book

Index 2

အပိုင်း ၂

ဝေ့ယွမ်ဆိုတဲ့ရွာက ယန် တိုင်းပြည်ရဲ့အစွန်အဖျားမှာရှိသည်။


လူဦးရေရာကျော်ရှိပြီးလယ်ယာလုပ်ကိုင်စားသောက်ကြ၏။


ဖုန်းမင့်မိဘတွေက လယ်ယာပိုင်ရှင်သူဌေးတွေဖြစ်ကြပြီး 

မိဘလက်ငုပ်လက်ရင်းကို ဖုန်းမင်ရဲ့အစ်မနှစ်ယောက်ဖြစ်တဲ့ ရှာဝေ နဲ့ ကျွယ့်ဝေ

က ဆက်လက်လုပ်ကိုင်ကြပေမယ့်

အငယ်ဆုံးသားဖြစ်တဲ့ ဖုန်းမင်က ဝါသနာမပါတာမို့ 

ပန်းချီဆွဲလိုက် သိုင်းပညာလေ့ကျင့်လိုက်နှင့်သာ

ဖုန်းမင်ရဲ့သိုင်းပညာကအတော်မြင့်သည်။

ဆုံးသွားပြီဖြစ်တဲ့သူ့အဘိုးကသင်ပေးခဲ့သည်ကိုး..





ရွာထဲကိုလူစိမ်းတွေဝင်လာတာနဲ့ ပွက်လောကိုရိုက်တတ်ကြသည်မို့...

အထူးသဖြင့်မိန်းကလေးတွေ

မြင်းသုံးကောင်ကိုစီးနင်းလာတဲ့ကောင်လေးတစ်ယောက်ချင်းစီက အလွန်ခန့်ညားနေကြတာကိုး....

သူမတို့ရဲ့ချစ်လှစွာသော မင်အာလေးကိုမမှီပေမယ့်ပေါ့


"ရွာလေးကသာယာတယ်ကွ "


"မိန်းကလေးတွေလည်းမဆိုးဘူး "


စုဝေးနေတဲ့ကောင်မလေးအုပ်စုတွေကိုကျော်ဖြတ်လာပြီးမှ ထျန်ရှင်းနဲ့ ကျောက်လျင်ကစကားစသည်။


ု"မမေ့နဲ့ ငါတို့လာရင်းကိစ္စကို"


အခုမှပြောပြီ။

အစောကဂူထဲမှာသောင်းကျန်းနေတာ

ဘယ်ကကောင်လဲ...လို့ ထျန်ရှင်းမေးလိုက်ချင်ပေမယ့် သူအသက်ရှင်ချင်သေးသည်။

လီချန်းဆိုတဲ့ကောင်ကစိတ်မှမမှန်တာ ....


အဲ့ဒိအချိန်မှာ ကျောက်လျင်တွေးမိနေတာက စင်းကျနေတဲ့မျက်တောင်ရှည်လေးတွေ 

ခပ်စူစူအနေအထားနဲ့ သာယာသံထွက်လာစေတဲ့နှုတ်ခမ်းလေး

သူထင်တာမှန်ရင် သေချာပေါက် ဒီရွာကပဲဖြစ်မယ် ။


လီချန်းကိုကျောက်လျင်လှမ်းကြည့်လိုက်တော့

ခပ်တင်းတင်းမျက်နှာထားနဲ့ တရွေ့ရွေ့မြင်းစီးနေတာတွေ့ရသည်။

ဒီကောင်ဘာတွေးနေလောက်လဲ

အလှလေးအကြောင်းတော့ မဟုတ်ပါစေနဲ့ 

ခုနက လီချန်း အလှလေးကို မိဖုရားခေါင်ဆီခေါ်သွားမယ်လို့ပြောကတည်းက ကျောက်လျင်မျက်ခုံးလှုပ်နေတာ အရမ်းနှမြောစရာကောင်းတယ်မဟုတ်လား......

အလှလေးလိုအဖိုးတန်လေးနဲ့ လီချန်းလိုကောင်နဲ့က လုံးဝမထိုက်တန်....


လီချန်းမျက်မှောင်ကျုံ့ပြီးလမ်းတစ်လျှောက်စဉ်းစားနေမိတာ အကြောင်းအရာတစ်ခုထဲ


ရွံရှာနေဟန် မျက်ဝန်းညိုညိုတွေ....


လီချန်းအကြည့်ပေါင်းများစွာကိုခံဖူးတယ်

အားကျတဲ့အကြည့် မုန်းတီးတဲ့အကြည့် တပ်မက်တဲ့အကြည့်

ကုန်ကုန်ပြောရရင်ရွံရှာတဲ့အကြည့်လည်းခံခဲ့ဖူးတယ်

အဲ့လိုကြည့်တဲ့ကောင်ဘဝဇာတ်သိမ်းတော့မလှသွားခဲ့ဘူး

တစ်သက်လုံးအကန်းဘဝနဲ့နေသွားရရှာတယ်လေ 

ဒါပေမယ့် ခုနကောင်လေး အဲ့ကောင်လေးဆီကအဲ့လိုအကြည့်ခံရတာကျတော့ သူဘာမှမလုပ်ခဲ့ဘူး


ငါ ကိစ္စပြီးခါစဆိုတော့စိတ်ကောင်းဝင်နေလို့များလား

ဟုတ်တယ် ဟုတ်လောက်မယ် ဒါကြောင့်ငါလွှတ်ပေးလိုက်တာဖြစ်မယ်။

မယ်မယ့်ဆီခေါ်သွားဖို့အထိတွေးထားပေမယ့်ငါစိတ်ကောင်းဝင်ပြီးလွှတ်ပေးလိုက်တယ်။

သိပ်ကောင်းတယ် လီချန်းလေးစိတ်ကောင်းဝင်တော့အခု ပိုပင်ပန်းရတာပေါ့ 

ဒီရွာထဲမှာမှသင့်တော်တဲ့သူမတွေ့ရင် နန်းတွင်းကိုဘယ်လိုပြန်ရမလဲ


သဘောကောင်းတဲ့အုပ်ချုပ်သူက အိမ်ကိုအလည်ဖိတ်သည်။

ညတာလွတ်လပ်စွာတည်းခိုနိုင်ပါတယ် ...တဲ့


------------


အခန်းထဲကိုဝင်လိုက်တာနဲ့ အခန်းအသွင်အပြင်အနေအထားကဖုန်းမင်ကိုမျက်မှောင်ကျုံ့စေသည်။


ဝေ၂ဝေ တော့ ငါ့အခန်းကိုမွှေသွားပြန်ပြီ 


ခုနကမှအသစ်ဆွဲထားတဲ့ရေတံခွန်ပုံပန်းချီလည်းမရှိတော့ 


သူတို့ ထပ်လုပ်ပြန်ပြီ ငါ့ပန်းချီကို ကောင်မလေးတွေဆီရောင်းစားဦးမယ်


ဒီလိုအသုံးမကျတဲ့အစ်မတွေရှိတဲ့ဖုန်းမင်အဖို့အတော်ခေါင်းကိုက်ရပါတယ်။

လယ်အလုပ်နဲ့အိမ်မှုကိစ္စကလွဲဘာမှမလုပ်တတ်တဲ့အစ်မတွေ =___=


ဖုန်းမင်ဆို တူရိယာတိုင်းတီးခတ်တတ်သည်။

အပင်စိုက်ပျိုးပြုစုရာမှာလည်းဝါသနာပါသည်။

ပန်းချီမှာလည်းတော်သည်။

သိုင်းပညာဆိုလည်းမြင့်သည်။

ရုပ်ရည်ပိုင်းမှာဆိုတကယ်ကိုပြိုင်ဖက်ကင်းပဲ


ကဲဒီလိုပြီးပြည့်စုံတဲ့ဖုန်းမင်မှာ သူ့ကိုရောင်းစားဖို့ပဲချောင်းနေတဲ့အစ်မတွေရှိတာ အတော်ကြီးကို ကံဆိုးတာပါပဲ


ပန်းချီတွေဆွဲခဲ့သမျှတစ်ခုမှမရှိတော့ မိန်းမကလေးတွေကိုဈေးကြီးပေးခိုးရောင်းပြစ်ကြသည်။


ဟင်း ဒီတစ်ခါတော့မရဘူး ငါ့အကြောင်းပြရသေးတာပေါ့


အခန်းကိုဝေ့ကြည့်လိုက်တော့မျက်လုံးထဲဝင်လာတာက တလက်လက်တောက်နေတဲ့ ဗျပ်စောင်း


အဟင်း ငါနဲ့တွေ့ပြီပေါ့ကွာ ^___^


------------


"မင်းတို့ကဘယ်ကလာခဲ့ကြတာလဲကွ "

လူကြီးက

အဖန်ရည်သောက်ရင်းမေးသည်။

စထိုင်ကတည်းကခုံပေါ်ကဘယ်စားစရာ ကိုမှမထိတဲ့လူ၃ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။


သဘောပေါက်လွယ်တဲ့လူကြီးကစကားလမ်းကြောင်းပြောင်းဖို့အတွက် 

ဧည့်တွေ့ခန်းရှေ့ကခပ်သုတ်သုတ်ဖြတ်သွားတဲ့တူမနှစ်ယောက်ကိုလှမ်းခေါ်လိုက်သည်။


"ဦးလေး သမီးတို့မအား 


"အို"    "ဟယ်"

လူချောလေး၃ယောက်ကိုမြင်တော့ ပြုံးဖြီးဖြီးဖြစ်သွားတဲ့ရှာဝေနဲ့ကျွယ့်ဝေကိုမြင်တော့ရွာလူကြီးကမေးသည်။


"ညီအစ်မနှစ်ယောက်ဘယ်သွားမလို့လဲ မင်အာ

လေးရော"

အေးအေးဆေးဆေးနေတတ်ပြီး မြင်သူအေးချမ်းစေတဲ့လူချောလေးဖုန်းမင်ကိုလူကြီးတွေကချစ်ကြသည်။


"မင်အာ ဆွဲထားတဲ့ပန်းချီကို ယဲ့အာကိုသွားရောင်းမလို့ "

စူးစူးရဲရဲစိုက်ကြည့်နေတဲ့လီချန်းကိုခိုးကြည့်လိုက်မျက်လွှာချလိုက်နဲ့အလုပ်ရှုပ်နေတဲ့ ရှာဝေကဖြေသည်။


ညီအစ်မနှစ်ယောက်မှာရှာဝေကအတော်ချောပြီးသွက်သည်။

ကျွယ့်ဝေကတော့ခပ်အေးအေးသမား ရှာဝေလောက်မချော 


"ဟာ မင်အာတော့ဒေါသထွက်နေတော့မှာပဲ။သွား အခုပဲ ပန်းချီကို ကလေးကိုပြန်ပေးလိုက်"


"ဟာ ခက်ခက်ခဲခဲခိုးယူလာရတာကို ပြန်ပေးစရာလား " 

ပြုံးပြုံးလေးပြောလိုက် တချက်တချက် လီချန်းကိုကြည့်လိုက်နဲ့အလုပ်ရှုပ်နေတဲ့ရှာဝေ့ကို ထျန်ရှင်းနဲ့ကျောက်လျင်တို့

လည်းမျက်လုံးမှေးပြီးကြည့်နေကြပြီ။


အစက အပြင်ပန်းအသွင်ကနည်းနည်းကိုက်ညီလို့ရှာဝေ့ကိုခေါ်သွားမယ်လို့လီချန်းစဉ်းစားမိသေးတာ...

ဒါပေမယ့် ဒီမိန်းမကရိုးရှင်းမယ့်ပုံမရှိဘူး 


ဟူး.........


အဆင်မပြေပါဘူး


အဆင်မပြေဘူးလို့တွေးလိုက်တိုင်း အဆင်ပြေလွန်းနေတဲ့ ကောင်လေးကအာရုံထဲပေါ်ပေါ်လာသည်။


ငြိမ့်ညောင်းတဲ့စောင်းသံရုတ်တရက်ကြီးထွက်လာသည်။


အသံလာရာကိုရွာလူကြီးနဲ့မိန်းမလှတွေထွက်ကြည့်ပေမယ့် လီချန်းတို့ကထိုင်နေတုန်း


ဒီစောင်းသံက..... ရင်းရင်းနှီးနှီးကြားဖူးသလိုလို...


၃ယောက်လုံးဝုန်းခနဲထရပ်လိုက်သည်မှါ စားပွဲခုံတောင်လှုပ်သွားသေး


ကောင်ချောလေး...

အလှလေး....

အလှလေး.....


ကိုယ်ဖော့သိုင်းနဲ့ခုန်ထွက်သွားကြောင့်အခန်းတွင်းလေကြမ်းတွေတိုက်ခတ်သွားသေး


-----------



လှပစွာပွင့်လန်းနေတဲ့ချယ်ရီပင်အောက်မှာ


ဗျပ်စောင်း တီးနေတဲ့ကောင်လေးတစ်ယောက်


ဆံနွယ်တွေကတလွင့်လွင့်

သာယာတဲ့တေးသံ ဗဟိုချက်က ဖယောင်းလက်လေးတွေတဲ့


အဖြူရောင်ဝတ်စုံပေါ်ငွေရောင်တစ်ထပ် ထပ် ဝတ်ထားတော့ ပိုပြီးတော့တောင် လှပလွန်းသွားသေး.....


တကယ်ကို အလှလေးပါလား


ဖုန်းမင်ကိုဝိုင်းကြည့်နေတဲ့မိန်းကလေးတွေ ကြားထဲ

လီချန်းတို့၃ယောက်သာ ထီးထီးမားမား ယောကျ်ားလေးတွေဖြစ်ကြသည်။


ကျန်တဲ့ ရွာသားအချို့ကခပ်လှမ်းလှမ်းက ဖုန်းမင်ကိုငေးနေကြ၏။


ရှာဝေနဲ့ကျွယ့်ဝေ ကိုမြင်တော့ဖုန်းမင်မျက်လုံးလေးလှန်ကြည့်ပုံက ဆွဲဆောင်မှုအပြည့်


ခပ်ယောင်ယောင်လေးပြုံးသွားပြီး သံစဉ်ပြောင်းလိုက်တာကို လီချန်းတို့၃ယောက်သတိထားမိလိုက်ပေမယ့်ကျန်သူတွေကတော့သိပုံမရ 


ညှို့ရီနေတဲ့သံစဉ်က ရှာဝေနဲ့ကျွယ့်ဝေတို့ညီအစ်မဆီသာရစ်ဝဲနေသည်။

ငွေရောင်အလက်လက်အလင်းတန်းက ညီအစ်မနှစ်ယောက်ကိုမြွေတစ်ကောင်အလား ရစ်ပတ်လာနေသော်ငြားလည်း သူမတို့သိပုံမရညို့ခံထားရတဲ့သူတွေလို မျက်လုံးသေတွေနဲ့ 


အဟက် မင်းဘာအကွက်တွေထုတ်နေတာလဲ


၂ခေါက်တွေ့တာမှာ ၂ခေါက်လုံးသံစဉ်တွေနဲ့လူတွေကိုထိန်းချုပ်သွားသည်ချည်း


သံစဉ်ရပ်တန့်သွားတာတောင် ညီအစ်မနှစ်ယောက်ကြောင်

တောင်တောင်ဖြစ်နေကြသေးသည်။

သိပ်မကြာပါဘူးထအော်တော့တာပဲ


"မင်အာ နင် ပန်းချီခိုးသွားပြီ"

ကျွယ့်ဝေရဲ့အထိတ်တလန့်အပြောကြောင့်ရှာဝေ မျက်နှာမည်းသွားသလိုရွာသူရွာသား

တွေလည်းနားလည်လိုက်ပြီ။

ဒီညီအစ်မတွေငါတို့မင်အာဆီက ပန်းချီခိုးပြန်ပြီဟူ၍


ခိုးတယ်ဆိုတဲ့စကားကြောင့် လေ့လာရင်းရပ်ကြည့်နေတဲ့လီချန်းနဲ့ 

အလှလေးကိုငေးမောနေတဲ့ ကျောက်လျင်၊ထျန်ရှင်းတို့ မျက်လုံးတွေမှေးကျင်းသွားပြီးစူးစမ်းချင်စိတ်နဲ့ဆက်ရပ်ကြည့်နေမိကြသည်။


သူတို့၃ယောက်၊ ညီအစ်မ ၂ယောက်နဲ့ ဖုန်းမင်သာချယ်ရီပင်အောက်မှာကျန်ခဲ့တယ်


ဖုန်းမင်ရှေ့မှာဗျပ်စောင်းကာနေတော့ဗျပ်စောင်းရှေ့

မှာပဲ ရှာဝေသွားရပ်လိုက်ပြီး ရန်တွေ့သည်။


"အငယ်ကောင် နင်လုပ်ပြန်ပြီ။အစ်မတွေက ပန်းချီကိုသိမ်းထားပေးမှာကို အခုလိုလုရလား"


အနားမှာသူစိမ်းတွေမရှိတော့ဘူးထင်ပြီးခါးထောက်ရန်တွေ့နေတဲ့ရှာဝေကိုဖုန်းမင်စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။


ဟင် တနာရူး၃ကောင် သူတို့ကဘယ်လိုO__O


မျက်လုံးထောင့်ကနေ လီချန်းတို့ကိုဖြတ်ခနဲမြင်လိုက်တာနဲ့ ဖုန်းမင်ခပ်မတ်မတ်အနေအထားဖြစ်သွားရသည်။


ဒါကိုပဲမျက်စိလျင်တဲ့လီချန်းက သရော်သလိုလို ပြုံးပြပြီးကျောက်လျင်နဲ့ထျန်ရှင်းကလက်လေးတွေမြှောက်ပြနေသေး.....


ဟင်း ဒီတောထဲရောက်နေမှတော့ဒီရွာထဲဝင်လာတာ ယုတ္တိ ရှိပါတယ်။ 

မထူးဆန်းပါဘူး....


အဲ့ကောင်တွေကိုလျစ်လျူရှပြီး သူ့ရှေ့ကအစ်မကိုပဲပြန်ကြည့်လိုက်သည်။


"ရော့"

ငွေရောင် ဆွဲကြိုး၂ကုံးကိုတစ်ခုစီရှာဝေနဲ့ကျွယ့်ဝေကိုုပစ်ပေးလိုက်သည်။


ဒီဆွဲကြိုးတွေက ချယ်ရီပွင့် တွေကိုစပ်ပြီး အတွင်းအားနည်းနည်းထည့်ကျစ်ထားခြင်းဖြစ်သည်။

လှလည်းလှသလိုကာကွယ်လည်းပေးနိုင်၏။

အစ်မလှလှတွေကိုကာကွယ်ဖို့ဖုန်းမင်ပျင်းနေရင် ဒီဆွဲကြိုးတွေကပဲ ကာကွယ်ပေးလိမ့်မည်။


"လှလိုက်တာ မင်အာလေးချစ်ဖို့ကောင်းချက် လာပါဦးမွှေးမွှေးပေးချင်လို့"


ဟာ ဘယ်လိုတွေတောင်လဲ ဒီအစ်မတွေကတော့


ဘေးတစ်ဖက်တစ်ချက်ဆီကနေ တရွှတ်ရွှတ်နဲ့ဖုန်းမင်ကိုနမ်းနေကြသည်မှာ ဖုန်းမင်ကိုမနေတတ်ဖြစ်စေသည်။


လူစိမ်းတွေရှေ့မှာမို့ အနေခက်လာတော့ စောင်းကိုကောက်ယူပြီးအစ်မတွေကိုဝင်တိုက်ကာ

ခပ်သုတ်သုတ်ထွက်သွားတော့သည်။


ဆွဲကြိုးတွေကိုကြည့်ပြီးအလုပ်ရှုပ်နေတဲ့ညီအစ်မတွေလည်း ဧည့်သည်တွေ လှည့်ထွက်သွားတာကို သတိမမူမိလိုက်


သူစိမ်းရှေ့မှာကလေးလေးလို အစ်မတွေရဲ့အနမ်းခံရတဲ့ကောင်လေးပုံက ဘယ်လိုလေးပါလိမ့်

ပါးပြင်တွေက ကြွေကျနေတဲ့ချယ်ရီတွေထက်တောင်ခပ်ရင့်ရင့်ပန်းရောင်သန်းနေသေး


သေချာမြင်လိုက်တယ်ပါးပြင်ထဲနှုတ်ခမ်းနစ်ဝင်သွားတာကို

ဘယ်လောက်များနူးညံ့လွန်းလို့လည်းနော်.....


မင်အာ မင်အာ မင်အာ လေးတဲ့....


အတွေးတွေကအနေအထားမတူသော်ငြားလည်းလားရာကတော့တစ်နေရာတည်း


တစ်ခန်းထဲမှာ တစ်နေရာဆီရပ်ရင်း အတွေးများနေသူတွေနဲ့


ရှက်စိတ်နဲ့ပူထူနေတဲ့ပါးပြင်ကိုခပ်ကြမ်းကြမ်းပွတ်ပြီးရေနဲ့သစ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်မိုးအောက်ထဲမှာရှိနေခဲ့ကြတယ်။


-----------

ဆက်ရန်...


ေဝ့ယြမ္ဆိုတဲ့ရြာက ယန္ တိုင္းျပည္ရဲ႕အစြန္အဖ်ားမွာ႐ွိသည္။

လူဦးေရရာေက်ာ္႐ွိၿပီးလယ္ယာလုပ္ကိုင္စားေသာက္ျက၏။

ဖုန္းမင့္မိဘေတြက လယ္ယာပိုင္႐ွင္သူေဌးေတြျဖစ္ၾကၿပီး
မိဘလက္ငုပ္လက္ရင္းကို ဖုန္းမင္ရဲ႕အစ္မႏွစ္ေယာက္ျဖစ္တဲ့ ႐ွာေဝ နဲ႔ ကြၽယ့္ေဝ
က ဆက္လက္လုပ္ကိုင္ၾကေပမယ့္
အငယ္ဆံုးသားျဖစ္တဲ့ ဖုန္းမင္က ဝါသနာမပါတာမို႔
ပန္းခ်ီဆြဲလိုက္ သိုင္းပညာေလ့က်င့္လိုက္ႏွင့္သာ
ဖုန္းမင္ရဲ႕သိုင္းပညာကအေတာ္ျမင့္သည္။
ဆံုးသြားၿပီျဖစ္တဲ့သူ႔အဘိုးကသင္ေပးခဲ့သည္ကိုး..


ရြာထဲကိုလူစိမ္းေတြဝင္လာတာနဲ႔ ပြက္ေလာကို႐ိုက္တတ္ၾကသည္မို႔...
အထူးသျဖင့္မိန္းကေလးေတြ
ျမင္းသံုးေကာင္ကိုစီးနင္းလာတဲ့ေကာင္ေလးတစ္ေယာက္ခ်င္းစီက အလြန္ခန္႔ညားေနၾကတာကိုး....
သူမတို႔ရဲ႕ခ်စ္လွစြာေသာ မင္အာေလးကိုမမွီေပမယ့္ေပါ့

"ရြာေလးကသာယာတယ္ကြ "

"မိန္းကေလးေတြလည္းမဆိုးဘူး "

စုေဝးေနတဲ့ေကာင္မေလးအုပ္စုေတြကိုေက်ာ္ျဖတ္လာၿပီးမွ ထ်န္႐ွင္းနဲ႔ ေက်ာက္လ်င္ကစကားစသည္။

ု"မေမ့နဲ႔ ငါတို႔လာရင္းကိစၥကို"

အခုမွေျပာၿပီ။
အေစာကဂူထဲမွာေသာင္းက်န္းေနတာ
ဘယ္ကေကာင္လဲ...လို႔ ထ်န္႐ွင္းေမးလိုက္ခ်င္ေပမယ့္ သူအသက္႐ွင္ခ်င္ေသးသည္။
လီခ်န္းဆိုတဲ့ေကာင္ကစိတ္မွမမွန္တာ ....

အဲ့ဒိအခ်ိန္မွာ ေက်ာက္လ်င္ေတြးမိေနတာက စင္းက်ေနတဲ့မ်က္ေတာင္႐ွည္ေလးေတြ
ခပ္စူစူအေနအထားနဲ႔ သာယာသံထြက္လာေစတဲ့နႈတ္ခမ္းေလး
သူထင္တာမွန္ရင္ ေသခ်ာေပါက္ ဒီရြာကပဲျဖစ္မယ္ ။

လီခ်န္းကိုေက်ာက္လ်င္လွမ္းၾကည့္လိုက္ေတာ့
ခပ္တင္းတင္းမ်က္ႏွာထားနဲ႔ တေရြ႔ေရြ႔ျမင္းစီးေနတာေတြ႔ရသည္။
ဒီေကာင္ဘာေတြးေနေလာက္လဲ
အလွေလးအေၾကာင္းေတာ့ မဟုတ္ပါေစနဲ႔
ခုနက လီခ်န္း အလွေလးကို မိဖုရားေခါင္ဆီေခၚသြားမယ္လို႔ေျပာကတည္းက ေက်ာက္လ်င္မ်က္ခံုးလႈပ္ေနတာ အရမ္းႏွေျမာစရာေကာင္းတယ္မဟုတ္လား......
အလွေလးလိုအဖိုးတန္ေလးနဲ႔ လီခ်န္းလိုေကာင္နဲ႔က လံုးဝမထိုက္တန္....

လီခ်န္းမ်က္ေမွာင္က်ံဳ႕ၿပီးလမ္းတစ္ေလ်ွာက္စဥ္းစားေနမိတာ အေၾကာင္းအရာတစ္ခုထဲ

ရြံ႐ွာေနဟန္ မ်က္ဝန္းညိဳညိဳေတြ....

လီခ်န္းအၾကည့္ေပါင္းမ်ားစြာကိုခံဖူးတယ္
အားက်တဲ့အၾကည့္ မုန္းတီးတဲ့အၾကည့္ တပ္မက္တဲ့အၾကည့္
ကုန္ကုန္ေျပာရရင္ရြံ႐ွာတဲ့အၾကည့္လည္းခံခဲ့ဖူးတယ္
အဲ့လိုၾကည့္တဲ့ေကာင္ဘဝဇာတ္သိမ္းေတာ့မလွသြားခဲ႔ဘူး
တစ္သက္လံုးအကန္းဘဝနဲ႔ေနသြားရ႐ွာတယ္ေလ
ဒါေပမယ့္ ခုနေကာင္ေလး အဲ့ေကာင္ေလးဆီကအဲ့လိုအၾကည့္ခံရတာက်ေတာ့ သူဘာမွမလုပ္ခဲ့ဘူး

ငါ ကိစၥၿပီးခါစဆိုေတာ့စိတ္ေကာင္းဝင္ေနလို႔မ်ားလား
ဟုတ္တယ္ ဟုတ္ေလာက္မယ္ ဒါေၾကာင့္ငါလႊတ္ေပးလိုက္တာျဖစ္မယ္။
မယ္မယ့္ဆီေခၚသြားဖို႔အထိေတြးထားေပမယ့္ငါစိတ္ေကာင္းဝင္ၿပီးလႊတ္ေပးလိုက္တယ္။
သိပ္ေကာင္းတယ္ လီခ်န္းေလးစိတ္ေကာင္းဝင္ေတာ့အခု ပိုပင္ပန္းရတာေပါ့
ဒီရြာထဲမွာမွသင့္ေတာ္တဲ့သူမေတြ႔ရင္ နန္းတြင္းကိုဘယ္လိုျပန္ရမလဲ

သေဘာေကာင္းတဲ့အုပ္ခ်ဳပ္သူက အိမ္ကိုအလည္ဖိတ္သည္။
ညတာလြတ္လပ္စြာတည္းခိုႏိုင္ပါတယ္ ...တဲ့

------------

အခန္းထဲကိုဝင္လိုက္တာနဲ႔ အခန္းအသြင္အျပင္အေနအထားကဖုန္းမင္ကိုမ်က္ေမွာင္က်ံဳ႕ေစသည္။

ေဝ၂ေဝ ေတာ့ ငါ့အခန္းကိုေမႊသြားျပန္ၿပီ

ခုနကမွအသစ္ဆြဲထားတဲ့ေရတံခြန္ပံုပန္းခ်ီလည္းမ႐ွိေတာ့

သူတို႔ ထပ္လုပ္ျပန္ၿပီ ငါ့ပန္းခ်ီကို ေကာင္မေလးေတြဆီေရာင္းစားဦးမယ္

ဒီလိုအသံုးမက်တဲ့အစ္မေတြ႐ွိတဲ့ဖုန္းမင္အဖို႔အေတာ္ေခါင္းကိုက္ရပါတယ္။
လယ္အလုပ္နဲ႔အိမ္မႈကိစၥကလြဲဘာမွမလုပ္တတ္တဲ့အစ္မေတြ =___=

ဖုန္းမင္ဆို တူရိယာတိုင္းတီးခတ္တတ္သည္။
အပင္စိုက္ပ်ိဳးျပဳစုရာမွာလည္းဝါသနာပါသည္။
ပန္းခ်ီမွာလည္းေတာ္သည္။
သိုင္းပညာဆိုလည္းျမင့္သည္။
႐ုပ္ရည္ပိုင္းမွာဆိုတကယ္ကိုၿပိဳင္ဖက္ကင္းပဲ

ကဲဒီလိုၿပီးျပည့္စံုတဲ့ဖုန္းမင္မွာ သူ႔ကိုေရာင္းစားဖို႔ပဲေခ်ာင္းေနတဲ့အစ္မေတြ႐ွိတာ အေတာ္ႀကီးကို ကံဆိုးတာပါပဲ

ပန္းခ်ီေတြဆြဲခဲ့သမ်ွတစ္ခုမွမ႐ွိေတာ့ မိန္းမကေလးေတြကိုေစ်းႀကီးေပးခိုးေရာင္းျပစ္ၾကသည္။

ဟင္း ဒီတစ္ခါေတာ့မရဘူး ငါ့အေၾကာင္းျပရေသးတာေပါ့့

အခန္းကိုေဝ့ၾကည့္လိုက္ေတာ့မ်က္လံုးထဲဝင္လာတာက တလက္လက္ေတာက္ေနတဲ့ ဗ်ပ္ေစာင္း

အဟင္း ငါနဲ႔ေတြ႔ၿပီေပါ့ကြာ ^___^

------------

"မင္းတို႔ကဘယ္ကလာခဲ့ၾကတာလဲကြ "
လူႀကီးက
အဖန္ရည္ေသာက္ရင္းေမးသည္။
စထိုင္ကတည္းကခံုေပၚကဘယ္စားစရာ ကိုမွမထိတဲ့လူ၃ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျကည့္လိုက္ျကသည္။

သေဘာေပါက္လြယ္တဲ့လူႀကီးကစကားလမ္းေၾကာင္းေျပာင္းဖို့အတြက္
ဧည့္ေတြ႔ခန္းေ႐ွ႕ကခပ္သုတ္သုတ္ျဖတ္သြားတဲ့တူမႏွစ္ေယာက္ကိုလွမ္းေခၚလိုက္သည္။

"ဦးေလး သမီးတို႔မအား

"အို"    "ဟယ္"
လူေခ်ာေလး၃ေယာက္ကိုျမင္ေတာ့ ျပံဳးၿဖီးၿဖီးျဖစ္သြားတဲ့႐ွာေဝနဲ႔ကြၽယ့္ေဝကိုျမင္ေတာ့ရြာလူႀကီးကေမးသည္။

"ညီအစ္မႏွစ္ေယာက္ဘယ္သြားမလို႔လဲ မင္အာ
ေလးေရာ"
ေအးေအးေဆးေဆးေနတတ္ျပီး ျမင္သူေအးခ်မ္းေစတဲ့လူေခ်ာေလးဖုန္းမင္ကိုလူႀကီးေတြကခ်စ္ၾကသည္။

"မင္အာ ဆြဲထားတဲ့ပန္းခ်ီကို ယဲ့အာကိုသြားေရာင္းမလို႔ "
စူးစူးရဲရဲစိုက္ၾကည့္ေနတဲ့လီခ်န္းကိုခိုးၾကည့္လိုက္မ်က္လႊာခ်လိုက္နဲ႔အလုပ္႐ႈပ္ေနတဲ့ ႐ွာေဝကေျဖသည္။

ညီအစ္မႏွစ္ေယာက္မွာ႐ွာေဝကအေတာ္ေခ်ာၿပီးသြက္သည္။
ကြၽယ့္ေဝကေတာ့ခပ္ေအးေအးသမား ႐ွာေဝေလာက္မေခ်ာ

"ဟာ မင္အာေတာ့ေဒါသထြက္ေနေတာ့မွာပဲ။သြား အခုပဲ ပန္းခ်ီကို ကေလးကိုျပန္ေပးလိုက္"

"ဟာ ခက္ခက္ခဲခဲခိုးယူလာရတာကို ျပန္ေပးစရာလား "
ျပံဳးျပံဳးေလးေျပာလိုက္ တခ်က္တခ်က္ လီခ်န္းကိုျကည့္လိုက္နဲ႔အလုပ္ရွုပ္ေနတဲ့႐ွာေဝ့ကို ထ်န္႐ွင္းနဲ႔ေက်ာက္လ်င္တို႔
လည္းမ်က္လံုးေမွးၿပီးၾကည့္ေနၾကၿပီ။

အစက အျပင္ပန္းအသြင္ကနည္းနည္းကိုက္ညီလို႔႐ွာေဝ့ကိုေခၚသြားမယ္လို႔လီခ်န္းစဥ္းစားမိေသးတာ...
ဒါေပမယ့္ ဒီမိန္းမက႐ိုး႐ွင္းမယ့္ပံုမ႐ွိဘူး

ဟူး.........

အဆင္မေျပပါဘူး

အဆင္မေျပဘူးလို႔ေတြးလိုက္တိုင္း အဆင္ေျပလြန္းေနတဲ့ ေကာင္ေလးကအာရံုထဲေပၚေပၚလာသည္။

ၿငိမ့္ေညာင္းတဲ့ေစာင္းသံ႐ုတ္တရက္ႀကီးထြက္လာသည္။

အသံလာရာကိုရြာလူႀကီးနဲ႔မိန္းမလွေတြထြက္ၾကည့္ေပမယ့္ လီခ်န္းတို႔ကထိုင္ေနတုန္း

ဒီေစာင္းသံက..... ရင္းရင္းႏွီးႏွီးၾကားဖူးသလိုလို...

ေယာက္လံုးဝုန္းခနဲထရပ္လိုက္သည္မွါ စားပြဲခံုေတာင္လႈပ္သြားေသး

ေကာင္ေခ်ာေလး...
အလွေလး....
အလွေလး.....

ကိုယ္ေဖာ့သိုင္းနဲ႔ခုန္ထြက္သြားေၾကာင့္အခန္းတြင္းေလၾကမ္းေတြတိုက္ခတ္သြားေသး

-----------



လွပစြာပြင့္လန္းေနတဲ့ခ်ယ္ရီပင္ေအာက္မွာ

ဗ်ပ္ေစာင္း တီးေနတဲ့ေကာင္ေလးတစ္ေယာက္

ဆံႏြယ္ေတြကတလြင့္လြင့္
သာယာတဲ့ေတးသံ ဗဟိုခ်က္က ဖေယာင္းလက္ေလးေတြတဲ့

အျဖဴေရာင္ဝတ္စံုေပၚေငြေရာင္တစ္ထပ္ ထပ္ ဝတ္ထားေတာ့ ပိုၿပီးေတာ့ေတာင္ လွပလြန္းသြားေသး.....

တကယ္ကို အလွေလးပါလား

ဖုန္းမင္ကိုဝိုင္းၾကည့္ေနတဲ့မိန္းကေလးေတြ ၾကားထဲ
လီခ်န္းတို႔၃ေယာက္သာ ထီးထီးမားမား ေယာက်္ားေလးေတြျဖစ္ၾကသည္။

က်န္တဲ့ ရြာသားအခ်ိဳ႕ကခပ္လွမ္းလွမ္းက ဖုန္းမင္ကိုေငးေနၾက၏။

႐ွာေဝနဲ႔ကြၽယ့္ေဝ ကိုျမင္ေတာ့ဖုန္းမင္္မ်က္လံုးေလးလွန္ၾကည့္ပံုက ဆြဲေဆာင္မႈအျပည့္

ခပ္ေယာင္ေယာင္ေလးျပံဳးသြားၿပီး သံစဥ္ေျပာင္းလိုက္တာကို လီခ်န္းတို႔၃ေယာက္သတိထားမိလိုက္ေပမယ့္က်န္သူေတြကေတာ့သိပံုမရ

ညႇိဳ႕ရီေနတဲ့သံစဥ္က ႐ွာေဝနဲ႔ကြၽယ့္ေဝတို႔ညီအစ္မဆီသာရစ္ဝဲေနသည္။
ေငြေရာင္အလက္လက္အလင္းတန္းက ညီအစ္မႏွစ္ေယာက္ကိုေႁမြတစ္ေကာင္အလား ရစ္ပတ္လာေနေသာ္ျငားလည္း သူမတို႔သိပံုမရညိဳ႕ခံထားရတဲ့သူေတြလို မ်က္လံုးေသေတြနဲ႔

အဟက္ မင္းဘာအကြက္ေတြထုတ္ေနတာလဲ

၂ေခါက္ေတြ႔တာမွာ ၂ေခါက္လံုးသံစဥ္ေတြနဲ႔လူေတြကိုထိန္းခ်ဳပ္သြားသည္ခ်ည္း

သံစဥ္ရပ္တန္႔သြားတာေတာင္ ညီအစ္မႏွစ္ေယာက္ေၾကာင္
ေတာင္ေတာင္ျဖစ္ေနၾကေသးသည္။
သိပ္မၾကာပါဘူးထေအာ္ေတာ့တာပဲ

"မင္အာ နင္ ပန္းခ်ီခိုးသြားၿပီ"
ကြၽယ့္ေဝရဲ႕အထိတ္တလန္႔အေျပာေၾကာင့္႐ွာေဝ မ်က္ႏွာမည္းသြားသလိုရြာသူရြာသား
ေတြလည္းနားလည္လိုက္ၿပီ။
ဒီညီအစ္မေတြငါတို႔မင္အာဆီက ပန္းခ်ီခိုးျပန္ၿပီဟူ၍

ခိုးတယ္ဆိုတဲ့စကားေၾကာင့္ ေလ့လာရင္းရပ္ၾကည့္ေနတဲ့လီခ်န္းနဲ႔
အလွေလးကိုေငးေမာေနတဲ့ ေက်ာက္လ်င္၊ထ်န္႐ွင္းတို႔ မ်က္လံုးေတြေမွးက်င္းသြားၿပီးစူးစမ္းခ်င္စိတ္နဲ႔ဆက္ရပ္ၾကည့္ေနမိၾကသည္။

သူတို႔၃ေယာက္၊ ညီအစ္မ ၂ေယာက္နဲ႔ ဖုန္းမင္သာခ်ယ္ရီပင္ေအာက္မွာက်န္ခဲ့တယ္

ဖုန္းမင္ေ႐ွ႕မွာဗ်ပ္ေစာင္းကာေနေတာ့ဗ်ပ္ေစာင္းေ႐ွ႕
မွာပဲ ႐ွာေဝသြားရပ္လိုက္ၿပီး ရန္ေတြ႔သည္။

"အငယ္ေကာင္ နင္လုပ္ျပန္ၿပီ။အစ္မေတြက ပန္းခ်ီကိုသိမ္းထားေပးမွာကို အခုလိုလုရလား"

အနားမွာသူစိမ္းေတြမ႐ွိေတာ့ဘူးထင္ၿပီးခါးေထာက္ရန္ေတြ႔ေနတဲ့႐ွာေဝကိုဖုန္းမင္စိတ္ပ်က္လက္ပ်က္ျကည့္လိုက္သည္။

ဟင္ တနာ႐ူး၃ေကာင္ သူတို႔ကဘယ္လိုO__O

မ်က္လံုးေထာင့္ကေန လီခ်န္းတို႔ကိုျဖတ္ခနဲျမင္လိုက္တာနဲ႔ ဖုန္းမင္ခပ္မတ္မတ္အေနအထားျဖစ္သြားရသည္။

ဒါကိုပဲမ်က္စိလ်င္တဲ့လီခ်န္းက သေရာ္သလိုလို ျပံဳးျပၿပီးေက်ာက္လ်င္နဲ႔ထ်န္႐ွင္းကလက္ေလးေတြေျမႇာက္ျပေနေသး.....

ဟင္း ဒီေတာထဲေရာက္ေနမွေတာ့ဒီရြာထဲဝင္လာတာ ယုတၱိ ႐ွိပါတယ္။
မထူးဆန္းပါဘူး....

အဲ့ေကာင္ေတြကိုလ်စ္လ်ဴ႐ွၿပီး သူ႔ေ႐ွ႕ကအစ္မကိုပဲျပန္ၾကည့္လိုက္သည္။

"ေရာ့"
ေငြေရာင္ ဆြဲျကိုး၂ကံုးကိုတစ္ခုစီ႐ွာေဝနဲ႔ကြၽယ့္ေဝကိုုပစ္ေပးလိုက္သည္။

ဒီဆြဲႀကိဳးေတြက ခ်ယ္ရီပြင့္ ေတြကိုစပ္ၿပီး အတြင္းအားနည္းနည္းထည့္က်စ္ထားျခင္းျဖစ္သည္။
လွလည္းလွသလိုကာကြယ္လည္းေပးႏိုင္၏။
အစ္မလွလွေတြကိုကာကြယ္ဖို႔ဖုန္းမင္ပ်င္းေနရင္ ဒီဆြဲျကိဳးေတြကပဲ ကာကြယ္ေပးလိမ့္မည္။

"လွလိုက္တာ မင္အာေလးခ်စ္ဖို႔ေကာင္းခ်က္ လာပါဦးေမႊးေမႊးေပးခ်င္လို႔"

ဟာ ဘယ္လိုေတြေတာင္လဲ ဒီအစ္မေတြကေတာ့

ေဘးတစ္ဖက္တစ္ခ်က္ဆီကေန တရႊတ္ရႊတ္နဲ႔ဖုန္းမင္ကိုနမ္းေနၾကသည္မွာ ဖုန္းမင္ကိုမေနတတ္ျဖစ္ေစသည္။

လူစိမ္းေတြေ႐ွ႕မွာမို႔ အေနခက္လာေတာ့ ေစာင္းကိုေကာက္ယူၿပီးအစ္မေတြကိုဝင္တိုက္ကာ
ခပ္သုတ္သုတ္ထြက္သြားေတာ့သည္။

ဆြဲျကိုးေတြကိုၾကည့္ၿပီးအလုပ္႐ႈပ္ေနတဲ့ညီအစ္မေတြလည္း ဧည့္သည္ေတြ လွည့္ထြက္သြားတာကို သတိမမူမိလိုက္

သူစိမ္းေ႐ွ႕မွာကေလးေလးလို အစ္မေတြရဲ႕အနမ္းခံရတဲ့ေကာင္ေလးပံုက ဘယ္လိုေလးပါလိမ့္
ပါးျပင္ေတြက ေႂကြက်ေနတဲ့ခ်ယ္ရီေတြထက္ေတာင္ခပ္ရင့္ရင့္ပန္းေရာင္သန္းေနေသး

ေသခ်ာျမင္လိုက္တယ္ပါးျပင္ထဲႏႈတ္ခမ္းနစ္ဝင္သြားတာကို
ဘယ္ေလာက္မ်ားႏူးညံ့လြန္းလို႔လည္းေနာ္.....

မင္အာ မင္အာ မင္အာ ေလးတဲ့....

အေတြးေတြကအေနအထားမတူေသာ္ျငားလည္းလားရာကေတာ့တစ္ေနရာတည္း

တစ္ခန္းထဲမွာ တစ္ေနရာဆီရပ္ရင္း အေတြးမ်ားေနသူေတြနဲ႔

႐ွက္စိတ္နဲ႔ပူထူေနတဲ့ပါးျပင္ကိုခပ္ၾကမ္းၾကမ္းပြတ္ၿပီးေရနဲ႔သစ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ဟာ တစ္မိုးေအာက္ထဲမွာ႐ွိေနခဲ့ၾကတယ္။

-----------
ဆက္ရန္...


rate now:

2 Reviews
  • reader Essence_Flame 12.12.2019, 10:57 4.9

    😘

    reply

  • reader Kaung Wai Yan 12.12.2019, 10:55 5

    🥰🥰 damn bae

    reply