book
Index 1
အပိုင်း ၁
ချယ်ရီပင်တွေအောက် ဓားရေးလေ့ကျင့်နေသောလူတစ်ယောက် 
ထိုသူက ဓားရေးကျင့်နေသည်လား ကနေသည်လား
မဝေခွဲနိုင်လောက်အောင်လှပလွန်းနေ၏။
အဖြူရောင်ဝတ်စုံနဲ့အတူ သူ့ရဲ့တိုက်ကွက် ဟန်ပန်တွေက ညင်သာလှပလွန်းလို့ အသက်ရှူမှားလောက်သည်အထိ
လှပလွန်းသလောက် အန္တရာယ်လည်းများမယ့်ပုံ
သူရပ်လိုက်တော့ မြေပြင်ပေါ်ကျနေသမျှချယ်ရီပွင့်တွေအားလုံး အစိတ်စိတ် အမွှာမွှာ ဖြစ်လို့
တဖြောင်းဖြောင်းနဲ့လက်ခုပ်သံတွေထွက်လာလို့ လှည့်ကြည့်လိုက်တော့ 
သူ့အစ်မနှစ်ယောက်နဲ့ ရွာထဲကမိန်းကလေးအုံလိုက်ကြီးကိုတွေ့ရသည်။
ငါ ပုန်းဖို့နေရာကိုမရှိပါလား 
ဖုန်းမင်သက်ပြင်းချပြီး ဓားကိုဓားအိမ်ထဲထည့် ခါးမှာထိုးပြီး  တစ်လှမ်းချင်းထွက်သွားသည်။
တကယ်ကိုတစ်လှမ်းချင်းသွားနေတာပါပဲ ဒါပေမယ့်နောက်ကအစ်မနဲ့ကောင်မလေးတွေကပြေးလိုက်နေတာတောင်မမှီကြရှာဘူး
သိပ်မကြာခင်မှာပဲ သူတို့မျက်လုံးထဲကနေဖုန်းမင်ပျောက်သွားပြီ
---------------
တသွင်သွင်စီးကျနေတဲ့ ရေတံခွန် ကြီး ....
ရေတွေဟာစိမ်းလဲ့နေသည်။
ကြည်လင်နေတာကြောင့်အောက်ခြေက ကျောက်စရစ်ခဲတွေကိုအရှင်းသား မြင်နေရ၏။
ဘေးဘက်ကမှိုင်းညို့ညို့သစ်ပင်တွေက
ရေတံခွန်နဲ့တွဲဖက်လိုက်တော့ အတော့်ကိုလှပတဲ့မြင်ကွင်းအဖြစ်ပြောင်းသွားသည်။
ရေတံခွန်နဲ့ခပ်လှမ်းလှမ်းက ကျောက်တုံးတစ်တုံးပေါ်စာရွက်အဖြူကြီးတင်ပြီးအဖြူရောင်ဝတ်စုံနဲ့လူတစ်ယောက်က ပန်းချီရေးဆွဲနေသည်။
ငြိမ့်ညောင်းတဲ့ရေကျသံနဲ့အတူ လက်ချောင်းသွယ်လေးတွေဟာ စုတ်ချက်တွေညီညီ
ညာညာ လူးလွန့်လျက်...
တစ်ဝက်တစ်ပြက်ပေါ်နေတဲ့ပုံဟာတော့ဖြင့် ရေတံခွန်အပိုင်းအစလေး
အာရုံဝင်စားပြီး ပန်းချီဆွဲနေတဲ့ဖုန်းမင်မျက်နှာမှာနှစ်လိုဖွယ်အပြုံးလေးနဲ့ 
အပြုံးကသိပ်မခံလိုက်ပါဘူး ငြိမ့်ငြောင်းတဲ့ရေကျသံတွေ သာယာစွာကျေးငှက်တေးဆိုနေသံတွေကြား
တအင်းအင်း ညည်းသံတွေ ကဝင်လာသည်မို့ ဖုန်းမင်ရဲ့စိတ်တွေမှုန်မှိုင်းသွားသလို မျက်မှောင်တွေလည်းကျုံ့သွားရသည်။
ဖုန်းမင်မျက်မှောင်ကျုံ့ လျက်ကနေ ဘေးတစ်ဝိုက်ကိုစူးစမ်းပေမယ့် သက်ရှိဆိုလို့သူတစ်ယောက်ထဲသာရှိနေသည်.....
ငါပဲနားကြားမှားတာလား မဖြစ်နိုင်တာ
တောင်ဘက်က ဂူထဲကများလား
ထိုသို့တွေးမိခြင်းခြင်းပဲ  လေလိုအလျင်နဲ့ပြေးသွားတော့သည်။
ဒီတောတစ်ခုလေးပဲ အေးအေးဆေးဆေးနေဖို့ရာရှိတာ
ဒီတောကို ညစ်နွမ်းအောင်လုပ်နေတာကို ဖုန်းမင်လုံးဝခွင့်မပြုနိုင်ဘူး။
ထင်တဲ့အတိုင်းပဲ ဂူနားရောက်လေအသံတွေပိုကျယ်လေလေပင်~~~
ဂူရှေ့မှာ နေ့ခင်းကြောင်တောင်မီးဖိုရှေ့ထိုင်ပြီးမီးလှုံနေတဲ့ယောကျာ်းနှစ်ယောက် 
ကြားနေရတဲ့အသံတွေကတော့ဂူထဲက ဖြစ်ဟန်တူသည်။
မီးပုံရှေ့က လူနှစ်ယောက်ရှေ့ဖုန်းမင်သွားရပ်တော့
ကြည့်လာပုံတွေကထောင့်မကျိုး ခပ်စူးစူးတွေ
အနီးတစ်ဝိုက်ရွာတွေကလည်း ဟုတ်ပုံမရတာမို့
ခရီးသွားတွေဖြစ်လောက်သည်။
ထိုလူနှစ်ယောက်ကဘာမှမကြားရတဲ့အတိုင်းအေးအေးဆေးဆေးပင်
ကြည့်ရတာ ဒီလူတွေက စကားပြောလို့အဆင်ပြေမယ့်ပုံမပေါ်ဘူး
ရွှေမြို့တော်ကအကောင်ကြီးကြီးရဲ့သားတွေဟန်မို့
ငါ မပတ်သတ်တာကောင်းမည်။
အတွေးဆုံးဆုံးချင်းလှည့်ထွက်ပေမယ့် သူ့ရှေ့မှာခုနမီးလှုံနေတဲ့နှစ်ယောက်ထဲကတစ်ယောက်ကရောက်နေပြီ။
သိုင်းပညာမြင့်သား...
နောက် ပြန်လှည့်ကြည့်တော့ ကျန်တစ်ယောက်ကလက်ပိုက်ပြီးပြုံးကြည့်နေ၏။
အာရုံတော့နောက်ပေဦးမယ်
သူတို့ဘက်ကဘာမှမပြောဘဲ ဖုန်းမင်ကိုတစ်ပတ်ပြီးတစ်ပတ်ပတ်ကြည့်နေကြသည်။
ဖုန်းမင်ဘက်ကလည်း စကားစပြောဖို့စိတ်ကူးမရှိ
ပေမယ့် သူတို့ကိုကြည့်ရင်းခေါင်းမူးလာရသည်။
"တော်တော့ ခေါင်းနောက်လာပြီ"လေသံခပ်အေးအေးနဲ့ပြောတာပေမယ့် အလိုမကျမှုတွေပါသည်။
ခေါင်းတကယ်နောက်လာတာ
ဖုန်းမင်နားထင်ကိုလက်နဲ့ဖိ မျက်လုံးမှိတ်ထားတဲ့ဟန်ကို နှစ်ယောက်လုံးက သေချာကြည့်နေကြသည်။
သစ်ရွက်တွေကြားက နေကွက်ကြားက ဖုန်းမင်နဲ့တည့်တည့်
ရှည်ရှည်သွယ်သွယ်လက်ကလေးတွေ ကဖြူဖွေးနေပြီးနားထင်ကိုဖိ မျက်လုံးမှိတ် မျက်မှောင်ကျုံ့ထားတဲ့ဟန်က ဆွဲဆောင်မှုရှိနေသလို 
လေအဝေ့မှာ အဖြူရောင်အကျီကလွင့်နေသေး
"မိန်းကလေးများလား"
"သေချာပါတယ်။မိန်းကလေးပါ။ နှမလေး အစ်ကိုတို့ကခရီးသွားတွေပါ။"
"အစ်ကိုတို့ကြောင့်ခေါင်းနောက်သွားတာလား 
ဘယ်လိုလုပ်မလဲ ရေသောက်မလား အလှလေး"
ခုနလုံးဝအတည်သမားတွေက အခုအပြုံးချိုချိုကိုဖောဖောသီသီပေးကမ်းပြီး ရက်ရက်ရောရောကိုပျူငှါနေကြသည်။
သူတို့ပြောတာတွေကြားတော့ ဖုန်းမင်ခေါင်းနောက်
ရုံတင်မဟုတ်ဘူး ခေါင်းပါကိုက်ခဲလာ၏။
"ဒီလောက်ခန့်ညားပြီးအရပ်ရှည်တဲ့မိန်းမမျိုးတွေ့ဖူးလား"
ဖုန်းမင်လေသံပျော့ပျောင်းလွန်းတာက မိန်းမသားများထက်သာသည်။
သူ့ပင်ကိုယ်အသံကိုက စောင်းသံလိုငြိမ့်ငြောင်းပြီးကြည်လင်နေတာ...
အခု ခေါင်းနောက်နေတော့ပိုဆိုးတာပေါ့ 
အားနွဲ့တဲ့မိန်းမသားများမူပိုသလိုဖြစ်နေတော့တာ
"အသံလေးက ထိတယ်ကွာ ထျန်ရှင်းရေ ငါတို့ လီချန်းကိုပြန်ကြွားလို့ရပြီ"
"သေချာတာပေါ့။ ငါတို့တွေ့တဲ့အလှလေးက သူ့ဟာမထက်အများကြီးသာတယ်"
နှစ်ယောက်လုံး ဖုန်းမင်ကိုလှောင်ပြောင်နေတာ
တွေကဆိုးလာနေတာမို့ ပါးစပ်ပိတ်အောင်လုပ်မှဖြစ်တော့မည်...
ဓားကလည်းပန်းချီဆွဲတဲ့ဘေးမှာကျန်ခဲ့တော့ ခါးကြားကပုလွေပဲထုတ်လိုက်တယ်။
ပုလွေထုတ်တာမြင်တော့ကြာကူလီနှစ်ကောင်က 
ဟာ ငါတို့ကိုဖျော်ဖြေတော့မယ်လုပ်နေသေး
အေး ငါ တကယ်ဖျော်ဖြေပြမယ် ^__^ 
ဖုန်းမင်မျက်နှာကအပြုံးကလှလွန်းပေမယ့်နည်းနည်းအန္တရယ်အငွေ့အသက်ခံစားရတော့ ထျန်ရှင်းနဲ့ကျောက်လျင်  ဓားကိုထုတ်မလိုဖြစ်ပြီးမှပုလွေသံထွက်လာတော့ ပြန်ထည့်ထားလိုက်ကြတယ်။
ဖုန်းမင်နှုတ်နဲ့ စပ်လျဉ်းတာမို့လားပဲမသိ သာယာတဲ့ပုလွေသံပဲထွက်လာသည်။
ဒါပေမယ့် နားထောင်ရင်း နားထောင်ရင်း ကျောထဲစိမ့်စိမ့်လာရသည်။
ပုလွေသံတစ်လျှောက်ကိုနှစ်ယောက်သားမျောနေကြရာက ရုတ်တရက်အသံရပ်သွားမှပဲ အသိဝင်လာတော့သည်။
ဟင် 
"မြွေ တွေ" 
အပိုင်းပိုင်းပြတ်နေတဲ့မြွေအထွေးလိုက် 
ဘေးမှာတော့ ဓားကိုင်လျက်သားနဲ့ လီချန်းရပ်နေသည်။
ဘာတွေဖြစ်သွားလဲ  ထျန်ရှင်းနဲ့ ကျောက်လျင် တွေးဆနေတုန်း ဖုန်းမင်က မျက်နှာသေနဲ့ လီချန်းကလည်း သရော်ပြုံးနဲ့အချင်းချင်းကြည့်နေကြလျက်
"ဘာတွေဖြစ်သွားတာလဲ။ မဟုတ်မှ အဲ့ဒါ 
ဂီတနဲ့စိတ်ညို့ပြီးလူသတ်တဲ့ပညာမဟုတ်လား။"
ထျန်ရှင်းပြောလိုက်မှ ကျောက်လျင်ပါအတွေးပေါက်သွားရသည်။
"ငါသာမပါရင်မင်းတို့တွေသေနေလောက်ပြီ။ဘယ်လောက်တောင်ငမ်းကြောထနေတာလဲ... သူက အထီးကြီးကွ" 
ဖုန်းမင်နဲ့၁ပေအကွာကနေတစ်ပတ်ပတ်ကြည့်ရင်း 
လီချန်းလှောင်ပြောတာကို ထျန်ရှင်းတို့ကအပြုံးနဲ့ခွန်းတုံ့ပြန်သည်။
"ယောက်ျားလည်းဘာဖြစ်လဲ။ဒီလောက်တောင်လှတာ ကို။"
"ကျောက်လျင်ပြောတာ ငါထောက်ခံတယ်။အစကတော့ရုပ်လေးပဲသဘောကျတာ အခုတော့ အစစအရာရာကိုသဘောကျသွားပြီ"
ငါ့ကိုအရုပ်များမှတ်နေလား ငါ့ရှေ့မှာ ငါ့ကိုလိုချင်ကြောင်းပြောနေကြတယ် သေမလို့လား
လီချန်းကလည်းပြုံးနေသည်။
အနောက်ကနေပတ်ပြီးဖုန်းမင်မျက်နှာရှေ့ရောက်တော့ရပ်ကာ စိုက်ကြည့်နေပြန်သည်။
"အရပ်အမောင်းလည်းကောင်းတယ်။
ရုပ်ရည်ကလည်း အပြစ်ပြောစရာကိုမရှိဘူး။"
လီချန်းကစကားစကိုရပ်ရင်း ဖုန်းမင်ကိုခါးကနေ
လက်တဖက်နဲ့ဆွဲယူလိုက်တာမို့ ဖုန်းမင်ခမျာ ထင်မထားတော့ လီချန်းရင်ခွင်ထဲစွေ့ခနဲဝင်သွားရတဲ့အဖြစ်
လီချန်းကစိတ်ပျက်စရာကောင်းအောင်ဖုန်းမင်ထက်အရပ်ပိုရှည်နေသေးတယ်။
ဖုန်းမင်ချက်ချင်းပြန်တွန်းလွှတ်တော့ လီချန်းနည်းနည်းရွေ့သွားတယ်ဆိုပေမယ့် ဖုန်းမင်
ကတော့ မောသွားရတဲ့အထိ...
ဘယ်လိုအရှက်မရှိတာလဲ ဒေါသထွက်လိုက်တာ
"အခုလိုရှက်သွားပြန်တော့လည်းချစ်ဖို့ကောင်းတယ်။
ကိုယ်ခံအားလည်းကောင်းမယ့်ပုံ ဆိုတော့ "
နောက်တဖန် ဖုန်းမင်အနားတိုးလာပြီးလက်ကိုလာဆွဲ၏။
"မင်း ငါနဲ့လိုက်ခဲ့ရမယ်"
လက်ကိုရုန်းနေပေမယ့်သူ့ထက်ပိန်တဲ့ကောင်က
အားဒီလောက်သန်မယ်မထင်ထားဘူး
နောက်လက်တဖက်နဲ့ ထိုးမယ်လုပ်တော့ လက်နှစ်ဖက်လုံးဆွဲလုထားခံလိုက်ရသည်။
"အလှလေးရုန်းမနေနဲ့ လီချန်းက ငါတို့ထဲမှာ သိုင်းပညာအမြင့်ဆုံးပဲ။"
ထျန်ရှင်း ရဲ့ခပ်ပြုံးပြုံးအပြောကို
ဖုန်းမင်တော့သဘောမကျ  
သူ့ရဲ့သိုင်းပညာလည်းမြင့်တာပဲလေ ဒါပေမယ့်အခုလက်လေးတောင်လွတ်အောင်မရုန်းနိုင်ဘူးတဲ့.....
ကိုယ်ခံအားအရဆိုရင်တော့သူညံ့ ရင်ညံ့ လိမ့်မယ် ဒါပေမယ့်....
ဖုန်းမင်ရဲ့လီချန်းကိုကြည့်နေတဲ့အကြည့်ကရန်လိုလာတာမို့ ကျောက်လျင်နဲ့ထျန်ရှင်းဝင်ဆွဲရတော့တယ်။
"လီချန်း  လွှတ်ပေးလိုက်တော့ကွာ  မင်းဟာမထွက်လာဦးမယ်"
ဂူထဲကခုနဖြစ်နေကြတာ သူ့ရှေ့ကလီချန်းဆိုတဲ့ကောင်ပေါ့ ဟုတ်လား
တနာရူးချက်ကကမ်းကုန်ပဲ 
လီချန်းကိုကြည့်တဲ့ဖုန်းမင်အကြည့်တွေကရန်လိုပုံကနေရွံရှာသလိုပြောင်းသွားတာတွေ့ရတော့  လီချန်းအံကြိတ်လိုက်မိသည်။
လက်ကိုလွှတ်ပေးလိုက်ပြီး
"သွားတော့  မင်း ငါ့ရှေ့ကိုနောက်မပေါ်လာစေနဲ့"
ပေါ်လာခဲ့ရင် ငါမင်းကိုခေါ်သွားမိလိမ့်မယ်... ဆိုတဲ့စကားကိုတော့ဆက်မပြောဖြစ်လိုက်တော့
ချက်ချင်းကိုမျက်နှာလွှဲသွားတဲ့လီချန်းကိုဖုန်းမင်အံသြမိပေမယ့်  ဘာမှပြောမနေချင်တော့ 
လာရင်းကိစ္စလည်းမပြောဖြစ်တော့ဘူးဆိုတော့ 
"သူ့သိုင်းပညာကအတော်လှတယ်။ခုန်လိုက်တာများလိပ်ပြာလေးအတိုင်းပဲ။"
လှတယ် ဟုတ်တယ် လူတင်မကဘူးသိုင်းပညာကပါလှတယ်
"အေးကွာ လီချန်း မင်းနှမြောလည်းနှမြောသင့်ပါတယ်"
သွားခိုင်းပြီးမှ လည်လိမ်ပြီးကြည့်နေတဲ့ လီချန်းကိုကျောက်လျင်ကခနဲ့သည်။
"ရှိစေတော့ နောက်တစ်ခါဆိုငါသူ့ကိုမယ်တော့်ဆီခေါ်သွားမှာ။"
"ခေါ်သွားမှာ?မဟုတ်မှ မင်း...!"
အံသြတကြီးဖြစ်နေတဲ့ ကျောက်လျင်နဲ့ထျန်ရှင်းကိုလီချန်းက ကောက်ကျစ်တဲ့အပြုံးကိုပြသည်။
လီချန်း:"လာရွာထဲဝင်မယ်"
ကျောက်လျင် /ထျန်ရှင်း:"ဟမ် အထဲက မင်းဟာမရော"
လီချန်း:"ထားခဲ့လိုက်:"
ကျောက်လျင်/ထျန်ရှင်း:"............"
-------
---------------
ညာညာ လူးလွန့်လျက်...
သိုင်းပညာမြင့်သား...
ခေါင်းတကယ်နောက်လာတာ
"မိန်းကလေးများလား"
ဟင် 
"မြွေ တွေ" 
"ဘာတွေဖြစ်သွားတာလဲ။ မဟုတ်မှ အဲ့ဒါ 
ကတော့ မောသွားရတဲ့အထိ...
ဖုန်းမင်တော့သဘောမကျ  
လီချန်း:"ထားခဲ့လိုက်:"
ကျောက်လျင်/ထျန်ရှင်း:"............"
rate now:
3 Reviews
  • reader Thiri 22.01.2020, 17:55 5
    :P
    reply
  • reader Essence_Flame 12.12.2019, 06:31 4.9
    🥰
    reply
  • reader Kaung Wai Yan 11.12.2019, 16:57 4.9
    🥰
    reply