ငါ့ကို၃ကောင်သားဘယ်လိုတွေလာကြည့်နေတာလဲ
ဝင်လာမိတာများမှားသွားပြီလား
အခန်းထဲရောက်ပြီးမှ ပြန်ထွက်ရမလိုလို ဝင်ပဲထိုင်ရတော့မလို ဖြစ်နေတဲ့ဖုန်းမင်အနား အရင်ဆုံးလျှောက်လာတာက လီချန်းပင်။
တော်တော်နီးနီးထိကပ်လာပြီး ဖုန်းမင်ပခုံးပေါ်လက်တစ်ဖက်လာတင်ကာ ပြုံးစစနဲ့ပြောလာသည်။
"ကောင်းတယ်။သိပ်ကောင်းတယ်။အခုလိုစိတ်ပြောင်းသွားတာအရမ်းကောင်းတယ်"
ဖုန်းမင်ပါးစပ်လေးဟ မျက်လုံးလေးအဝိုင်းသားနဲ့
လီချန်းကိုကြည့်လိုက်မိသည်။
ငါဘာပြောရသေးလို့လဲ
်
ကျောက်လျင်ကလည်းလျှောက်လာပြီးကျန်ပခုံးပေါ်
လက်တစ်ဖက်တင်လာသည်။
လီချန်းအကြည့်ကထိုလက်ပေါ်မှာဆိုတာကိုကျောက်လျင်ကမသိ သူပြောချင်ရာသာစွတ်ပြောသည်။
"မင်အာ စိတ်မပူနဲ့။လီချန်း ကိုယ့်ကို ကတိပေးထား
တယ်။မင်အာ့ကိုလက်ဖျားနဲ့တောင်မထိပါဘူးတဲ့။
မိဖုရားခေါင်ရှေ့ ဟန်ပြနေပေးရုံပါတဲ့"
လာပြန်ပြီ နောက်တစ်ယောက်
ငါက ဘာကြောင့် ဒီတနာရူးရဲ့ဝမ်ဖေးလုပ်ရမှာလဲ
ဖုန်းမင်ရှေ့က၂ယောက်လုံးကို စိတ်ပျက်လက်ပျက်
ကြည့်လိုက်ပြီး လက်တွေကိုဖယ်ထုတ်ကာ ထျန်ရှင်း
ရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။
ထျန်ရှင်းကလက်ဖက်ရည်ကြမ်းငှဲ့ပြီးဖုန်းမင်ရှေ့ချပြီးပြုံးကာပြောလာသည်။
"မင်အာ ရော့ ဒီလက်ဖက်ရည်ကြမ်းကအဆင့်မှီတယ်။ သောက်ကြည့်"
ဖုန်းမင်:"....."
ငါ့အိမ်မှာနေပြီး ငါ့လယ်ကထွက်တဲ့လက်ဖက်ရည်ကြမ်းနဲ့ ငါ့ကိုမျက်နှာလိုမျက်နှာရ ဧည့်ခံပြနေတယ်
ဒီ၃ကောင်လုံးအချိုးကိုမပြေဘူး
ဖုန်းမင်ဘေးကပ်လျက်ကခုံကိုကျောက်လျင်ကပြေး
ထိုင်ပေမယ့် လီချန်းကလက်လေးနောက်ပြစ်ကာ
တစ်လှမ်းခြမ်း ဖုန်းမင်ရဲ့အခြားတစ်ဖက်မှာဝင်ထိုင်သည်။
စားပွဲဝိုင်းမှာလူစုံစုံခြင်းပဲ ဖုန်းမင်လိုရင်းကိုအမြန်ပြောလိုက်သည်။
"မင်းတို့ထဲက ဘယ်သူ ငါ့အစ်မတွေကိုယူမလဲ"
အဟွတ် အဟွတ်
ချောင်းဆိုးတဲ့သူကဆိုး လက်ဖက်ရည်သီးတဲ့သူကသီးဖြင့် အမူအယာမပျက်တာဆိုလို့လီချန်းပဲရှိသည်။
လီချန်း:"သူတို့၂ယောက်ကို မင်းအစ်မတစ်ယောက်
စီနဲ့ပေးစားလိုက်။ဖုန်းမင် မင်းကတော့ ငါ့ကိုယူလိုက် ^__^"
ဖုန်းမင်/ကျောက်လျင်/ထျန်ရှင်း:"........"
--------
အခန်းရှေ့မှာ ချောင်းနေတဲ့ရှာဝေနဲ့ကျွယ့်ဝေရှိနေသည်။
ရှာဝေ:"အခြေအနေတော့ကောင်းပုံပဲ။အတူထိုင်ပြီး
စကားပြောနေကြတယ်။"
ကျွယ့်ဝေ:"ဒါပေါ့ ငါ့မောင်ကဒီလောက်ချောတာကို။
ဘယ်သူနဲ့ဖြစ်ဖြစ်လိုက်တယ်။၃ယောက်လုံးကချော
တာပဲကို။"
ရှာဝေနဲ့ကျွယ့်ဝေ ဧည့်သည်လေးတွေအနားကပ်ကပ်နေတာကဖုန်းမင်အတွက်ပင်။
သူတို့မှာမောင်ချောလေးတစ်ယောက်ရှိတာ တွေ့ရာ
မိန်းမနဲ့မပေးစားနိုင်ပေါင်
မိန်းမယူရင် မင်အာကရှာကျွေးနေရဦးမယ်
ယောက်ျားယူလိုက်ရင်တော့ မင်အာကထိုင်စားရုံပဲ
သူတို့ဒီအတွေးတွေးမိတာကြာပေါ့ ရွာထဲကမိန်းမတွေကိုပန်းချီ ရောင်းစားဖြစ်ပေမယ့်ဒါကသဘောတူတယ်လို့မဆိုလိုဘူးလေ
မင်အာလေးက သူတို့ရဲ့အသည်းကျော်လေးလေ
တော်ရုံနဲ့သဘောတူစရာလား
အခုဧည့်သည်၃ယောက်က ရုပ်ချော ဥစ္စာပေါပုံလေး
တွေ မင်အာ့ကိုသဘောကျနေကြတာလည်းသိသာ
နေတော့အစ်မတွေပီပီ ဖုန်းမင်ကိုအရောက်ပို့နေပြီလေ။
တံခါးကြားကနေ ချောင်းကြည့်နေလို့လူတွေကိုမြင်နေရပေမယ့်အသံတော့မကြားရ
-------------------
ကျောက်လျင်မသက်မသာသက်ပြင်းချရင်းဖုန်းမင်လက်ကိုဆုပ်ကိုင်လိုက်သည်။
လီချန်းရဲ့မျက်မှောင်ကုပ်ကာကြည့်နေပုံကိုလျစ်လျူရှပြီးတော့ပေါ့
"အဲ့အစ်မတွေကိုထားပါ။ အရင်ဆုံး ကိုယ်နဲ့လိုက်ခဲ့ဖို့ပြောရအောင်။ လီချန်းအကြံကိုလက်ခံလိုက်ပါလား။မင်အာကောင်းကောင်းနေ ကောင်းကောင်းစားရမှာ။တစ်ခုခုဆိုကိုယ်ရှိတာပဲဟာ။"
အဲ့ဒိစကားတွေကငါပြောရမှာမဟုတ်လား ။
အဲ့လက်ကရော ဘယ်လိုတောင်စည်းကမ်းမရှိတာ
လဲ
လီချန်းဒေါသထွက်နေသလောက်ထျန်ရှင်းကတော့ပွဲကြည့်ပရိတ်သတ်ကြားလူအနေနဲ့ အကဲခတ်နေလေသည်။
ဖုန်းမင် သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ကျောက်လျင်လက်ကိုဖြန်းခနဲရိုက်ချလိုက်သည်။
ငါ့ကို အသားလာယူနေတယ် သေချင်လို့
"တော်စမ်း။ငါပြောတာကိုဘယ်သူမှလက်မခံကြဘူး
ဆိုတော့လည်း"
ဖုန်းမင်မတ်တပ်ထရပ်လိုက်တယ်ဆိုရင်ပဲ
လက်တွေကသူ့ကိုဝိုင်းချုပ်လာပြီ
ဖုန်းမင်ခါးပေါ်ကလက်ကလီချန်းလက်ဖြစ်ပြီး
ခါးကိုသိမ်းကျုံးဖက်လာသလို ဖုန်းမင်ခေါင်းကိုလည်း သူ့မေးစေ့နဲ့ဖိထား၏၊
ကျောက်လျင်လက်တွေကကျ ဖုန်းမင်လည်ပင်းကို
အနောက်ကနေသိုင်းဖက်ထားသည်မှာ တင်းတင်းကျပ်ကျပ်ပင်။
ဘာလုပ်တာလဲ O__O
"ဟာ ဟာ ဟေ့ရောင်တွေ မင်အာ အသက်ရှူကျပ်
ကုန်မယ်။ဖြေးဖြေးသက်သာ လုပ် အဲ"
ဘာလဲ ငါက အလှလေး မျက်နှာမဲ့နေလို့ပြော
လိုက်တာလေ ဒီ၂ယောက်ကငါ့ကိုဘယ်လိုလာကြည့်
ရပြန်တာလဲ
လီချန်း :"ကျောက်လျင် မင်းလက်ကြီးဖယ်စမ်း။ဖုန်းမင် အသက်ရှူကျပ်မယ်။"
"မင်းလက်သာဖယ်ရမှာ။မင်အာခါးရိုးကျိုးသွားရင် ဘယ်လိုလုပ်မလဲ"
ဖုန်းမင်:"......."
"လွှတ်ကြစမ်း။ငါပြောမှာကို လက်ခံရင် ငါလီချန်းကို
ယူမယ်"
ဖုန်းမင်ထအော်တော့မှပဲ
ကျောက်လျင်လက်တွေကတဖြည်းဖြည်းတဖွဖွ ရုတ်
သွားတော့တယ်။
ဒါတောင်အသာပွတ်သပ်သွားသေး-___-
ကျောက်လျင်လက်မရှိတော့မှ လီချန်းကအသာဖယ်
ပေးသည်။
ငါ့ဝမ်ဖေးကို အစားသေချာကျွေးရမယ်။ ခါးကပိန်လွန်းတယ်။ ငါဖွဖွလေးဖက်တာတောင် သူခံနိုင်မှာမဟုတ်ဘူး
"ပြောကြည့် ငါလက်ခံနိုင်တာဆို လက်ခံပေးမယ်။"
"ကျောက်လျင်ပြောသလို မင်းငါ့ကိုအသားမယူမှာ
သေချာလား။"
ကျောက်လျင်:"သေချာရမှာပေါ့"
လီချန်း ကျောက်လျင်ကိုမျက်လုံးမှေးကျင်းပြီးကြည့်
လိုက်ပေမယ့်ဘာမှတော့မပြော
ဖုန်းမင်ကိုပဲ ခပ်တင်းတင်းမျက်နှာထားနဲ့ခေါင်းညိတ်ပြသည်။
"ပြီးတော့ ငါဘယ်အချိန်အိမ်ပြန်ရမှာလဲ"
ဒီမေးခွန်းအတွက်တော့လီချန်းရော ကျောက်လျင်ရောမှာ အဖြေမရှိ။
လီချန်းတွေးထားတာက ဖုန်းမင်ကသာပြီးပြည့်စုံတဲ့
တစ်ဦးတည်းသောသူမို့ သူ့မယ်တော်ဆီခေါ်သွားချင်
တာ ပြန်ပို့ဖို့ဆိုတာ တစ်ခါမှတောင်မစဉ်းစားဖူးဘူး
ကျောက်လျင်လက်ခံတယ်ဆိုတာကလည်း မင်အာလေးသာဝမ်ဖေးဆို သူတို့အမြဲတွေ့နိုင်ပြီလေ
လီချန်းက မင်အာ့ကိုမှမကြိုက်တာ အဲ့တော့သူစိတ်ချတယ် ဒါပေမယ့် ပြန်ပို့ဖို့ကတော့ မဖြစ်နိုင်ဘူးလေ
"ပြန်ဖို့ကတော့ မဖြစ်နိုင်ဘူး။ မင်းဝမ်ဖေးဖြစ်သွားရင်နန်းတွင်းထဲမှာပဲနေရတော့မှာ။ ဒါပေမယ့် ငါ မင်းယောကျာ်းက မင်းကိုလိုလေသေးမရှိအောင်ထား
မှာပါ။ မင်းလွတ်လွတ်လပ်လပ်နေရတာကြိုက်ရင်
အိမ်တော်မှာ မင်းအတွက်သီးသန့်ဥယျာဉ်ဆောက်ပေးမယ် ရေကန်လည်းလုပ်ပေးမယ် နောက် မင်းဘာလိုချင်လည်း အကုန်ဖြစ်စေရမယ်ကွာ ။ရှုပ်ပွေတာကလွဲရင်ကြိုက်တာပြော။"
လီချန်းပြုံးပြုံးလေးနဲ့ချိုချိုသာသာပြောနေရပေမယ့်
စိတ်ရှိတဲ့အတိုင်းဆို ဖုန်းမင်ကိုဆွဲပွေ့ပြီးခေါ်သွားလိုက်ချင်ပြီဖြစ်သည်။
ဒါပေမယ့် အနုနည်းက သူ့အတွက်အများကြီးပိုကောင်းတာ သူသိသည်လေ
သူသာအတင်းခေါ်သွားလိုက်ရင် သံစဉ်မင်းသားလေးကသူ့ကို ညို့ပြီး ဒုက္ခပေးနိုင်သည်
ထျန်ရှင်းနဲ့ကျောက်လျင်ကတော့ လီချန်းကို မဲ့ကြည့်
နေလေ၏။
နုရွပြနေတာ။မင်အာလေးကိုတမင်ဖြားယောင်းနေတာ
အဟင်း အထူးအဆန်းတွေလုပ်နေပြန်ပါပြီ
ကျောက်လျင် သူဝင်ပြောဖို့မသင့်ဘူးထင်တာကြောင့်
တိတ်နေလိုက်သည်။
ဖုန်းမင်ခဏမျှတွေးတောကြည့်သည်။
လီချန်းကသူ့ကိုဘာမှမလုပ်မှာသေချာရင် ဝမ်ဖေးဖြစ်ရတာ သူ့အတွက်အရှုံးမရှိပါဘူး။
လုပ်ခဲ့ရင်လည်း သူကဘယ်သူမို့လို့လဲ နန်းတွင်းတစ်ခုလုံးရူးသွားတဲ့အထိသူတတ်နိုင်နေတာပဲဟာ ကြောက်စရာလား...
ဒီမှာပဲနေနေ နန်းတွင်းမှာပဲနေနေ ဖုန်းမင်အတွက်ကသူလုပ်ချင်တာလုပ်နေရဖို့ပင်။
"လီချန်း မင်းသေချာတယ်နော်။"
မသေချာတော့ ဘာလုပ်ချင်လဲ
အတွင်းနဲ့ကွဲပြားစွာ လီချန်းအတင်းပြုံးပြီးခေါင်းငြိမ့်
လိုက်သည်။
"ဟုတ်ပြီ။ဒါဆို မင်းပြန်ပြီး ငါ့ကိုလာတောင်း"
----------
ဆက်ရန်😁😁😁
ငါ့ကို၃ေကာင္သားဘယ္လိုေတြလာၾကည့္ေနတာလဲ
ဝင္လာမိတာမ်ားမွားသြားၿပီလား
အခန္းထဲေရာက္ၿပီးမွ ျပန္ထြက္ရမလိုလို ဝင္ပဲထိုင္ရေတာ့မလို ျဖစ္ေနတဲ့ဖုန္းမင္အနား အရင္ဆုံးေလွ်ာက္လာတာက လီခ်န္းပင္။
ေတာ္ေတာ္နီးနီးထိကပ္လာၿပီး ဖုန္းမင္ပခုံးေပၚလက္တစ္ဖက္လာတင္ကာ ၿပဳံးစစနဲ႕ေျပာလာသည္။
"ေကာင္းတယ္။သိပ္ေကာင္းတယ္။အခုလိုစိတ္ေျပာင္းသြားတာအရမ္းေကာင္းတယ္"
ဖုန္းမင္ပါးစပ္ေလးဟ မ်က္လုံးေလးအဝိုင္းသားနဲ႕
လီခ်န္းကိုၾကည့္လိုက္မိသည္။
ငါဘာေျပာရေသးလို႔လဲ
္
ေက်ာက္လ်င္ကလည္းေလွ်ာက္လာၿပီးက်န္ပခုံးေပၚ
လက္တစ္ဖက္တင္လာသည္။
လီခ်န္းအၾကည့္ကထိုလက္ေပၚမွာဆိုတာကိုေက်ာက္လ်င္ကမသိ သူေျပာခ်င္ရာသာစြတ္ေျပာသည္။
"မင္အာ စိတ္မပူနဲ႕။လီခ်န္း ကိုယ့္ကို ကတိေပးထား
တယ္။မင္အာ့ကိုလက္ဖ်ားနဲ႕ေတာင္မထိပါဘူးတဲ့။
မိဖုရားေခါင္ေရွ႕ ဟန္ျပေနေပး႐ုံပါတဲ့"
လာျပန္ၿပီ ေနာက္တစ္ေယာက္
ငါက ဘာေၾကာင့္ ဒီတနာ႐ူးရဲ႕ဝမ္ေဖးလုပ္ရမွာလဲ
ဖုန္းမင္ေရွ႕က၂ေယာက္လုံးကို စိတ္ပ်က္လက္ပ်က္
ၾကည့္လိုက္ၿပီး လက္ေတြကိုဖယ္ထုတ္ကာ ထ်န္ရွင္း
ေရွ႕ကခုံမွာဝင္ထိုင္လိုက္သည္။
ထ်န္ရွင္းကလက္ဖက္ရည္ၾကမ္းငွဲ႕ၿပီးဖုန္းမင္ေရွ႕ခ်ၿပီးၿပဳံးကာေျပာလာသည္။
"မင္အာ ေရာ့ ဒီလက္ဖက္ရည္ၾကမ္းကအဆင့္မွီတယ္။ ေသာက္ၾကည့္"
ဖုန္းမင္:"....."
ငါ့အိမ္မွာေနၿပီး ငါ့လယ္ကထြက္တဲ့လက္ဖက္ရည္ၾကမ္းနဲ႕ ငါ့ကိုမ်က္ႏွာလိုမ်က္ႏွာရ ဧည့္ခံျပေနတယ္
ဒီ၃ေကာင္လုံးအခ်ိဳးကိုမေျပဘူး
ဖုန္းမင္ေဘးကပ္လ်က္ကခုံကိုေက်ာက္လ်င္ကေျပး
ထိုင္ေပမယ့္ လီခ်န္းကလက္ေလးေနာက္ျပစ္ကာ
တစ္လွမ္းျခမ္း ဖုန္းမင္ရဲ႕အျခားတစ္ဖက္မွာဝင္ထိုင္သည္။
စားပြဲဝိုင္းမွာလူစုံစုံျခင္းပဲ ဖုန္းမင္လိုရင္းကိုအျမန္ေျပာလိုက္သည္။
"မင္းတို႔ထဲက ဘယ္သူ ငါ့အစ္မေတြကိုယူမလဲ"
အဟြတ္ အဟြတ္
ေခ်ာင္းဆိုးတဲ့သူကဆိုး လက္ဖက္ရည္သီးတဲ့သူကသီးျဖင့္ အမူအယာမပ်က္တာဆိုလို႔လီခ်န္းပဲရွိသည္။
လီခ်န္း:"သူတို႔၂ေယာက္ကို မင္းအစ္မတစ္ေယာက္
စီနဲ႕ေပးစားလိုက္။ဖုန္းမင္ မင္းကေတာ့ ငါ့ကိုယူလိုက္ ^__^"
ဖုန္းမင္/ေက်ာက္လ်င္/ထ်န္ရွင္း:"........"
--------
အခန္းေရွ႕မွာ ေခ်ာင္းေနတဲ့ရွာေဝနဲ႕ကြၽယ့္ေဝရွိေနသည္။
ရွာေဝ:"အေျခအေနေတာ့ေကာင္းပုံပဲ။အတူထိုင္ၿပီး
စကားေျပာေနၾကတယ္။"
ကြၽယ့္ေဝ:"ဒါေပါ့ ငါ့ေမာင္ကဒီေလာက္ေခ်ာတာကို။
ဘယ္သူနဲ႕ျဖစ္ျဖစ္လိုက္တယ္။၃ေယာက္လုံးကေခ်ာ
တာပဲကို။"
ရွာေဝနဲ႕ကြၽယ့္ေဝ ဧည့္သည္ေလးေတြအနားကပ္ကပ္ေနတာကဖုန္းမင္အတြက္ပင္။
သူတို႔မွာေမာင္ေခ်ာေလးတစ္ေယာက္ရွိတာ ေတြ႕ရာ
မိန္းမနဲ႕မေပးစားနိုင္ေပါင္
မိန္းမယူရင္ မင္အာကရွာေကြၽးေနရဦးမယ္
ေယာက္်ားယူလိုက္ရင္ေတာ့ မင္အာကထိုင္စား႐ုံပဲ
သူတို႔ဒီအေတြးေတြးမိတာၾကာေပါ့ ႐ြာထဲကမိန္းမေတြကိုပန္းခ်ီ ေရာင္းစားျဖစ္ေပမယ့္ဒါကသေဘာတူတယ္လို႔မဆိုလိုဘူးေလ
မင္အာေလးက သူတို႔ရဲ႕အသည္းေက်ာ္ေလးေလ
ေတာ္႐ုံနဲ႕သေဘာတူစရာလား
အခုဧည့္သည္၃ေယာက္က ႐ုပ္ေခ်ာ ဥစၥာေပါပုံေလး
ေတြ မင္အာ့ကိုသေဘာက်ေနၾကတာလည္းသိသာ
ေနေတာ့အစ္မေတြပီပီ ဖုန္းမင္ကိုအေရာက္ပို႔ေနၿပီေလ။
တံခါးၾကားကေန ေခ်ာင္းၾကည့္ေနလို႔လူေတြကိုျမင္ေနရေပမယ့္အသံေတာ့မၾကားရ
-------------------
ေက်ာက္လ်င္မသက္မသာသက္ျပင္းခ်ရင္းဖုန္းမင္လက္ကိုဆုပ္ကိုင္လိုက္သည္။
လီခ်န္းရဲ႕မ်က္ေမွာင္ကုပ္ကာၾကည့္ေနပုံကိုလ်စ္လ်ဴရွၿပီးေတာ့ေပါ့
"အဲ့အစ္မေတြကိုထားပါ။ အရင္ဆုံး ကိုယ္နဲ႕လိုက္ခဲ့ဖို႔ေျပာရေအာင္။ လီခ်န္းအႀကံကိုလက္ခံလိုက္ပါလား။မင္အာေကာင္းေကာင္းေန ေကာင္းေကာင္းစားရမွာ။တစ္ခုခုဆိုကိုယ္ရွိတာပဲဟာ။"
အဲ့ဒိစကားေတြကငါေျပာရမွာမဟုတ္လား ။
အဲ့လက္ကေရာ ဘယ္လိုေတာင္စည္းကမ္းမရွိတာ
လဲ
လီခ်န္းေဒါသထြက္ေနသေလာက္ထ်န္ရွင္းကေတာ့ပြဲၾကည့္ပရိတ္သတ္ၾကားလူအေနနဲ႕ အကဲခတ္ေနေလသည္။
ဖုန္းမင္ သူ႕လက္ကိုဆုပ္ကိုင္ထားတဲ့ေက်ာက္လ်င္လက္ကိုျဖန္းခနဲရိုက္ခ်လိဳက္သည္။
ငါ့ကို အသားလာယူေနတယ္ ေသခ်င္လို႔
"ေတာ္စမ္း။ငါေျပာတာကိုဘယ္သူမွလက္မခံၾကဘူး
ဆိုေတာ့လည္း"
ဖုန္းမင္မတ္တပ္ထရပ္လိုက္တယ္ဆိုရင္ပဲ
လက္ေတြကသူ႕ကိုဝိုင္းခ်ဳပ္လာၿပီ
ဖုန္းမင္ခါးေပၚကလက္ကလီခ်န္းလက္ျဖစ္ၿပီး
ခါးကိုသိမ္းက်ဳံးဖက္လာသလို ဖုန္းမင္ေခါင္းကိုလည္း သူ႕ေမးေစ့နဲ႕ဖိထား၏၊
ေက်ာက္လ်င္လက္ေတြကက် ဖုန္းမင္လည္ပင္းကို
အေနာက္ကေနသိုင္းဖက္ထားသည္မွာ တင္းတင္းက်ပ္က်ပ္ပင္။
ဘာလုပ္တာလဲ O__O
"ဟာ ဟာ ေဟ့ေရာင္ေတြ မင္အာ အသက္ရႉက်ပ္
ကုန္မယ္။ေျဖးေျဖးသက္သာ လုပ္ အဲ"
ဘာလဲ ငါက အလွေလး မ်က္ႏွာမဲ့ေနလို႔ေျပာ
လိုက္တာေလ ဒီ၂ေယာက္ကငါ့ကိုဘယ္လိုလာၾကည့္
ရျပန္တာလဲ
လီခ်န္း :"ေက်ာက္လ်င္ မင္းလက္ႀကီးဖယ္စမ္း။ဖုန္းမင္ အသက္ရႉက်ပ္မယ္။"
"မင္းလက္သာဖယ္ရမွာ။မင္အာခါးရိုးက်ိဳးသြားရင္ ဘယ္လိုလုပ္မလဲ"
ဖုန္းမင္:"......."
"လႊတ္ၾကစမ္း။ငါေျပာမွာကို လက္ခံရင္ ငါလီခ်န္းကို
ယူမယ္"
ဖုန္းမင္ထေအာ္ေတာ့မွပဲ
ေက်ာက္လ်င္လက္ေတြကတျဖည္းျဖည္းတဖြဖြ ႐ုတ္
သြားေတာ့တယ္။
ဒါေတာင္အသာပြတ္သပ္သြားေသး-___-
ေက်ာက္လ်င္လက္မရွိေတာ့မွ လီခ်န္းကအသာဖယ္
ေပးသည္။
ငါ့ဝမ္ေဖးကို အစားေသခ်ာေကြၽးရမယ္။ ခါးကပိန္လြန္းတယ္။ ငါဖြဖြေလးဖက္တာေတာင္ သူခံနိုင္မွာမဟုတ္ဘူး
"ေျပာၾကည့္ ငါလက္ခံနိုင္တာဆို လက္ခံေပးမယ္။"
"ေက်ာက္လ်င္ေျပာသလို မင္းငါ့ကိုအသားမယူမွာ
ေသခ်ာလား။"
ေက်ာက္လ်င္:"ေသခ်ာရမွာေပါ့"
လီခ်န္း ေက်ာက္လ်င္ကိုမ်က္လုံးေမွးက်င္းၿပီးၾကည့္
လိုက္ေပမယ့္ဘာမွေတာ့မေျပာ
ဖုန္းမင္ကိုပဲ ခပ္တင္းတင္းမ်က္ႏွာထားနဲ႕ေခါင္းညိတ္ျပသည္။
"ၿပီးေတာ့ ငါဘယ္အခ်ိန္အိမ္ျပန္ရမွာလဲ"
ဒီေမးခြန္းအတြက္ေတာ့လီခ်န္းေရာ ေက်ာက္လ်င္ေရာမွာ အေျဖမရွိ။
လီခ်န္းေတြးထားတာက ဖုန္းမင္ကသာၿပီးျပည့္စုံတဲ့
တစ္ဦးတည္းေသာသူမို႔ သူ႕မယ္ေတာ္ဆီေခၚသြားခ်င္
တာ ျပန္ပို႔ဖို႔ဆိုတာ တစ္ခါမွေတာင္မစဥ္းစားဖူးဘူး
ေက်ာက္လ်င္လက္ခံတယ္ဆိုတာကလည္း မင္အာေလးသာဝမ္ေဖးဆို သူတို႔အၿမဲေတြ႕နိုင္ၿပီေလ
လီခ်န္းက မင္အာ့ကိုမွမႀကိဳက္တာ အဲ့ေတာ့သူစိတ္ခ်တယ္ ဒါေပမယ့္ ျပန္ပို႔ဖို႔ကေတာ့ မျဖစ္နိုင္ဘူးေလ
"ျပန္ဖို႔ကေတာ့ မျဖစ္နိုင္ဘူး။ မင္းဝမ္ေဖးျဖစ္သြားရင္နန္းတြင္းထဲမွာပဲေနရေတာ့မွာ။ ဒါေပမယ့္ ငါ မင္းေယာက်ာ္းက မင္းကိုလိုေလေသးမရွိေအာင္ထား
မွာပါ။ မင္းလြတ္လြတ္လပ္လပ္ေနရတာႀကိဳက္ရင္
အိမ္ေတာ္မွာ မင္းအတြက္သီးသန႔္ဥယ်ာဥ္ေဆာက္ေပးမယ္ ေရကန္လည္းလုပ္ေပးမယ္ ေနာက္ မင္းဘာလိုခ်င္လည္း အကုန္ျဖစ္ေစရမယ္ကြာ ။ရႈပ္ေပြတာကလြဲရင္ႀကိဳက္တာေျပာ။"
လီခ်န္းၿပဳံးၿပဳံးေလးနဲ႕ခ်ိဳခ်ိဳသာသာေျပာေနရေပမယ့္
စိတ္ရွိတဲ့အတိုင္းဆို ဖုန္းမင္ကိုဆြဲေပြ႕ၿပီးေခၚသြားလိုက္ခ်င္ၿပီျဖစ္သည္။
ဒါေပမယ့္ အႏုနည္းက သူ႕အတြက္အမ်ားႀကီးပိုေကာင္းတာ သူသိသည္ေလ
သူသာအတင္းေခၚသြားလိုက္ရင္ သံစဥ္မင္းသားေလးကသူ႕ကို ညို႔ၿပီး ဒုကၡေပးနိုင္သည္
ထ်န္ရွင္းနဲ႕ေက်ာက္လ်င္ကေတာ့ လီခ်န္းကို မဲ့ၾကည့္
ေနေလ၏။
ႏု႐ြျပေနတာ။မင္အာေလးကိုတမင္ျဖားေယာင္းေနတာ
အဟင္း အထူးအဆန္းေတြလုပ္ေနျပန္ပါၿပီ
ေက်ာက္လ်င္ သူဝင္ေျပာဖို႔မသင့္ဘူးထင္တာေၾကာင့္
တိတ္ေနလိုက္သည္။
ဖုန္းမင္ခဏမွ်ေတြးေတာၾကည့္သည္။
လီခ်န္းကသူ႕ကိုဘာမွမလုပ္မွာေသခ်ာရင္ ဝမ္ေဖးျဖစ္ရတာ သူ႕အတြက္အရႈံးမရွိပါဘူး။
လုပ္ခဲ့ရင္လည္း သူကဘယ္သူမို႔လို႔လဲ နန္းတြင္းတစ္ခုလုံး႐ူးသြားတဲ့အထိသူတတ္နိုင္ေနတာပဲဟာ ေၾကာက္စရာလား...
ဒီမွာပဲေနေန နန္းတြင္းမွာပဲေနေန ဖုန္းမင္အတြက္ကသူလုပ္ခ်င္တာလုပ္ေနရဖို႔ပင္။
"လီခ်န္း မင္းေသခ်ာတယ္ေနာ္။"
မေသခ်ာေတာ့ ဘာလုပ္ခ်င္လဲ
အတြင္းနဲ႕ကြဲျပားစြာ လီခ်န္းအတင္းၿပဳံးၿပီးေခါင္းၿငိမ့္
လိုက္သည္။
"ဟုတ္ၿပီ။ဒါဆို မင္းျပန္ၿပီး ငါ့ကိုလာေတာင္း"
----------
ဆက္ရန္😁😁😁