဖုန်းမင် ဘာဆက်လုပ်ရမယ်မှန်းမသိသေးဘူး
သူအခုဘာဖြစ်ချင်လဲ
လီချန်းအကြပ်ကိုင်မှုနဲ့သူမနက်ဖန်ဆိုနန်းတွင်းဝင်ရ
တော့မယ်
ကိုယ်ကိုနည်းနည်းတွန်းလိုက်တော့မှသတိ
ဝင်လာပုံရတဲ့လီချန်းဟာ
"အာ ငါ နည်းနည်း ဟိုဟာ"
အခုမှရှက်နေပြန်တဲ့လီချန်း
ခန့်ညားလွန်းသူကြီးရှက်နေပုံက တောင်ကြည့်မြောက်ကြည့် ဖင်ကုပ်ခေါင်းကုပ်နဲ့ပေါ့
ဟား မင်းဒီလိုပုံကို ငါမသိခဲ့ဘူး ချစ်စရာလေး
"ငါ "လေသံမှန်မှန်နဲ့ ဖုန်းမင်စကားစတာနဲ့ လီချန်းအကြည့်တွေတဖန်ပြန်ရောက်လာသည်။
"ခေါင်းရှုပ်ရတာမကြိုက်ဘူး။ "
လီချန်းတစ်ချက်ကြောင်သွားပေမယ့် အလျင်အမြန်ကတိပေးလိုက်သည်။
"စိတ်ချ။ဘယ်သူမှ ငါ့ဝမ်ဖေးကိုစိတ်အနှောင့်အယှက်မပေးစေရဘူး"
"အာရုံနောက်ရတာလည်းမကြိုက်ဘူး။"
"ဒါလည်းငါ့တာဝန်ထားလိုက်။"
"စိတ်ပူရတာမကြိုက်ဘူး။ စိုးရိမ်ကြောင့်ကြရတာမျိုး
မကြိုက်ဘူး"
"မင်းကိုဘယ်သူကမှ စိတ်ညစ်အောင်မလုပ်စေရဘူး
ငါကတိပေးတယ်။ ငါသိပါတယ်။နန်းတွင်းဝင်ဖို့ကမင်းအတွက်ခက်ခဲမှန်း။ ဒါပေမယ့် ဘယ်လိုအခက်အခဲမှမရှိအောင်ငါဂရုစိုက်မှာပါ။ "
ထပ်မပြောတော့ပေမယ့် မျက်နှာထားကပုံမှန်ဖြစ်လာပြီဆိုတော့ ဒါအခြေအနေကောင်းတယ်လို့ပြောရမည်~~~
ဖုန်းမင်လက်ခံလာနေပြီ
စားပွဲမှာဖုန်းမင်ဝင်ထိုင်လိုက်တာနဲ့ ဘေးကပ်ရပ်ကို
လီချန်းပြေးထိုင်ပြီးသား.....
ဖုန်းမင်က စားပွဲခုံပေါ်ခွက် အသာပြန်ချပြီး
လီချန်းဘက်လှည့်ကာမျက်လုံးထဲအထိသေချာကိုစူး
စိုက်ကြည့်လာသည်မို့ လီချန်းရဲ့ရင်ထဲမှာဒိန်းခနဲ မြည်ဟည်းသွားရသည်။
လီချန်းပရောပရီမိန်းမတွေ ကြာစွယ်တဲ့မိန်းမတွေ
ဆီကအကြည့်ဆန်းဆန်းတွေရဖူးပါတယ်
ဒါပေမယ့်အခုဖုန်းမင်သူ့ကိုဒီလို တမျိုးကြီးကြည့်လိုက်တော့ လီချန်းဘာဆက်လုပ်ရမလဲတောင်မသိတော့ဘူး
ဒါသာမာန်ပါပဲ ဘယ်သူမဆိုအရမ်းလှပလွန်းတဲ့
ကောင်လေးရှေ့မှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်တာ
တကယ်ကို သာမာန်ပါပဲ
ဖြစ်တတ်ပါတယ် ငါ ယောက်ျားတွေ မကြိုက်ပါဘူး
ဖုန်းမင်ကအရမ်းလှလွန်းနေလို့သာ စိတ်လှုပ်ရှားနေ
တာ
"ငါ့ကို မင်းကြိုက်လို့မရဘူးနော်"
ဆန်းဆန်းပြားပြား တွေလီချန်းတွေးနေတုန်းမှာမှ
ဖုန်းမင်ထပြောလိုက်တဲ့စကားက ကျောချမ်းစရာ
"ငါ မကြိုက်ပါဘူး" အခုတော့ မကြိုက်သေးဘူး
ထင်ပါတယ်
စကားအကုန်မပြောလိုက်မိ
ငါ ဖုန်းမင်ကိုမကြိုက်ပါဘူး
ဟုတ်တယ် မကြိုက်လောက်ပါဘူး
ငါ ဖုန်းမင်ကိုမကြိုက်လောက်ပါဘူး
သူဘယ်လောက်လှလှ သူကငါ့လို ယောက်ျားလေ
နန်းတွင်းပြန်ရောက်ရင် ဦးရီးတော်ရန်း ကိုမေးမြန်း
ချင်စမ်းပါဘိ
ဘယ်လိုစိတ်နဲ့ယောက်ျားယူဖြစ်ခဲ့တာလဲလို့...
"ကောင်းတယ်။ငါ့ကိုမကြိုက်တာ ကောင်းမယ်။
မင်းကြိုက်တဲ့မိန်းမတွေ့တဲ့နေ့ကျရင် ငါ့ကိုလွတ်လပ်
ခွင့်ပေးရမယ်။"
ယန်တစ်မြို့လုံးကုန်ပြီ ငါမအိပ်ဖူးတဲ့မိန်းမ မရှိတော့
ဘူး တစ်ယောက်မှကို မကြိုက်ဘူး
မိန်းမတွေကအိပ်ယာထဲမှာပဲကောင်းတယ်
ကျန်တဲ့ အချိန်ဆိုအာရုံနောက်တယ်
(Kway:"လူယုတ်မာ xD)
ဒါကြောင့်လီချန်းကြိုက်တဲ့မိန်းမ ရှိလာမှာမဟုတ်ဘူး
ဒီတော့
"ငါလက်ခံတယ်။ ^__^"
"ဒါဆိုလည်း ကောင်းပြီလေ။ငါတို့တွေမိတ်ဆွေတွေ
လိုပဲနေကြတာပေါ့။ "
ဖုန်းမင်ဘက်ကအလျော့ပေးလိုက်ပြီ
ဒီအခြေအနေရောက်မှတော့ သူ့ယောက်ျားဖြစ်လာ
မယ့်လီချန်းနဲ့ သင့်မြတ်အောင်နေရုံပဲရှိတော့တယ်
"ငါလည်း အဲ့လိုပဲစဉ်းစားထားတာ။ငါတို့တွေ တိုင်တိုင်ပင်ပင် နဲ့နေသွားကြမယ်"
ဖုန်းမင်ခေါင်း ငြိမ့်တာနဲ့ လီချန်းသူပြောမှဖြစ်မယ့်ကိစ္စကို ပြောဖို့ကြိုးစားတော့သည်။
" အခြေအနေတစ်ခုတော့ရှိတယ်။ ငါ မိန်းမကိစ္စ
ကတော့နဲနဲ ရှိမယ်။အဲ့တာ"
ပြောလည်းပြောချင်တယ် ပြောရလည်းခက်နေပုံရ
တဲ့လီချန်းကြောင့်ဖုန်းမင်ပြုံးမိမလိုတောင်ဖြစ်သွား
သည်။
ဒါတွေသူတွေးထားပြီးသား
ထိုအပြုံးကြောင့်ပဲ လီချန်းမှာအပြစ်အကြီးကြီးတစ်ခုလုပ်မိလိုက်သလိုခံစားလိုက်ရပြန်သည်။
"ကိစ္စမရှိဘူး ဒါမင်းသဘောပဲ။ မှတ်ထား လီချန်း
ငါတို့ကသဘောတူညီမှုတစ်ခုနဲ့လက်ထပ်မှာ သဘောတူညီမှုသက်သက်ပဲ အချစ်မပါဘူး"
လီချန်းပင့်သက်ရှိုက်ကာ ခေါင်းငြိမ့်လိုက်ပေမယ့် စိတ်ထဲလေးသွားရသည်။
ငါလည်းဖုန်းမင်ကိုမချစ်သလို
ဖုန်းမင်လည်းငါ့ကိုမချစ်ဘူး
ပြီးနေပြီပဲ
ထိုညက သူတို့ စောစောအိပ်ယာဝင်ဖြစ်ကြသည်။
ကုတင်အကျယ်ကြီးမှာ ခပ်ကွာကွာနဲ့ ကျောခိုင်းပြီး
လဲနေကြတဲ့လူနှစ်ယောက်
မတင်မကျတွေဖြေရှင်းပြီးသွားပြီဖြစ်လို့ဖုန်းမင်ကတော့အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်သွားပေမယ့်
လီချန်းကတော့ တစ်ညလုံးဟိုလှိမ့်လိုက် ဒီလှိမ့်လိုက်
ဖြင့်သာ...
သူ့နားထဲမှာကြားယောင်နေတာက ဖုန်းမင်နောက်ဆုံးပြောသွားတဲ့ စကားတွေ.....
--------
ဆက်ရန်😁😁😁
"ဖုန္းမင္"
လီခ်န္းအံႀကိတ္ၿပီး သြားၾကားထဲကအသံနဲ႕ေခၚ
လိုက္ေသာ္ျငားလည္း ဖုန္းမင္ကလွည့္ေတာင္မၾကည့္ပါေခ်။
အခု ယန္ၿမိဳ႕ထဲမဝင္ခင္ ႐ြာတစ္႐ြာကတည္းခို ခန္း
တစ္ခုမွာနားေနၾကျခင္း
သူတို႔ခရီးအျပင္းႏွင္လာတာ ၅ရက္ရွိသြားၿပီ
ဒီ၅ရက္လုံးသူ႕ကိုဖုန္းမင္လုံးဝစကားမေျပာ
လီခ်န္းလည္း႐ြဲ႕ၿပီးခပ္တန္းတန္းေနပါေသးတယ္
ဒါေပမယ့္.......
လီခ်န္း တမင္ဖုန္းမင္နဲ႕၂ေယာက္ခန္းယူလိုက္သည္။
ဟို၂ေကာင္ကဝင္ရႈပ္ေသးေပမယ့္အခန္းထဲကေန
ကန္ထုတ္ျပစ္လိုက္သည္။
ဖုန္းမင္ကသူ႕ကိုေက်ာခိုင္းၿပီး စားပြဲမွာဝင္ထိုင္ကာ
ေရေႏြးၾကမ္းငွဲ႕ၿပီးေသာက္ေနလ်က္...
ငါေနာ္ စိတ္ရွိလက္ရွိသာဆို....
နန္းတြင္းမဝင္ခင္ သူတို႔ႏွစ္ေယာက္ေျပလည္မႈယူမွ
ျဖစ္မည္။
မယ္မယ္ကသိပ္ထက္တာ ရိပ္မိသြားနိုင္တယ္
လီခ်န္းေျခလွမ္းႀကီးေတြနဲ႕ ဖုန္းမင္ဆီေလွ်ာက္သြား
ကာ ထိုင္ေနတဲ့ဖုန္းမင္ကိုခ်ိဳင္းကေနဆြဲပင့္ၿပီးထူလိုက္တာမို႔ ဖုန္းမင္အသာေလးသူ႕လက္ထဲပါလာေလသည္။
ဖုန္းမင္ခမ်ာလက္ထဲကေရေႏြးခြက္ေတာင္လြတ္က်မလိုျဖစ္သြားရသည္။
"ငါ့ကိုတစ္ခုခုေျပာခ်င္ေနလည္း ေျပာလိုက္စမ္းကြာ
ဝမ္ေဖးေလာင္းလ်ာမင္းက ငါဝမ္ရယ္ကိုေတာ့လ်စ္လ်ဴရႈလို႔မရဘူးေလ"
နီးနီးကပ္ကပ္ကမ်က္ႏွာေခ်ာေခ်ာ ကိုမၾကည့္ခ်င္လို႔
ဖုန္းမင္မ်က္ႏွာလႊဲလိုက္တာေတာင္ မ်က္ဝန္းေထာင့္ကေန လီခ်န္းရဲ႕ေတာက္ပမႈေတြဟပ္ေနတုန္းပဲ
လီခ်န္းရဲ႕ခန႔္ညားမႈကသူ႕ကိုမမွီေပမယ့္ လက္ခံနိုင္ေလာက္တဲ့အထိေတာ့ရွိသည္။
"ငါသိတယ္"
ေနာက္ဆုံးေတာ့ျပန္ေျပာၿပီေပါ့
့
ဖုန္းမင္ေမးေစ့ကိုသူနဲ႕မ်က္ႏွာခ်င္းဆိုင္ေအာင္အသာ
လွည့္လိုက္ေတာ့ လီခ်န္းအသက္ေတာင္ေအာင့္မိလိုက္သည္။
မဟုတ္ဘူး အသက္ရႉဖို႔ေမ့သြားျခင္းသည္သာ...
ဖုန္းမင္ကလီခ်န္းျမင္ဖူးသမွ်မွာ အလွဆုံးပဲ
ဖုန္းမင္မ်က္ႏွာကို မ်က္လုံးခ်င္းမဆုံဘဲ အေမႊးတိုင္
တစ္ဝက္စာၾကည့္မိလိုက္ဦး လုံးဝအၾကည့္လႊဲနိုင္ေတာ့မွာမဟုတ္ဘူး
အဆြဲေဆာင္ခံလိုက္ရသလို ႐ူး႐ူးမူးမူးကိုျဖစ္သြားၾကမွာ...
လီခ်န္းကမ်ားစြာအေတြ႕အႀကဳံရွိတဲ့ သူျဖစ္ေနတာေတာင္မွ ဖုန္းမင္ရဲ႕လွပမႈကေနေရွာင္မလႊနိုင္ေလဘူး.....
အခုလိုအနီးကပ္ျမင္ေနရတဲ့လွပလြန္းတဲ့မ်က္ႏွာေလး
လက္ဖ်ားဆီကႏူးညံတဲ့အထိအေတြ႕ေတြ
ႏွာဖ်ားထဲဝင္လာတဲ့ ခ်ယ္ရီရနံေလး
ဟင္း ဖုန္းမင္ကိုခ်က္ခ်င္းသူ႕ေအာက္ဆြဲသြင္းခ်င္မိတယ္
"ဟူး"
ဖုန္းမင္ သူ႕ကိုၾကည့္ေနရင္း နည္းနည္းေျပာင္းလဲလာ
တဲ့လီခ်န္းကိုေသခ်ာၾကည့္လိုက္မိသည္။
ဖုန္းမင္ေမးဖ်ားက လီခ်န္းလက္ကေန အပူေငြ႕တခ်ိဳ႕ကိုေတာင္ခံစားမိသည္။
ၿပီးေတာ့ အသက္ျပင္းျပင္းရႉေနတဲ့ပုံစံ
တျဖည္းျဖည္းနဲ႕ လီခ်န္းမ်က္လုံးက ေမွးစင္းလာၿပီး
မ်က္ႏွာကဖုန္းမင္မ်က္ႏွာနား တေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္လာသည္။
တကယ္ကို တကယ့္ကို ကပ္သီးေလး ႏႈတ္ခမ္းခ်င္း
ထိခါနီးမွ ဖုန္းမင္မ်က္ႏွာလႊဲလိုက္၏။
ဒါေၾကာင့္မို႔
လီခ်န္း ဖုန္းမင္ရဲ႕ ႏႈတ္ခမ္းေဘးစြန္းကိုပဲနမ္းမိသြား
သည္။
လီခ်န္းလုံးဝလႊတ္မေပးဘဲ အၾကာႀကီးဖိကပ္ထားသလို ႏွာ ေခါင္းကလည္းတရႈံ႕ရႈံ႕ ျဖင့္အသံျမည္ေအာင္နမ္းေနသည္။
လက္ေတြကဖုန္းမင္ေက်ာေနာက္ကိုေရာက္လာၿပီး
ပြတ္သပ္ေနေသး....
ဖုန္းမင္ သူ႕ကိုယ္နဲ႕ ကပ္ေနတဲ့လီခ်န္းဆီကအသက္ရႉသံျပင္းျပင္းကိုအတိုင္းသားခံစားေနရသည္။
ဖုန္းမင္မ်က္ႏွာက ပုံမွန္မဟုတ္တဲ့အၿပဳံးကို လီခ်န္းျမင္မွာေတာ့မဟုတ္
လီဝမ္ရယ္ လား? ေတာ္ဝင္တံဆိပ္တုံးနဲ႕ငါ့ကိုသိမ္း
လာတဲ့လူလား?
ဘာေကာင္ႀကီးပဲ ျဖစ္ေနေနပါ အခု သူ႕ဆီမွာက် ရႈံး
တာပဲ မဟုတ္လား
ဒီလိုဆိုေပမယ့္ ဖုန္းမင္ ဘာဆက္လုပ္ရမယ္မွန္းမသိေသးဘူး
သူအခုဘာျဖစ္ခ်င္လဲ
လီခ်န္းအၾကပ္ကိုင္မႈနဲ႕သူမနက္ဖန္ဆိုနန္းတြင္းဝင္ရ
ေတာ့မယ္
ကိုယ္ကိုနည္းနည္းတြန္းလိုက္ေတာ့မွသတိ
ဝင္လာပုံရတဲ့လီခ်န္းဟာ
"အာ ငါ နည္းနည္း ဟိုဟာ"
အခုမွရွက္ေနျပန္တဲ့လီခ်န္း
ခန႔္ညားလြန္းသူႀကီးရွက္ေနပုံက ေတာင္ၾကည့္ေျမာက္ၾကည့္ ဖင္ကုပ္ေခါင္းကုပ္နဲ႕ေပါ့
ဟား မင္းဒီလိုပုံကို ငါမသိခဲ့ဘူး ခ်စ္စရာေလး
"ငါ "ေလသံမွန္မွန္နဲ႕ ဖုန္းမင္စကားစတာနဲ႕ လီခ်န္းအၾကည့္ေတြတဖန္ျပန္ေရာက္လာသည္။
"ေခါင္းရႈပ္ရတာမႀကိဳက္ဘူး။ "
လီခ်န္းတစ္ခ်က္ေၾကာင္သြားေပမယ့္ အလ်င္အျမန္ကတိေပးလိုက္သည္။
"စိတ္ခ်။ဘယ္သူမွ ငါ့ဝမ္ေဖးကိုစိတ္အေႏွာင့္အယွက္မေပးေစရဘူး"
"အာ႐ုံေနာက္ရတာလည္းမႀကိဳက္ဘူး။"
"ဒါလည္းငါ့တာဝန္ထားလိုက္။"
"စိတ္ပူရတာမႀကိဳက္ဘူး။ စိုးရိမ္ေၾကာင့္ၾကရတာမ်ိဳး
မႀကိဳက္ဘူး"
"မင္းကိုဘယ္သူကမွ စိတ္ညစ္ေအာင္မလုပ္ေစရဘူး
ငါကတိေပးတယ္။ ငါသိပါတယ္။နန္းတြင္းဝင္ဖို႔ကမင္းအတြက္ခက္ခဲမွန္း။ ဒါေပမယ့္ ဘယ္လိုအခက္အခဲမွမရွိေအာင္ငါဂ႐ုစိုက္မွာပါ။ "
ထပ္မေျပာေတာ့ေပမယ့္ မ်က္ႏွာထားကပုံမွန္ျဖစ္လာၿပီဆိုေတာ့ ဒါအေျခအေနေကာင္းတယ္လို႔ေျပာရမည္~~~
ဖုန္းမင္လက္ခံလာေနၿပီ
စားပြဲမွာဖုန္းမင္ဝင္ထိုင္လိုက္တာနဲ႕ ေဘးကပ္ရပ္ကို
လီခ်န္းေျပးထိုင္ၿပီးသား.....
ဖုန္းမင္က စားပြဲခုံေပၚခြက္ အသာျပန္ခ်ၿပီး
လီခ်န္းဘက္လွည့္ကာမ်က္လုံးထဲအထိေသခ်ာကိုစူး
စိုက္ၾကည့္လာသည္မို႔ လီခ်န္းရဲ႕ရင္ထဲမွာဒိန္းခနဲ ျမည္ဟည္းသြားရသည္။
လီခ်န္းပေရာပရီမိန္းမေတြ ၾကာစြယ္တဲ့မိန္းမေတြ
ဆီကအၾကည့္ဆန္းဆန္းေတြရဖူးပါတယ္
ဒါေပမယ့္အခုဖုန္းမင္သူ႕ကိုဒီလို တမ်ိဳးႀကီးၾကည့္လိုက္ေတာ့ လီခ်န္းဘာဆက္လုပ္ရမလဲေတာင္မသိေတာ့ဘူး
ဒါသာမာန္ပါပဲ ဘယ္သူမဆိုအရမ္းလွပလြန္းတဲ့
ေကာင္ေလးေရွ႕မွာ ေျခမကိုင္မိလက္မကိုင္မိျဖစ္တာ
တကယ္ကို သာမာန္ပါပဲ
ျဖစ္တတ္ပါတယ္ ငါ ေယာက္်ားေတြ မႀကိဳက္ပါဘူး
ဖုန္းမင္ကအရမ္းလွလြန္းေနလို႔သာ စိတ္လႈပ္ရွားေန
တာ
"ငါ့ကို မင္းႀကိဳက္လို႔မရဘူးေနာ္"
ဆန္းဆန္းျပားျပား ေတြလီခ်န္းေတြးေနတုန္းမွာမွ
ဖုန္းမင္ထေျပာလိုက္တဲ့စကားက ေက်ာခ်မ္းစရာ
"ငါ မႀကိဳက္ပါဘူး" အခုေတာ့ မႀကိဳက္ေသးဘူး
ထင္ပါတယ္
စကားအကုန္မေျပာလိုက္မိ
ငါ ဖုန္းမင္ကိုမႀကိဳက္ပါဘူး
ဟုတ္တယ္ မႀကိဳက္ေလာက္ပါဘူး
ငါ ဖုန္းမင္ကိုမႀကိဳက္ေလာက္ပါဘူး
သူဘယ္ေလာက္လွလွ သူကငါ့လို ေယာက္်ားေလ
နန္းတြင္းျပန္ေရာက္ရင္ ဦးရီးေတာ္ရန္း ကိုေမးျမန္း
ခ်င္စမ္းပါဘိ
ဘယ္လိုစိတ္နဲ႕ေယာက္်ားယူျဖစ္ခဲ့တာလဲလို႔...
"ေကာင္းတယ္။ငါ့ကိုမႀကိဳက္တာ ေကာင္းမယ္။
မင္းႀကိဳက္တဲ့မိန္းမေတြ႕တဲ့ေန႕က်ရင္ ငါ့ကိုလြတ္လပ္
ခြင့္ေပးရမယ္။"
ယန္တစ္ၿမိဳ႕လုံးကုန္ၿပီ ငါမအိပ္ဖူးတဲ့မိန္းမ မရွိေတာ့
ဘူး တစ္ေယာက္မွကို မႀကိဳက္ဘူး
မိန္းမေတြကအိပ္ယာထဲမွာပဲေကာင္းတယ္
က်န္တဲ့ အခ်ိန္ဆိုအာ႐ုံေနာက္တယ္
(Kway:"လူယုတ္မာ xD)
ဒါေၾကာင့္လီခ်န္းႀကိဳက္တဲ့မိန္းမ ရွိလာမွာမဟုတ္ဘူး
ဒီေတာ့
"ငါလက္ခံတယ္။ ^__^"
"ဒါဆိုလည္း ေကာင္းၿပီေလ။ငါတို႔ေတြမိတ္ေဆြေတြ
လိုပဲေနၾကတာေပါ့။ "
ဖုန္းမင္ဘက္ကအေလ်ာ့ေပးလိုက္ၿပီ
ဒီအေျခအေနေရာက္မွေတာ့ သူ႕ေယာက္်ားျဖစ္လာ
မယ့္လီခ်န္းနဲ႕ သင့္ျမတ္ေအာင္ေန႐ုံပဲရွိေတာ့တယ္
"ငါလည္း အဲ့လိုပဲစဥ္းစားထားတာ။ငါတို႔ေတြ တိုင္တိုင္ပင္ပင္ နဲ႕ေနသြားၾကမယ္"
ဖုန္းမင္ေခါင္း ၿငိမ့္တာနဲ႕ လီခ်န္းသူေျပာမွျဖစ္မယ့္ကိစၥကို ေျပာဖို႔ႀကိဳးစားေတာ့သည္။
" အေျခအေနတစ္ခုေတာ့ရွိတယ္။ ငါ မိန္းမကိစၥ
ကေတာ့နဲနဲ ရွိမယ္။အဲ့တာ"
ေျပာလည္းေျပာခ်င္တယ္ ေျပာရလည္းခက္ေနပုံရ
တဲ့လီခ်န္းေၾကာင့္ဖုန္းမင္ၿပဳံးမိမလိုေတာင္ျဖစ္သြား
သည္။
ဒါေတြသူေတြးထားၿပီးသား
ထိုအၿပဳံးေၾကာင့္ပဲ လီခ်န္းမွာအျပစ္အႀကီးႀကီးတစ္ခုလုပ္မိလိုက္သလိုခံစားလိုက္ရျပန္သည္။
"ကိစၥမရွိဘူး ဒါမင္းသေဘာပဲ။ မွတ္ထား လီခ်န္း
ငါတို႔ကသေဘာတူညီမႈတစ္ခုနဲ႕လက္ထပ္မွာ သေဘာတူညီမႈသက္သက္ပဲ အခ်စ္မပါဘူး"
လီခ်န္းပင့္သက္ရွိုက္ကာ ေခါင္းၿငိမ့္လိုက္ေပမယ့္ စိတ္ထဲေလးသြားရသည္။
ငါလည္းဖုန္းမင္ကိုမခ်စ္သလို
ဖုန္းမင္လည္းငါ့ကိုမခ်စ္ဘူး
ၿပီးေနၿပီပဲ
ထိုညက သူတို႔ ေစာေစာအိပ္ယာဝင္ျဖစ္ၾကသည္။
ကုတင္အက်ယ္ႀကီးမွာ ခပ္ကြာကြာနဲ႕ ေက်ာခိုင္းၿပီး
လဲေနၾကတဲ့လူႏွစ္ေယာက္
မတင္မက်ေတြေျဖရွင္းၿပီးသြားၿပီျဖစ္လို႔ဖုန္းမင္ကေတာ့အသက္ရႉသံမွန္မွန္နဲ႕ အိပ္ေပ်ာ္သြားေပမယ့္
လီခ်န္းကေတာ့ တစ္ညလုံးဟိုလွိမ့္လိုက္ ဒီလွိမ့္လိုက္
ျဖင့္သာ...
သူ႕နားထဲမွာၾကားေယာင္ေနတာက ဖုန္းမင္ေနာက္ဆုံးေျပာသြားတဲ့ စကားေတြ.....
--------
ဆက္ရန္😁😁😁