book

Index 3

အပိုင်း ၃

တော်တော်လေးကို ကြည့်ကောင်းတယ်

တသွင်သွင်စီးဆင်းနေတဲ့ရေတံခွန်ကိုနောက်ခံထားလို့ ခပ်လျော့လျော့ရပ်နေတဲ့ လူတစ်ယောက်

အညိုရောင် ဆံပင်တွေကလေတိုက်တဲ့အခါ လွင့်နေတော့စိတ်ရှုပ်လို့ထင်ပါရဲ့ အဝတ်စလေးနဲ့ချည်နှောင်ထားတယ်။

ခပ်မှိုင်းမှိုင်းအဝတ်က ထိုကောင်လေးရဲ့အလှတရားကိုမကွယ်ထားနိုင်
မျက်နှာသေနဲ့မပြုံးမရယ်တဲ့ မျက်နှာလေးက တောင်ဒီလောက်ကြည့်ကောင်းနေရင် ပြုံးများပြုံးလိုက်လို့ကတော့.....

သစ်ပင်ကြီးတစ်ပင်နောက်မှာရပ်ရင်း ဖုန်းမင်ကိုလှမ်းကြည့်နေတဲ့လီချန်း

(ကြွေ:Lee Cheng is mine ♥😁)

ဝေ့ယွမ်ရွာမှာလီချန်းတို့နေနေတာ ဒီနေ့ဆို၃ရက်ရှိပြီ။
မယ်တော်ဆီခေါ်သွားဖို့ကိုက်ညီတဲ့မိန်းမမတွေ့သေး

ဝမ်ဖေးတစ်ယောက်မှမရှိဘဲ အပျော်အပါးလိုက်လွန်းတဲ့ လီချန်းကို မိဖုရားခေါင်ကြီး တစ်နည်း မယ်တော်ကဝမ်ဖေးအတင်းမြှောက်ခိုင်းသည်။

လီချန်းကမိန်းမတွေနဲ့အိပ်ပဲအိပ်ချင်တာ မယူချင်ဘူးလေ
နေ့တိုင်းမိန်းမတစ်ယောက်ထဲရဲ့မျက်နှာမြင်နေရမယ်ဆိုရင် လီချန်းစိတ်ညစ်လွန်းလို့သေ သွားနိုင်တယ်။
ဒါပေမယ့်လည်း မဖြစ်မနေတစ်ယောက်တော့ ယူမှရမယ် မဟုတ်ရင် မယ်တော်ကသူ့အကြိုက် အမတ်တွေရဲ့သမီးတွေအတင်းထိုးပေးလိမ့်မယ်

၃လနီးပါးရှိပြီ နန်းတွင်းကထွက်လာခဲ့တာ
စိတ်တိုင်းကျတာတစ်ယောက်မှမရှိ
နည်းနည်းအဆင်ပြေရင် အရင်အိပ်ကြည့်လိုက်တယ်။
ခက်တာကနောက်တစ်နေ့ရောက်ရင် အဲ့တစ်ယောက်ကိုမကြိုက်တော့ပြန်တာပဲ...
ဘယ်တော့မှမရိုးသွားနိုင်တဲ့မိန်းမ ရှိရောရှိရဲ့လား

ရှာဝေနဲ့ ကျွယ့်ဝေလည်းမဆိုးဘူး ဒါပေမယ့် ဖုန်းမင်ကပိုမဆိုးဘူး
ဒီကောင်သာ မိန်းမဖြစ်ရင်သိပ်ကောင်းမှာပဲ
ဒီလိုဆိုလို့ ဦးရီးတော်လည်း ယောက်ျားယူထားတာပဲ
ဦးရီးတော်ရန်း က အရင်ကလီချန်းလိုပဲ လူရှုပ်
ဒါပေမယ့်ကြင်ယာတော်လို နဲ့တွေ့ပြီးနောက်ပိုင်းသူ့အဆောင်မှာမိန်းမအစေခံတောင်မထားတော့ဘူး
ယောက်ျားတွေကပိုကောင်းလို့များလား
မထူးဇာတ်ခင်းပြီး ဒီကောင့်ကိုပဲ ခေါ်သွားရမလား
မိန်းမမယူဘဲယောက်ျားယူ ဝမ်ဖေးမြှောက်လိုက်ရင်ရော မယ်တော်ကမိန်းမထပ်ပေးစားနိုင်လား
မပေးစားလောက်တော့ဘူးထင်တာပဲ
ငါက အိမ်ရှေ့စံမှမဟုတ်ဘဲ ပြီးတော့အကိုတော်ကလည်းအလတ်ကြီးရှိသေးတာပဲ
အကိုတော် ကသာအရေးကြီးတာ

ဟုတ်တယ် ငါ ဖုန်းမင်ကိုခေါ်သွားလိုက်ရင်အနည်းဆုံးတော့ မယ်တော်ပူညံပူညံလုပ်တာမခံရတော့ဘဲနားငြီးသက်သာမှာပဲ
ဖုန်းမင်ကလည်း မိန်းမမဟုတ်တော့ ငါ့ကိုပြသနာရှာမှာမဟုတ်ဘူး
ဒါဆိုရင် ကြိုက်သလောက်ငါမိန်းမရှုပ်လို့ရပြီ
ဖုန်းမင်နဲ့မိတ်ဖွဲ့ပြီး ၂ယောက်ပေါင်းကြံလိုက်ရင်အေးဆေးဖြစ်ပြီ

ဟုတ်တယ် ဟုတ်တယ် ဒီအကြံကောင်းတယ်
ဖုန်းမင်ကိုရွေးလိုက်ပြီ
ဖုန်းမင်ကိုပဲ မယ်တော့်ဆီခေါ်သွားမယ်
ဖုန်းမင်ကိုပဲ ဝမ်ဖေးမြှောက်မယ်

ဟူး အခုမှပဲ စိတ်အေးရတော့တယ်

စိတ်သက်သာရာရလို့ ရေတံခွန်ရှေ့ကဖုန်းမင်ကိုပြန်ကြည့်တော့ မတွေ့တော့

"ဘယ်သူများလဲလို့ မင်းကိုး"

အနောက်ကနေထွက်လာတဲ့အသံကြောင့်လီချန်းကျောမတ်သွားရသည်။

လှည့်ကြည့်လိုက်တော့ ဖုန်းမင်က သူနဲ့မဝေးကွာတဲ့အနေအထားမှာရပ်ကာသူ့အားခပ်ဆဆကြည့်လျက်

တကယ်ကို ချောလွန်းတယ်။
လီချန်းဆိုတဲ့ကောင်က တနာရူးသာမဟုတ်ရင် ငါလေးစားမိဦးမှာ  ဘယ်လောက်တောင်ခန့်ညားလိုက်သလဲ

"ငါက လီချန်း။ ဝမ်ရယ်လီဆိုတာ ငါပဲ။ "

ဖုန်းမင်မျက်မှောင်ကုပ်ပြီးလီချန်းကိုကြည့်လိုက်မိသည်။

တွေ့တာဖြင့်ကြာပြီ
အခုမှလာနှုတ်ဆက်နေတယ်
ဒါပေမယ့်သူ့ဂုဏ်ပုဒ်ကိုပြောပြမယ်တော့မထင်ထားမိ..
ဒီကောင် ဘယ်ခြေလှမ်း လှမ်းချင်နေတာလဲ

ဖုန်းမင် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးခေါင်းငြိမ့်ပြလိုက်သည်။

"အဲ့ဒိတော့"

"အဲ့ဒိတော့ ဖုန်းမင် မင်းငါ့ကို ကိစ္စတစ်ခုကူညီစေချင်တယ်"

လီချန်းအပြောကိုဖုန်းမင်ခေါင်းငြိမ့်နေသေးသည်။

လီချန်းက ရှေ့တစ်လှမ်းတိုးလာပြီး ဖုန်းမင်ပခုံးပေါ်လက်တင်လိုက်တော့ ဖုန်းမင်နည်းနည်းအံ့သြ သွားနေစဉ်

လီချန်း:"ငါ့ကိုယူပါ။"

ဖုန်းမင်:"O___O........ "

-----------------

တစ်ဖက်မှာတော့ ကျောက်လျင်နဲ့ ထျန်ရှင်းခမျာကောင်မလေးတွေဆီကနေ ပတ်ပြေးနေရသည်။

သူတို့လည်းလီချန်းရဲ့ပေါင်းဖက်တွေဖြစ်ပေမယ့်
ဒီရွာရောက်မှ ပြန်ပတ်ပြေးနေရတဲ့အဖြစ်
အထူးသဖြင့်အလှလေးရဲ့အစ်မတွေ

သူတို့ကအလှလေးလိုခပ်အေးအေးနဲ့ ဂန္ဒဝင်ဆန်တာမျိုးပဲကြိုက်တာလေ.......

---------------

"သွားစမ်း လီချန်း ငါမင်းနဲ့ ကစားဖို့မအားဘူး။"

ပခုံးပေါ်ကလက်တွေကို မသိကျိုးကျွန်ပြုရင်း
ခပ်အေးအေးပဲပြောလိုက်သည်။

"လုပ်စမ်းပါ။ငါ့ကိုသာယူရင်မင်းအလိုလိုဝမ်ဖေးဖြစ်လာမှာလေ။ "

"ဒါဆိုလည်း ငါ့အစ်မတွေကိုယူလိုက် ၂ယောက်လုံးသာယူသွား"

"သြော် သိပ်ချစ်တတ်တဲ့ မောင်လေးကိုရထားတဲ့မင်းအစ်မတွေကို ငါတကယ်အားကျသွားတယ်။"

လှောင်နေတဲ့လီချန်းရဲ့မျက်နှာကြီးကို အမြင်ကတ်လို့မျက်နှာလွှဲထားတာတောင် ဖုန်းမင်နဲ့မျက်လုံးချင်းမဆုံဆုံအောင်လိုက်ကြည့်နေတုန်း...

"လက်ခံလိုက်စမ်းပါကွာ။ မင်းဘာလိုချင်လဲပြောအကုန်ဖြစ်စေရမယ်။ ငါ့မယ်တော်ကို အသေဖြောင့်စေချင်လို့ပါကွာ"

နောက်ဆုံးစကားပြောတော့ပခုံးပေါ်ကလက်တွေပြန်ရုတ်သွားပြီး ခြောက်ကပ်ကပ်လေသံလေးနဲ့ဆိုတော့
ဖုန်းမင်လက်ခံမိမလိုတောင်ဖြစ်သွားရသည်။

သိပ်ချစ်တတ်တဲ့သားပုံစံမဟုတ်လား...
ဒီကောင်ကအမေတော့ချစ်သား....

ကန်တော့ပါရဲ့မယ်တော်ရယ်😁

ပြောမယ့်သာပြောရတာမယ်တော့်ကိုစိတ်ထဲမှာ တဖွဖွတောင်းပန်နေဖြစ်သည်။

သတိထားစမ်းဖုန်းမင် မျက်နှာရူးလီချန်းက သူ့ကောင်မတွေလို ငါ့ကိုအရူးလုပ်ချင်နေတာ
မသနားစမ်းနဲ့.....

မျက်နှာလေးငယ်ပြပြီး ဖုန်းမင်ကိုပြန်ုကြည့်လိုက်တော့သူ့စိတ်ထင်သူ့ကို စိုက်ကြည့်နေရင်း နှုတ်ခမ်းကစုချွန်လာသလားလို့....

လီချန်းထိုနှုတ်ခမ်းကနေအကြည့်လွှဲလို့မရတော့ဘူး

သိပ်ကိုချိုသာတဲ့ လေချွန်သံအေးအေးလေးကြားလာရသည်~~~

လီချန်းဘေးပတ်ပတ်လည်မှာနှင်းတွေဝေပြီးချယ်ရီတွေကြွေနေတယ်

လီချန်းမိန်းမောနေတာ မျက်တောင် တောင်မခတ်မိတဲ့အထိ

နှုတ်ခမ်းတွေကတဖြည်းဖြည်းဝေးကွာသွားတာမို့လက်လှမ်းလိုက်တော့ ဖမ်းဆုပ်မိတာ ချယ်ရီတွေ

တခဏလောက်လီချန်းမျက်တောင်တဖျက်ဖျက်ခတ်
နေမိသည်။

ဘာဖြစ်သွားတာလဲ

ရှေ့မှာဖုန်းမင်မရှိတော့ပေ။

တောက် ဒီကောင် လုပ်သွားပြန်ပြီ
ငါ့ကို ဒီလိုလှည့်စားရဲတယ်
ဟင်း အနုနည်းနဲ့မရတော့လဲ.......

----------------


ေတာ္ေတာ္ေလးကို ၾကည့္ေကာင္းတယ္


တသြင္သြင္စီးဆင္းေနတဲ့ေရတံခြန္ကိုေနာက္ခံထားလို႔ ခပ္ေလ်ာ့ေလ်ာ့ရပ္ေနတဲ့ လူတစ္ေယာက္

အညိုေရာင္ ဆံပင္ေတြကေလတိုက္တဲ့အခါ လြင့္ေနေတာ့စိတ္ရႈပ္လို႔ထင္ပါရဲ႕ အဝတ္စေလးနဲ႕ခ်ည္ေႏွာင္ထားတယ္။


ခပ္မွိုင္းမွိုင္းအဝတ္က ထိုေကာင္ေလးရဲ႕အလွတရားကိုမကြယ္ထားနိုင္
မ်က္ႏွာေသနဲ႕မၿပဳံးမရယ္တဲ့ မ်က္ႏွာေလးက ေတာင္ဒီေလာက္ၾကည့္ေကာင္းေနရင္ ၿပဳံးမ်ားၿပဳံးလိုက္လို႔ကေတာ့.....


သစ္ပင္ႀကီးတစ္ပင္ေနာက္မွာရပ္ရင္း ဖုန္းမင္ကိုလွမ္းၾကည့္ေနတဲ့လီခ်န္း


ေဝ့ယြမ္႐ြာမွာလီခ်န္းတို႔ေနေနတာ ဒီေန႕ဆို၃ရက္ရွိၿပီ။
မယ္ေတာ္ဆီေခၚသြားဖို႔ကိုက္ညီတဲ့မိန္းမမေတြ႕ေသး


ဝမ္ေဖးတစ္ေယာက္မွမရွိဘဲ အေပ်ာ္အပါးလိုက္လြန္းတဲ့ လီခ်န္းကို မိဖုရားေခါင္ႀကီး တစ္နည္း မယ္ေတာ္ကဝမ္ေဖးအတင္းျမႇောက္ခိုင္းသည္။


လီခ်န္းကမိန္းမေတြနဲ႕အိပ္ပဲအိပ္ခ်င္တာ မယူခ်င္ဘူးေလ
ေန႕တိုင္းမိန္းမတစ္ေယာက္ထဲရဲ႕မ်က္ႏွာျမင္ေနရမယ္ဆိုရင္ လီခ်န္းစိတ္ညစ္လြန္းလို႔ေသ သြားနိုင္တယ္။
ဒါေပမယ့္လည္း မျဖစ္မေနတစ္ေယာက္ေတာ့ ယူမွရမယ္ မဟုတ္ရင္ မယ္ေတာ္ကသူ႕အႀကိဳက္ အမတ္ေတြရဲ႕သမီးေတြအတင္းထိုးေပးလိမ့္မယ္


၃လနီးပါးရွိၿပီ နန္းတြင္းကထြက္လာခဲ့တာ
စိတ္တိုင္းက်တာတစ္ေယာက္မွမရွိ
နည္းနည္းအဆင္ေျပရင္ အရင္အိပ္ၾကည့္လိုက္တယ္။
ခက္တာကေနာက္တစ္ေန႕ေရာက္ရင္ အဲ့တစ္ေယာက္ကိုမႀကိဳက္ေတာ့ျပန္တာပဲ...
ဘယ္ေတာ့မွမရိုးသြားနိုင္တဲ့မိန္းမ ရွိေရာရွိရဲ႕လား


ရွာေဝနဲ႕ ကြၽယ့္ေဝလည္းမဆိုးဘူး ဒါေပမယ့္ ဖုန္းမင္ကပိုမဆိုးဘူး
ဒီေကာင္သာ မိန္းမျဖစ္ရင္သိပ္ေကာင္းမွာပဲ
ဒီလိုဆိုလို႔ ဦးရီးေတာ္လည္း ေယာက္်ားယူထားတာပဲ
ဦးရီးေတာ္ရန္း က အရင္ကလီခ်န္းလိုပဲ လူရႈပ္
ဒါေပမယ့္ၾကင္ယာေတာ္လို နဲ႕ေတြ႕ၿပီးေနာက္ပိုင္းသူ႕အေဆာင္မွာမိန္းမအေစခံေတာင္မထားေတာ့ဘူး
ေယာက္်ားေတြကပိုေကာင္းလို႔မ်ားလား
မထူးဇာတ္ခင္းၿပီး ဒီေကာင့္ကိုပဲ ေခၚသြားရမလား
မိန္းမမယူဘဲေယာက္်ားယူ ဝမ္ေဖးျမႇောက္လိုက္ရင္ေရာ မယ္ေတာ္ကမိန္းမထပ္ေပးစားနိုင္လား
မေပးစားေလာက္ေတာ့ဘူးထင္တာပဲ
ငါက အိမ္ေရွ႕စံမွမဟုတ္ဘဲ ၿပီးေတာ့အကိုေတာ္ကလည္းအလတ္ႀကီးရွိေသးတာပဲ
အကိုေတာ္ ကသာအေရးႀကီးတာ


ဟုတ္တယ္ ငါ ဖုန္းမင္ကိုေခၚသြားလိုက္ရင္အနည္းဆုံးေတာ့ မယ္ေတာ္ပူညံပူညံလုပ္တာမခံရေတာ့ဘဲနားၿငီးသက္သာမွာပဲ
ဖုန္းမင္ကလည္း မိန္းမမဟုတ္ေတာ့ ငါ့ကိုျပသနာရွာမွာမဟုတ္ဘူး
ဒါဆိုရင္ ႀကိဳက္သေလာက္ငါမိန္းမရႈပ္လို႔ရၿပီ
ဖုန္းမင္နဲ႕မိတ္ဖြဲ႕ၿပီး ၂ေယာက္ေပါင္းႀကံလိုက္ရင္ေအးေဆးျဖစ္ၿပီ


ဟုတ္တယ္ ဟုတ္တယ္ ဒီအႀကံေကာင္းတယ္
ဖုန္းမင္ကိုေ႐ြးလိုက္ၿပီ
ဖုန္းမင္ကိုပဲ မယ္ေတာ့္ဆီေခၚသြားမယ္
ဖုန္းမင္ကိုပဲ ဝမ္ေဖးျမႇောက္မယ္


ဟူး အခုမွပဲ စိတ္ေအးရေတာ့တယ္


စိတ္သက္သာရာရလို႔ ေရတံခြန္ေရွ႕ကဖုန္းမင္ကိုျပန္ၾကည့္ေတာ့ မေတြ႕ေတာ့


"ဘယ္သူမ်ားလဲလို႔ မင္းကိုး"


အေနာက္ကေနထြက္လာတဲ့အသံေၾကာင့္လီခ်န္းေက်ာမတ္သြားရသည္။


လွည့္ၾကည့္လိုက္ေတာ့ ဖုန္းမင္က သူနဲ႕မေဝးကြာတဲ့အေနအထားမွာရပ္ကာသူ႕အားခပ္ဆဆၾကည့္လ်က္


တကယ္ကို ေခ်ာလြန္းတယ္။
လီခ်န္းဆိုတဲ့ေကာင္က တနာ႐ူးသာမဟုတ္ရင္ ငါေလးစားမိဦးမွာ  ဘယ္ေလာက္ေတာင္ခန႔္ညားလိုက္သလဲ


"ငါက လီခ်န္း။ ဝမ္ရယ္လီဆိုတာ ငါပဲ။ "


ဖုန္းမင္မ်က္ေမွာင္ကုပ္ၿပီးလီခ်န္းကိုၾကည့္လိုက္မိသည္။


ေတြ႕တာျဖင့္ၾကာၿပီ
အခုမွလာႏႈတ္ဆက္ေနတယ္
ဒါေပမယ့္သူ႕ဂုဏ္ပုဒ္ကိုေျပာျပမယ္ေတာ့မထင္ထားမိ..
ဒီေကာင္ ဘယ္ေျခလွမ္း လွမ္းခ်င္ေနတာလဲ


ဖုန္းမင္ ေျခတစ္လွမ္းေနာက္ဆုတ္လိုက္ၿပီးေခါင္းၿငိမ့္ျပလိုက္သည္။


"အဲ့ဒိေတာ့"


"အဲ့ဒိေတာ့ ဖုန္းမင္ မင္းငါ့ကို ကိစၥတစ္ခုကူညီေစခ်င္တယ္"


လီခ်န္းအေျပာကိုဖုန္းမင္ေခါင္းၿငိမ့္ေနေသးသည္။


လီခ်န္းက ေရွ႕တစ္လွမ္းတိုးလာၿပီး ဖုန္းမင္ပခုံးေပၚလက္တင္လိုက္ေတာ့ ဖုန္းမင္နည္းနည္းအံ့ၾသ သြားေနစဥ္


လီခ်န္း:"ငါ့ကိုယူပါ။"


ဖုန္းမင္:"O___O........ "


-----------------


တစ္ဖက္မွာေတာ့ ေက်ာက္လ်င္နဲ႕ ထ်န္ရွင္းခမ်ာေကာင္မေလးေတြဆီကေန ပတ္ေျပးေနရသည္။


သူတို႔လည္းလီခ်န္းရဲ႕ေပါင္းဖက္ေတြျဖစ္ေပမယ့္
ဒီ႐ြာေရာက္မွ ျပန္ပတ္ေျပးေနရတဲ့အျဖစ္
အထူးသျဖင့္အလွေလးရဲ႕အစ္မေတြ


သူတို႔ကအလွေလးလိုခပ္ေအးေအးနဲ႕ ဂႏၵဝင္ဆန္တာမ်ိဳးပဲႀကိဳက္တာေလ.......


---------------


"သြားစမ္း လီခ်န္း ငါမင္းနဲ႕ ကစားဖို႔မအားဘူး။"


ပခုံးေပၚကလက္ေတြကို မသိက်ိဳးကြၽန္ျပဳရင္း
ခပ္ေအးေအးပဲေျပာလိုက္သည္။


"လုပ္စမ္းပါ။ငါ့ကိုသာယူရင္မင္းအလိုလိုဝမ္ေဖးျဖစ္လာမွာေလ။ "


"ဒါဆိုလည္း ငါ့အစ္မေတြကိုယူလိုက္ ၂ေယာက္လုံးသာယူသြား"


"ေၾသာ္ သိပ္ခ်စ္တတ္တဲ့ ေမာင္ေလးကိုရထားတဲ့မင္းအစ္မေတြကို ငါတကယ္အားက်သြားတယ္။"


ေလွာင္ေနတဲ့လီခ်န္းရဲ႕မ်က္ႏွာႀကီးကို အျမင္ကတ္လို႔မ်က္ႏွာလႊဲထားတာေတာင္ ဖုန္းမင္နဲ႕မ်က္လုံးခ်င္းမဆုံဆုံေအာင္လိုက္ၾကည့္ေနတုန္း...


"လက္ခံလိုက္စမ္းပါကြာ။ မင္းဘာလိုခ်င္လဲေျပာအကုန္ျဖစ္ေစရမယ္။ ငါ့မယ္ေတာ္ကို အေသေျဖာင့္ေစခ်င္လို႔ပါကြာ"


ေနာက္ဆုံးစကားေျပာေတာ့ပခုံးေပၚကလက္ေတြျပန္႐ုတ္သြားၿပီး ေျခာက္ကပ္ကပ္ေလသံေလးနဲ႕ဆိုေတာ့
ဖုန္းမင္လက္ခံမိမလိုေတာင္ျဖစ္သြားရသည္။


သိပ္ခ်စ္တတ္တဲ့သားပုံစံမဟုတ္လား...
ဒီေကာင္ကအေမေတာ့ခ်စ္သား....


ကန္ေတာ့ပါရဲ႕မယ္ေတာ္ရယ္😁


ေျပာမယ့္သာေျပာရတာမယ္ေတာ့္ကိုစိတ္ထဲမွာ တဖြဖြေတာင္းပန္ေနျဖစ္သည္။


သတိထားစမ္းဖုန္းမင္ မ်က္ႏွာ႐ူးလီခ်န္းက သူ႕ေကာင္မေတြလို ငါ့ကိုအ႐ူးလုပ္ခ်င္ေနတာ
မသနားစမ္းနဲ႕.....


မ်က္ႏွာေလးငယ္ျပၿပီး ဖုန္းမင္ကိုျပန္ုၾကည့္လိုက္ေတာ့သူ႕စိတ္ထင္သူ႕ကို စိုက္ၾကည့္ေနရင္း ႏႈတ္ခမ္းကစုခြၽန္လာသလားလို႔....


လီခ်န္းထိုႏႈတ္ခမ္းကေနအၾကည့္လႊဲလို႔မရေတာ့ဘူး


သိပ္ကိုခ်ိဳသာတဲ့ ေလခြၽန္သံေအးေအးေလးၾကားလာရသည္~~~


လီခ်န္းေဘးပတ္ပတ္လည္မွာႏွင္းေတြေဝၿပီးခ်ယ္ရီေတြေႂကြေနတယ္


လီခ်န္းမိန္းေမာေနတာ မ်က္ေတာင္ ေတာင္မခတ္မိတဲ့အထိ


ႏႈတ္ခမ္းေတြကတျဖည္းျဖည္းေဝးကြာသြားတာမို႔လက္လွမ္းလိုက္ေတာ့ ဖမ္းဆုပ္မိတာ ခ်ယ္ရီေတြ


တခဏေလာက္လီခ်န္းမ်က္ေတာင္တဖ်က္ဖ်က္ခတ္
ေနမိသည္။


ဘာျဖစ္သြားတာလဲ


ေရွ႕မွာဖုန္းမင္မရွိေတာ့ေပ။


ေတာက္ ဒီေကာင္ လုပ္သြားျပန္ၿပီ
ငါ့ကို ဒီလိုလွည့္စားရဲတယ္
ဟင္း အႏုနည္းနဲ႕မရေတာ့လဲ.......


----------------



rate now:

2 Reviews
  • reader Essence_Flame 14.12.2019, 17:34 5

    🥰

    reply

  • reader Kaung Wai Yan 14.12.2019, 07:25 5

    ❤️

    reply